#Local_News
Published_ 18 May 2023
မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုရန်ကုန်မြို့ရှိ လူမှုကူညီရေးအဖွဲတွေထံ ပေးပို့လှူဒါန်းထားနိုင်တယ်လို့ ရန်ကုန်မြိုရှိ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Local_News #ရခိုင်ဒေသ #မုန်တိုင်းဘေးသင့်ပြည်သူများ #လိုအပ်သောပစ္စည်းများ #ရန်ကုန်မြို့ #လူမှုကူညီရေးအဖွဲ့
#YMG #Yangon_Media_Group
#Daily_News
Published_ 18 May 2023
၁။ ရခိုင်ဒေသရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် လိုအပ်သောပစ္စည်းများကို ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့ အချို့ထံပေးပို့ လှူဒါန်းထားနိုင်
၂။ မိုးတိမ်တောင်များကြောင့် စစ်ကိုင်း၊မကွေး၊ပဲခူး၊ချင်းဒေသတို့တွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်
၃။ တိုင်းရင်းသား ဂီတဖန်တီးမှုများ နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေဟုဆို
၄။ ကီဘာယာဝတ်စုံကို ဒေသတွင်းယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုရန် အရှေ့တောင်အာရှနိုင်ငံအချို့ ကြိုးပမ်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 18 May 2023
သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၄) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ကွမ်းလုံမြို့၏ အနောက်တောင်ဘက် (၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၅၉)ဒီဂရီ၊ အနက် (၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းမိုးဇလကထုတ်ပြန်ထားပါတယ်။
#Local_News #ကွမ်းလုံမြို့ #ငလျင်လှုပ်ခတ်
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
ဟောင်ကောင်တွင်ကျင်းပမည့်အာဆီယံရုပ်ရှင်ပွဲတော်Asean Film Festival၌ပါဝင်ရန် မြန်မာရုပ်ရှင်ဖန်တီးထုတ်လုပ်သူများကိုဖိတ်ခေါ်ထားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှသိရသည်၊၊
ယင်းပွဲတော်ကို ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသ၌၂၀၂၃ဇွန်လမှသြဂုတ်လအတွင်း တစ်လကြာ ကျင်းပမည်ဖြစ်သည်၊၊
အဆိုပါအစီအစဉ်တွင် မြန်မာနိုင်ငံမှရုပ်ရှင်ဇာတ်ကားများ၊ဇာတ်လမ်းတိုရုပ်ရှင်များ ပါဝင်ပြသခြင်းဖြင့် တရုတ်-ဟောင်ကောင်နှင့်အာဆီယံဒေသအကြား မျှဝေခံစားခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းတို့ကို တိုးမြှင့်နိုင်မည်ဖြစ်သကဲ့သို့ မြန်မာရုပ်ရှင်ဖန်တီးသူများ အတွက်လည်း ဈေးကွက်ချိတ်ဆက်ထိုးဖောက်ရန် အလွန်ကောင်းမွန်သောအခွင့်အလမ်းဖြစ်ကြောင်း သိရသည်၊၊
ဟောင်ကောင် အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံဒေသတွင်းနိုင်ငံများမှ ဖန်တီးထားသည့် အကြောင်းအရာအမျိုးမျိုး ရုပ်ရှင်ဇာတ်ကားများပြသခြင်း၊ထင်ရှားသူများပါဝင်သည့် ရုပ်ရှင်စကားဝိုင်းများ၊ ရုပ်ရှင်ပွဲဦးထွက်ပြသခြင်းများ၊VIP Screening များပါဝင်ကျင်းပသွားမည်ဖြစ်သည်၊၊
ဟောင်ကောင်တွင်ကျင်းပမည့် Asean Film Festival သို့ပါဝင်ဆင်နွဲရန်စိတ်ဝင်စားသည့် မြန်မာရုပ်ရှင်ဖန်တီးထုတ်လုပ်သူများသည် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊နိုင်ငံတကာဆက်ဆံရေးကော်မတီသို့ ဇွန်လ(၁၀)ရက်နောက်ဆုံးထားပြီး စာရင်းပေးဆက်သွယ်ကြရန်အသိပေးကြေညာထားကြောင်း သိရသည်၊၊
ymg/tthl
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
မေလ(၁၈)ရက်မှစပြီးရန်ကုန် - စစ်တွေ - ရန်ကုန် ပုံမှန်လေကြောင်းခရီးစဉ်ကို မြန်မာအမျိုးသားလေ ကြောင်းနှင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းတို့မှ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်၊၊
ရခိုင်ပြည်နယ်အတွင်းရှိ သံတွဲ၊ ကျောက်ဖြူ၊ အမ်း လေဆိပ်များသို့လည်း လေကြောင်းလိုင်းများက ပုံမှန်ခရီးစဉ်များ ပြေးဆွဲပေးလျက်ရှိသည်ဟုဆိုသည်၊၊
မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်သို့ ကူညီကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့နိုင်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူချောမွေ့စေရေးအတွက် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့သည့် စစ်တွေလေဆိပ်ကို မေ ၁၅ ရက်တွင် ဌာနအကြီးအကဲနှင့်အတူ တာဝန်ရှိသူများ စေလွှတ်၍ လိုအပ်သည်များ အမြန်ဆုံး ပြန်လည်ပြင်ဆင်စေခဲ့ပြီး မေလ(၁၈)ရက်တွင် ပုံမှန်ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်၊၊
ymg/tthl
#Local_News #ရခိုင်ပြည်နယ် #လေကြောင်းခရီးစဉ် #ပုံမှန်ပြေးဆွဲလျက်ရှိ
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
လူမရှိတဲ့အိမ်ထဲ သံတိုသံစဝင်ကောက်တဲ့ အမျိုးသား ၁ဦး ဓာတ်လိုက်သေဆုံးမှု မန္တလေးမှာ ဖြစ်ပွားခဲ့တယ်လို့ လောကပါလလူမှုကူညီအသင်းက ပြောပါသည်။
မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၃ လမ်း၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြားက၊ လူနေထိုင်ခြင်းမရှိတဲ့ အိမ်တစ်အိမ်ထဲမှာ မေလ ၁၇ရက်နေ့က ဖြစ်ပွါးခဲ့သည်။
လူမရှိသောနေအိမ်တစ်အိမ်အတွင်းတွင် လူတစ်ဦးသေဆုံးနေကြောင်း အကြောင်းကြားလာသဖြင့် လောကပါလအသင်းမှ သွားရောက်ခဲ့ရာ သေဆုံးသူမှာ သံတိုသံစဝင်ကောက်ရာမှ ဓာတ်လိုက်သေဆုံးခြင်းဖြစ်ပြီး အိမ်ပိုင်ရှင်မှ အမှုမဖွင့်တော့သဖြင့် ၎င်းအား နေအိမ်သို့ ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါသည်။
ymg/ppk
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံး မေလကုန်တွင် လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး လုပ်ဆောင်နေကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
ယခုအခါ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် လျှပ်စစ်ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်ရန်ကျွမ်းကျင်ဝန်ထမ်း တစ်ထောင် ကျော် စေလွှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့၌ ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ပေးနေသည့် ပျက်စီးသွားသော၂၃၀ ကေဗွီ အမ်း-မြောက်ဦး- ပုဏ္ဏားကျွန်း မဟာဓာတ်အားလိုင်းတာဝါတိုင် (၁၂) တိုင် အပါအဝင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်း ပျက်စီးမှုများအတွက် ပြုပြင်နေကြပြီ ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို ကျွမ်းကျင် ဝန်ထမ်းအင်အား ၄၂၀ က စစ်တွေ ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ် အသီးသီးဖြန့်ခွဲ၍လည်းကောင်း၊ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ မကွေး ၊ ဧရာဝတီ တိုင်းဒေသကြီးများမှ စုဖွဲ့ထားသော ကျွမ်းကျင်ဝန်ထမ်း အင်အား ၆၀၀ ဖြင့် စစ်တွေမြို့အတွင်း ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းများကို လည်းကောင်း အသီးသီး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြင်ဆင်ခြင်း လုပ်ငန်းများကို အချိန်မီ ပြုပြင် ပြင်ဆင်ရာတွင် လိုအပ်သော ထရန် စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် တန်ချိန် (၆၉) တန်ရှိ တာဝါ သံဘောင်များ ၊ ကွန်ကရစ်တာဝါတိုင် (၃၅၀၀) တိုင် နှင့် အိမ်မိုးသွပ် (၁၅၀၀) ချပ် ၊ မီးစက်များ ၊ စက်သုံးဆီများ အား တပ်မတော်ရေယာဉ်များဖြင့် လည်းကောင်း ၊ မင်းပြားဒေသရှိ ကွန်ကရစ်တိုင် (၂၀၀၀)ကို စစ်တွေဒေသသို့ မော်တော်ယာဉ်များဖြင့် လည်းကောင်း ၊ အခြားဆက်စပ် အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ ၊ ကြိုးများ ၊ ကြွေသီးများ ၊လိုင်းဆွဲသားရာတွင် အသုံးပြုသည့် ယန္တရားများကို မော်တော်ယာဉ် (၁၂)စီးဖြင့် လည်းကောင်း အသီးသီးပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
၎င်းအပြင် ကျန်ရှိသော ပစ္စည်းများကိုလည်း မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက သိရသည်။
ymg/pl
#Local_News #မိုခါမုန်တိုင်း #ရခိုင်ပြည်နယ်မြောက်ပိုင်း #လျှပ်စစ်ဓာတ်အား
#YMG #Yangon_Media_Group
Page 949 of 1899