ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ဒေသမှာ တိုက်ပွဲရှောင် ရက်ရှည်လာတာနဲ့အမျှ စားနပ်ရိက္ခာနဲ အနွေးထည်တွေ ဆက်လက်လိုအပ်နေပြီး ကျေးရွာအချို့မှာလည်း ဒေသခံအချို့ဆက်လက်ပိတ်မိနေတယ်လို့ ပရဟိတအသင်းတွေနဲ့ ဒေသခံတွေ ဆီကသိရပါတယ် ။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဒီဇင်ဘာလ ၁၁ရက်မှ၂၁ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်ရဲ့ (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့ အထက်ပိုနိုင်တယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကရင်ပြည်နယ် ကော့ကရိတ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံသို့ MOU လုပ်သားစေလွှတ်မှု ယာယီရပ်နားထားတာကာ နယ်မြေအခြေနေ ကောင်းမွန်တာနဲ့ ပြန်လည်စေလွှတ်သွားမယ်လို့အလုပ်သမားဝန်ကြီးဌာနထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_ 12 December 2023
ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၏ နောက်ဆက်တွဲဖြည့်စွက်စာချုပ် လက်မှတ်မကြာမီရေးထိုးမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၊ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။
ပြီးခဲ့သည့် NLD အစိုးရလက်ထက်၌ လက်မှတ်ရေးထိုးခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်ကို ပိုမိုကောင်းမွန်ပြီး ရှင်းလင်းပြည့်စုံမှုရှိစေရေးအတွက် ရင်းနှီးတည်ဆောက်သူ CITIC နှင့် ညှိနှိုင်းမှုများ ပြီးပြတ်ခဲ့ပြီဖြစ်ရာ မကြာမီအတွင်းနောက်ဆက်တွဲ ဖြည့်စွက်စာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ချုပ်ဆိုထားသည့် စာချုပ်များတွင်နှစ်ဖက်စလုံး အဓိပ္ပာယ်ကွဲလွဲယူဆ၍ ရနိုင်သော အချက်အချို့ရှိနေသောကြောင့် ပြန်လည်ညှိနှိုင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် စီမံကိန်းအတွင်း အစိုးရအသိအမှတ်ပြုကုမ္ပဏီစု (Government Designated Entity Consortium) တွင် ပါဝင်ရင်းနှီးမြှုပ်နှံလိုကြောင်း စိတ်ဝင်စားမှုအဆိုပြုလွှာ - EOI တင်သွင်းထားသည့် နိုင်ငံသားကုမ္ပဏီများ စိစစ်ရွေးချယ်ခြင်းကို မကြာမီ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ယင်းစီမံကိန်းသည် နိုင်ငံတော်အတွက်သာမက နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသား လူငယ်များအတွက်လည်း အခွင့်အလမ်းများ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ဆက်ပြောသည် ။
ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး - BRI ၏ အစိတ်အပိုင်း ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ပါဝင်သည့် စက်မှုဇုန်၊ လူနေအိမ်ရာ၏ ရေနက်ဆိပ်ကိမ်းစီမံကိန်း သုံးခုတွင် ကနဦး အကောင်အထည်ဖော်မည့် စီမံကိန်းလည်း ဖြစ်ကြောင်းသိရသည်။
ယခင် သဘောတူညီချက်များအရ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ကန်ဒေါ်လာ ၁.၃ ဘီလီယံ အသုံးပြုရန် စီစဉ်ခဲ့ပြီး အစုရှယ်ယာပိုင်ဆိုင်မှုများအဖြစ် တရုတ်အစိုးရပိုင် CITIC အုပ်စုက ၇၀ ရာခိုင်နှုန်းနှင့် မြန်မာအစိုးရမှ စီမံကိန်း၏ ၃၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 12 December 2023
တရုတ်နိုင်ငံ မန်စီမြို့နှင့် ရန်ကုန်၊မန္တလေးတိုက်ရိုက် ပြေးဆွဲသည့် လေကြောင်းလိုင်းကိုယခု ဒီဇင်ဘာလအတွင်း ပြန်လည် ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှသိရသည်။
ယင်းကဲ့သို့ ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်းကို MNAမှ လေယာဉ်ပျံသန်းမှုအချိန်စာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်သည်။
ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင် ရန်ကုန်မှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား 12:30၊ ဆိုက်ရောက် 17: 15 ညနေပိုင်းတရုတ်(မန်စီ) မှရန်ကုန်သို့ အသွား18:15 ဆိုက်ရောက် 20:35 ဖြင့်လေကြောင်းလိုင်းများပြေးဆွဲပေးမည်ဟုဆိုသည်။
ဒီဇင်ဘာ၁၂၊၁၄၊၁၆ရက်များတွင် မန္တလေးမှ တရုတ်(မန်စီ)သို့ မနက်ပိုင်းအသွား14:30၊ ဆိုက်ရောက်17:15နှင့် တရုတ်(မန်စီ)မှ မန္တလေးသို့ ညနေပိုင်း18:15တွင်ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါခရီးစဉ်များကို ဒီဇင်ဘာလ၅ရက်ကတည်းက ပြေးဆွဲနေခြင်းဖြစ်ပြီး ဒီဇင်ဘာလအတွင်း အပတ်စဥ် အင်္ဂါ၊ကြာသပတေး၊စနေ နေ့များတွင်ပြေးဆွဲပေးလျက်ရှိသည်။
မန်စီမြို့ကနေ မန္တလေးမြို့ဆီ ပျံသန်းမည့် လေယာဉ်ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထားကို (၁၅၈၈) ယွမ် သတ်မှတ်ထားပြီး မန်စီ- ရန်ကုန်ခရီးစဉ်အတွက်ကိုတော့ လေယာဉ်လက်မှတ်ခ (၁၂၈၈) ယွမ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်းဇွန်လအတွင်း MNA လေကြောင်းလိုင်း၏ကနဦးထုတ်ပြန်ချက်များ အရသိရသည်။
Yangon-Times/tthl
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


Published 12 December 2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လေးအိမ်ဘူတာကုန်းကျေးရွာ၊ သံလမ်းကွေ့ဇရပ်အနီး၊ မကွေး-နတ်မောက်-ပျော်ဘွယ်ကားလမ်းမကြီးတွင် ယာဉ်တစ်စီးချောက်ထဲထိုးကျမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သတင်းထုတ်ပြန်ချက်အရသိရသည်။
ဒီဇင်ဘာ ၁၂ ရက် နံနက် ၅နာရီ ၂၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး အဆိုပါ ယာဉ် ချောက်ထဲ ထိုးကျမှု ကြောင့် လူညပ်နေကြောင်း သတင်းရရှိသဖြင့် နတ်မောက်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်များအသင်းမှ ယာဉ်ဖြင့် နတ်မောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 12 December 2023
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၊ ချစ်ကြည်ရေးအမှတ်(၁)တံတားအနီးတွင် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနှင့် မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်းထိုင်းသတင်းဌာန များ၏ ဖေါ်ပြချက် အရသိရသည်။
ဒီဇင်ဘာလ ၁၁ ရက် မနက် ၈ နာရီအချိန်ခန့်က ထိုင်း-မြန်မာ နယ်စပ်၊ သောင်ရင်းမြစ်ကမ်းနားတွင် ဆေးခြောက် ၂၀ ကီလိုဂရမ်ကို မဲဆောက်ဘက် သို့ သယ်ယူလာသည့် မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်တပ်ကစစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသည့် မြန်မာအမျိုးသားသည် အသက် ၄၂ နှစ်အရွယ်ရှိပြီ ဖြစ်ပြီး မြဝတီမြို့မှာ နေထိုင်တဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။
အဆိုပါ ဖမ်းဆီးရမိသူကို ထိုင်းစစ်တပ်က ဥပဒေအရ အရေးယူဆောင်ရွက်ဖို့အတွက် မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 967 of 2280