#Local_News
Published 12 April 2024
အဆိုတော်အောင်လနှင့် အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ ပြောထားသည့် အသံဖိုင်လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့၍ အသံဖိုင်ပါ အောင်လပြောထားသည့်စကားများအရနစ်နာခဲ့ရသည့် အေးသောင်း(ခေါ်)အေးဝတ်ရည်သောင်းအပါအဝင် ထိခိုက်နစ်နာခဲ့သူများကို အဆိုတော်အောင်လမှ နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့်ပြန်လည်တောင်းပန်ခဲ့ကြောင်းသိရသည်။
အသံဖိုင်ကြောင့် မရည်ရွယ်ဘဲ အေးသောင်းအပါ အဝင် ထိခိုက်နစ်နာစေခဲ့သူများကို လေးစားစွာ အနူးအညွတ်တောင်းပန်ကြောင်း၊
အဆိုပါ ကာယကံရှင်နှင့် ပတ်သက်၍ ပြန့်နှံ့နေသော အသံဖိုင်အတွင်း၌ဖော်ပြထားသကဲ့သို့ အဆက်အသွယ်မရှိခဲ့သည့်အပြင် လူမှုရေး၊ စီးပွားရေးအဆက်အသွယ်မရှိသည်မှာလည်း ယနေ့တိုင်ဖြစ်ကြောင်း၊
သို့ဖြစ်ပါ၍ကာယကံရှင် မိတ်ဆွေတို့အား ထိခိုက်နစ်နာစေခဲ့သည့်အတွက် ကျွန်တော့်အား ခွင့်လွှတ် ပေးပါရန် အနူးအညွတ်တောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။
လူမှုကွန်ရက်ပေါ်ပြန့်နှံ့ခဲ့သည် အောင်လပြောထားသည့်အသံဖိုင်တွင် သရုပ်ဆောင်အေးသောင်း(ခေါ်) အေးဝတ်ရည်သောင်း၊နန်းဆုဦး၊နန်းမွေ့စံ၊သင်ဇာဝင့်ကျော်စသည့်နာမည်များပါပါဝင်နေပြီး သရုပ်ဆောင်အေးသောင်း(ခေါ်) အေးဝတ်ရည်သောင်း၊နန်းဆုဦးကတော့ အောင်လပြောသော အကြောင်းအရာများမမှန်ကန်ကြောင်းနှင့်တရားဝင်မတောင်းပန်ပါက တရားဥပဒေအရ ဆောင်ရွက်ရန်ရှိကြောင်း ၎င်းတို့၏ လူမှုကွန်ရက်မှတစ်ဆင့် ရေးထားဖော်ပြခဲ့ရာ ယခုလို အောင်လမှ သတင်းစာမှတစ်ဆင့်ပြန်တောင်းပန်ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #အေးသောင်းအပါအဝင်အသံဖိုင် #အဆိုတော်အောင်လ #နိုင်ငံပိုင်သတင်းစာမှပြန်တောင်းပန် #tthl #Yangon_Times
#Daily_News
Published_ 11 April 2024
၁။ နေတအားပြင်းပါက ခန္ဓာကိုယ်တွင်းသွေးကြောများပြတ်ပြီး အသက်ဆုံးရှုံးနိုင်ဟုဆို
၂။ ငွေတောင်ကမ်းခြေသို့ ခရီးသွားလေးသောင်းခန့်လာရောက်အပန်းဖြေပြီး ရန်ကုန်တိုင်းမှအများဆုံးလာရောက်
၃။ တရုတ်သို့ တရားဝင်လုပ်သားစေလွတ်ရန် သဘောတူညီမှုရရှိပြီး လွှတ်မည့်အခြေနေ အသေးစိတ်ကိုသာဆက်လက်ဆွေးနွေးရမည်ဟုဆို
၄။ အက်ရှင်သရုပ်ဆောင်ပညာရပ်အတွက် ရည်ရွယ်သည့် ကိုယ်ခံပညာစခန်းသွင်းသင်တန်းအားအား ဂျက်ကီချန်းစတန့်အဖွဲ့မှစီစဥ်ဖွင့်လှစ်သွားမည် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ဧရာဝတီတိုင်းဒေသကြီး၊ ငွေတောင်ကမ်းခြေသို့တစ်လတာအတွင်း ခရီးသွားလေးသောင်းခန့်လာရောက်အပန်းဖြေပြီး ရန်ကုန်တိုင်းမှအများဆုံးလာရောက်တယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
#Local_News
Published 11 April 2024
#ငွေတောင်ကမ်းခြေ #ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ
#YMG/NN #Yangon_Times
တရုတ်နိုင်ငံကို တရားဝင်လုပ်သားစေလွှတ်နိုင်ရန်အတွက် နှစ်နိုင်ငံသဘောတူညီမှုရရှိထားပြီး စေလွှတ်ရေးကိစ္စများကိုသာ ဆက်လက်ညှိနှိုင်းမှုတွေ ပြုလုပ်ရတော့မှာဖြစ်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံက သိရပါတယ်။
#Local_News
Published 11 April 2024
#မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု #(MOEAA)
#YMG/LW #Yangon_Times
အပူချိန်(၃၇)ဒီဂရီဆဲဆီးယပ်ကျော်ရင် လူ့ခန္ဓာကိုယ်က သွေးလည်ပတ်မှုမမှန်တော့ဘဲ ခန္ဓာကိုယ်တွင်းရှိသွေးကြောတွေပြတ်နိုင်တယ်။ နေအပြင်းဆုံး နေ့ခင်းနေ့လည်မှာ နေရောင်တိုက်ရိုက်ကြတဲ့နေရာတွေမှာသွားလာနေထိုင်မိရင် ဦးနှောက်သွေးကြောနဲ့ ခန္ဓာကိုယ်တွင်းရှိသွေးကြော တွေပြတ်ဖိုများတဲ့အတွက် နေအိမ်အခန်းတွင်းနဲ့အရိပ်ရနေရာတွေမှာသာနေထိုင်ဖို့လိုတယ်။
(ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာ သန်းစိန်)
#Local_News
Published 11 April 2024
#ခန္ဓာကိုယ်တွင်းသွေးကြောများပြတ် #အသက်ဆုံးရှုံးနိုင်
#tthl #Yangon_Times
#Local_News
Publised 11 April 2024
တရုတ်-မြန်မာပူးပေါင်းပြီး အွန်လိုင်းလောင်းကစားမှုများအပြင် အွန်လိုင်းလိမ်လည်မှုများကိုလည်းပူးတွဲ၍ ဆက်လက်တိုက်ဖျက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
ယင်းကဲ့သို့ တိုက်ဖျက်မည့်အကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဧပြီလ ၁၁ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာနှစ်နိုင်ငံက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပူးတွဲတိုက်ဖျက်ရေးလှုပ်ရှားမှုတွင် အရေးပါတိုးတက်မှုများရရှိခြင်းကို အပြုသဘောဆောင်စွာ သုံးသပ်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှု စသည့် တရားဥပဒေစိုးမိုးရေး လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနှင့် သီးသန့်လှုပ်ရှားမှုကို ဆက်လက်နက်ရှိုင်းစွာဖော်ဆောင်သွား၍ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
#Local_News #တရုတ်-မြန်မာ #အွန်လိုင်းလောင်းကစားမှု #tthl #Yangon_Times
#Local_News
Published_ 11 April 2024
အမျိုးသားပို့ကုန်မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈) ခုကို ထိရောက်စွာ အကောင်အထည်ဖော်ဖို့ အမျိုးသား ပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန-၂ ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါတယ်။
အမျိုးသားပို့ကုန် မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို ဧပြီ (၁၀)ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကဏ္ဍအလိုက် ဖွဲ့စည်းထားတဲ့ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ကျစ်လျစ်စွာ ပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံချက်များအနက် လက်တွေ့လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်းစဉ်များ ရွေးချယ်ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ပြီး အကောင်အထည်ဖော်ဖို့ ဝန်ကြီးက ပြောဆိုပါတယ်။
ထို့ပြင် ဦးစားပေးရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းများက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့် လုပ်ငန်းများဖြစ်ဖို့လည်း လိုအပ်တယ်လို့ ဝန်ကြီးကဆိုပါတယ်။
ဆက်လက်၍ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
ကဏ္ဍအလိုက် ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီများ ပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲ ဆောင်ရွက်ထားမှုများ၊ ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#Local_News #အမျိုးသားပို့ကုန်မဟာဗျူဟာ #ပို့ကုန်မြှင့်တင်ရေးကော်မတီ #Ymg_mnn #Yangon_Media_Group
Page 949 of 2480