၁၈ ဩဂုတ် ၂၀၂၃
ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့်သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည့် “ဘာမှ မမျှော် လင့်ပါနဲ့ (Don’t expect anything!)” အမည်ရှိ ဇာတ်လမ်းကိုဦးဆောင်ဖန်တီးခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသား (၁)ဦးနှင့် သရုပ်ဆောင်(၁၃)ဦးတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်က ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်ကြတဲ့ Isi Dhamma Youtube Channel နှင့် Tiktok တို့တွင် အဆိုပါ ဇာတ်လမ်းစတင်ပျံ့နှံ့ခဲ့တဲ့အတွက် ဝေဖန်မှုများစွာရှိခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ထိုဇာတ်လမ်းတွင်ပါဝင်ခဲ့သူတွေကို သက်ဆိုင်ရာက စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂုတ်လ ၈ ရက်တွင် ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နှင့် သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း(ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန် စသည့် တရားခံ ၁၄ ဦးတို့အား ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်များအရ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer သည် “ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)”ဇာတ်လမ်းအား ၎င်းကိုယ်တိုင် ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်များ၏ သိက္ခာ၊ ကိုယ်ကျင့်တရားများအား ထိခိုက်ကျဆင်းစေသည့် စကားလုံးအသုံးအနှုန်း များဖြင့်ဇာတ်ညွှန်းရေးသား၍ ကိုယ်တိုင် ရိုက်ကူးတည်းဖြတ်ကာ ဇူလိုင်လ ၂၄ ရက်တွင် isi Dhamma Youtube Channel မှတစ်ဆင့် လွှင့်တင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဇာတ်လမ်းတွင်ပါဝင်သရုပ်ဆောင်သူများ၏ သရုပ်ဆောင်ချက်၊ ပြောကြားချက်၊ စကားလုံးအသုံးအနှုန်းများသည် ဒါရိုက်တာဖြစ်သူ Didier Nusbaumer ကိုယ်တိုင်ရေးသားထား သောဇာတ်ညွှန်းများ အတိုင်း ပြောဆိုခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ယင်း ဇာတ်လမ်းတွင် အမျိုးသမီးငယ်တစ်ဦးမှ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများကို ထိခိုက်ညှိုးနွမ်းစေပြီး ရဟန်း သံဃာတော်များ၏ အကျင့်သီလအားပုတ်ခတ်စော်ကားသော အပြောအဆိုနှင့် ရိုင်းပျသည့် စကားလုံး အသုံး အနှုန်းများထည့်သွင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်း၏ အဓိကအခန်းကဏ္ဍတွင် ပါဝင်သရုပ်ဆောင်ခဲ့သူများအနေဖြင့် ၎င်းတို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်များဖြစ်ပါ လျက် ကိုယ်အမူအယာ၊ နှုတ်အမူအယာဖြင့်ရဟန်းသံဃာတော်များ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိခိုက် ကျဆင်းစေသည်အထိ ဆင်ခြင်တုံတရားမဲ့စွာ ပြုမူဆောင်ရွက်ခဲ့ကြသည့်အပြင် ဇာတ်လမ်းကိုကြည့်မြင်ရသည့် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်နှလုံးကိုထိခိုက်စေပြီး ကိုးကွယ်ယုံကြည်မှုနှင့်ဘာသာ၊ သာသနာကို စော်ကားသည့် အပြုအမူ များသက်ရောက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသဖြင့် အဆိုပါဖမ်းဆီးရမိ တရားခံများအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။
-ymg/knl
#Daily_News
Published_ 18 August 2023
၁။ လာမည့်နှစ် ပဲရစ်အိုလံပစ်ပွဲအတွက် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားနေဟုဆို
၂။ မြန်မာ - ကမ္ဘောဒီးယားနှစ်နိုင်ငံချစ်ကြည်ရေးအတွက် ဒေဝနှင့် Prom Somnang တို့ ယှဉ်ပြိုင် ထိုးသတ်မည်
၃။ ဒေသအချို့ မိုးသည်းထန်ဦးမည်ဖြစ်၍ မြစ်ရေကြီးပြီးသားဒေသများ အချိန်မရွေးမြစ်ရေပြန်တက်လာနိုင်ဟု သတိပေး
၄။ အိန္ဒိယစံပယ်ဖူးများကို ကမ္ဘာကျော်ရေမွှေးများထုတ်လုပ်ရေးအတွက် အသုံးပြုလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ဩဂုတ်လ (၁၈)ရက် ကနေ (၂၀) ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပြသမည်
Published_ 18 August 2023
#EVကား #ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာပြပွဲ
#YMG/my
#Yangon_Times
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေဖြစ်တဲ့မွန်၊ကရင်၊ တနင်္သာရီဒေသတွေ၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီစတဲ့ မြစ်၀ကျွန်းပေါ်ဒေသတွေမှာ အခုရက်ပိုင်းအတွင်း မိုးပြန်သည်းထန်ဦးမှာ ဖြစ်ပါတယ်။
Published_ 18 August 2023
#ဒေသအချို့တွင်မိုးထပ်သည်း #မြစ်ရေကြီးနိုင်
#tthl #Yangon_Times
သူ့ရဲ့နောက်ဆုံးပွဲလည်းဖြစ်ပြီး၊ မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံကြား ဆက်ဆံရေးကို မြှင့်တင်နိုင်မယ်လို့မျှော့်လင့်
Published_ 18 August 2023
#မြန်မာ - ကမ္ဘောဒီးယား #Prom Somnang
#YMG/my
#Yangon_Times
နိုင်ငံတကာပြိုင်ပွဲတွေ သွားရောက်ယှဉ်ပြိုင်ပြီး သတ်မှတ်အဆင့်ရရှိရန် ကြိုးစားနေ
Published_ 18 August 2023
#သက်ထားသူဇာ #နိုင်ငံတကာပြိုင်ပွဲ #ပဲရစ်အိုလံပစ်ပွဲ
#YMG/my
#Yangon_Times
#Local_News
Published_ 18 August 2023
တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ရန် အလားအလာများစွာရှိနေကြောင်း ကူမင်းမြို့၌ ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦးက အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဩဂုတ် ၁၇ ရက် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရ ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Na Yunde ၊ အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာကုန်သည်များအသင်း ဥက္ကဋ္ဌတို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပါတယ်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်တကွ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်းများကို ဖေါ်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်လိုအပ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
(၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှစီးပွားရေးဖိုရမ်၏ အလှည့်ကျ သဘာပတိအဖြစ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း က ဆောင်ရွက်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများမှ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းများမှ ဥက္ကဋ္ဌများနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်ရှိ ပြည်နယ်ခွဲများမှ အစိုးရ ကိုယ်စားလှယ်များကလည်း ပါဝင်ဆွေးနွေးကြကြောင်း သိရပါတယ်။
#ygm_mnn #Local_News #တရုတ်နိုင်ငံ #အာဆီယံနိုင်ငံ #ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့ #စီးပွားကူးသန်းဝန်ကြီးဆို #Yangon_Media_Group
Page 1064 of 2165