#Local_News
Published_ 18 May2023
ငါးပေကျော်နက်သည့် ကွန်ကရစ်ရေလှောင်ကန်ထဲ အမျိုးသားတစ်ဦး အောက်ဆီဂျင်ပြတ်၍ သေဆုံးမှု ယနေ့ (မေလ ၁၇ ရက်) နံနက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင်ဖြစ်ခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ကသိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက်၉နာရီအချိန်က ၂၃ လမ်း၊ ၆၃ လမ်းနဲ့ ၆၄ လမ်းကြား၌ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ကွန်ကရစ်ရေလှောင်ကန်ထဲဆင်းပြီး ဘုတ်ပြားများကို ဆင်းဖြုတ်ချိန် ပန်းရံလုပ်သား၁ဦးအောက်ဆီဂျင်ပြတ်၍သတိလစ်မှုဖြစ်ခဲ့သဖြင့် ဆင်းကယ်ရာတွင် ဆင်းကယ်သူအမျိုးသားမှာလည်း သတိလစ်မှုဖြစ်ခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်းသိရသည်။
" ရေကန်က ၅ပေကျော်လောက်ပဲနက်တာ။အဲဒါကို အဖုံးဖွင့်ပြီး ချက်ချင်းဆင်းတော့ ကန်အတွင်းထဲ ပြင်ပအောက်ဆီဂျင်မရသေးတာကြောင့် ဖြစ်ရရတာပါ။ ကန်ထဲဆင်းတဲ့အခါ ပထမ တစ်ယောက်ကသတိလစ်လို့ နောက်တစ်ယောက်ကဆင်းကယ်ရာမှာ နောက်ဆင်းကယ်တဲ့သူက သေတာပါ။ဆေးရုံကို ပို့ပေးခဲ့တယ်။ သတိပြန်မရလာတော့ဘူး"ဟု ယင်းပရဟိတအသင်းမှတာဝန်ရှိသူက ပြောကြားသည်။
ရေကန်ထဲဆင်း၍ ပထမဆုံးမူးလဲသူအမျိုးသားမှာ အောက်ဆီဂျင်ပေးထား၍ အသက်အန္တရာယ်
စိုးရိမ်ရန်မလိုတော့ကြောင်းလည်းသိရသည်။
#ymg/pl
#Local_News #ငါးပေကျော်အနက်ရေကန် #သတိလစ်နေသူ #ဆင်းကယ်သူအမျိုးသား
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
ပြည်တွင်း ဖုန်းအော်ပရေတာများဖြစ်တဲ့ MPTနဲ့အော်ရီဒူးက မုန်တိုင်းသင့်ဒေသရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေအတွက် အခမဲ့ဖုန်းခေါ်ဆိုခွင့်တွေ ပေးအပ်တယ်လို့ ကြေငြာထားပါတယ်။
#Local_News ##MPTနှင်အော်ရီဒူး #ရခိုင်မုန်တိုင်းသင့်ဒေသ #ဖုန်းခေါ်ဆိုခွင့်နဲ့ဒေတာများသုံးစွဲခွင့်ပေးထား
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
ကမ္ဘာ့ရွှေပေါက်စျေးဟာ မေလ ၁၇ရက်နေ့ မနက်ပိုင်းမှာ တစ်အောင်စကို ၁၉၉၁ ဒေါ်လာပေါက်စျေးရှိနေပြီး စျေးအနည်းငယ်ကျဆင်းလာတယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်တွေကပြောပါတယ်။
#Local_News #ပြင်ပရွှေပေါက်စျေး #ကမ္ဘာ့ရွှေစျေး၁၉၉၁ဒေါ်လာ
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် ကြေညာခဲ့တဲ့ရခိုင်(၁၇)မြိုနယ်ကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ကူညီကယ်ဆယ်ရေးအဖွဲဝင် (၄၀၀)ကျော်စေလွှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News #သဘာဝဘေးကျရောက်နေ #ရခိုင်ပြည်နယ် #ကူညီကယ်ဆယ်ရေးအဖွဲ့
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ဒေသတွေအဖြစ် ကြေညာခဲ့တဲ့ရခိုင်(၁၇)မြိုနယ်ကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ကူညီကယ်ဆယ်ရေးအဖွဲဝင် (၄၀၀)ကျော်စေလွှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
#Local_News #သဘာဝဘေးကျရောက်နေ #ရခိုင်ပြည်နယ် #ကူညီကယ်ဆယ်ရေးအဖွဲ့
#YMG #Yangon_Media_Group
#Local_News
Published_ 17 May 2023
အခုရက်ပိုင်းအတွင်း အနောက်တောင်မုတ်သုန်လေဟာ မြန်မာနိုင်ငံတောင်ပိုင်းဒေသကနေစတင်ဝင်ရောက်တော့မှာဖြစ်လို့ တောင်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းတွေကျ ရောက်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Local_News #မုတ်သုန်လေ #မွန်၊ကရင်၊တနင်္သာရီ #မိုးသက်လေပြင်းကျရောက်နိုင်
#YMG #Yangon_Media_Group
#Daily_News
Published_ 17 May 2023
၁။ မုတ်သုန်လေ ရက်ပိုင်းအတွင်း ဝင်ရောက်တော့မည်ဖြစ်၍ မွန်၊ကရင်၊တနင်္သာရီ စသည့်တောင်ပိုင်းဒေသများ၌ မိုးသက်လေပြင်းကျရောက်နိုင်
၂။ သဘာဝဘေးကျရောက်နေသည့် ရခိုင်ပြည်နယ်ကို ကူညီကယ်ဆယ်ရေးအဖွဲ့ဝင် (၄၀၀)ကျော်စေလွှတ်ထားပြီဖြစ်
၃။ပြင်ပရွှေပေါက်စျေး သိန်း၃၀ကျော်ရှိနေပြီး ကမ္ဘာ့ရွှေစျေး ၁၉၉၁ ဒေါ်လာ ပေါက်စျေးရှိနေ
၄။ တရုတ်ကျေးရွာတစ်ခုတွင် ပန်းသီးများကို အွန်လိုင်းမှတိုက်ရိုက်ထုတ်လွှင့် ရောင်းချကာ စီးပွားဖြစ်ထွန်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Page 950 of 1899