နေပြည်တော်၊ မေ ၂၈- အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မကြာမီရက်ပိုင်း အတွင်း အိန္ဒိယ နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (မေလ ၂၈ ရက်) တွင် သတင်းထုတ်ပြန်ကြေညာသည်။
ယခုသွားရောက်မည့် တရားဝင်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အိန္ဒိယနိုင်ငံသမ္မတနှင့် တွေ့ဆုံ မည့်အပြင်၊ ဝန်ကြီးချုပ် မိုဒီနှင့်လည်း တွေ့ဆုံ၍ နှစ်နိုင်ငံ အဆင့်မြင့်ဆွေးနွေးပွဲများကို ကျင်းပ သွားမည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အကြီးအကဲများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ထိပ်ပိုင်းခေါင်းဆောင်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲများတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ ကဏ္ဍများအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဖြစ်သည်။
ယခုခရီးစဉ်သည် အိမ်နီးချင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထို့ပြင် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ပြယုဂ်များဖြစ်သည့် အထင်ကရ အခြေခံအဆောက်အဦ စီမံကိန်း များကိုလည်း နိုင်ငံတော်သမ္မတက သွားရောက်လေ့လာမည်ဖြစ်ရာ နှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းသစ်များ ပေါ်ထွက်လာရန် မျှော်လင့်ရသည်။
အဆိုပါ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများနှင့် အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-END-
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဖူးမျှော်နိုင်ဖို ပြေးဆွဲပေးနေတဲ့ ကေဘယ်လ်ကားများကို လာမယ့် သီတင်းကျွတ်မတိုင်မီ ပြန်လည်ပြေးဆွဲပေးမယ်လို့ ကျိုက်ထီးရိုးကေဘယ်လ်ကားကုမ္ပဏီကသိရပါတယ်။
#Local_News
Published 28 May 2026
#ကျိုက်ထီးရိုး #ကေဘယ်လ်ကား
#YMG/NN #Yangon_Times
ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်မှာ အမှတ် (၉) အဆန်/အမှတ် (၁၀) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများကို ဇွန်လ၁ရက်မှစတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲပေးမှာဖြစ်တယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 28 May 2026
#DEMU #ရထား
#YMG/SW #Yangon_Times
အခုမိုးစပါးရာသီမှာ စိုက်ပျိုးကြမယ့်Rice Export Zone မှ တောင်သူတွေ ကို စိုက်ပျိုးစရိတ်နဲ့သွင်းအားစုတွေ ရာသီချိန်အမီပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေသိရပါတယ်။
#Local_News
Published 28 May 2026
#Rice_Export_Zone
#YMG/NN #Yangon_Times
အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းသို့ဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာ အသိပေးလာပါတယ်။
#Local_News
Published 28 May 2026
#အနောက်တောင်မုတ်သုံလေ
#YMG/NN #Yangon_Times
#Daily_News
Published 28 May 2026
၁။ Rice Export Zone မှ တောင်သူများကို စိုက်ပျိုးစရိတ်နှင့်သွင်းအားစုများပေးအပ်မည်
၂။ ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ ထပ်မံတိုးချဲ့ပြေးဆွဲမည်
၃။ ကျိုက်ထီးရိုးဘုရားဖူး ကေဘယ်လ်ကားများသီတင်းကျွတ်မတိုင်မီ ပြန်လည်ပြေးဆွဲပေးမည်
၄။ ပါကစ္စတန်ဝန်ကြီးချုပ်အား ပေကျင်းမြို့၌တရုတ်သမ္မတရှီကျင့်ဖျင်လက်ခံတွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 28 May 2026
■ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့တွင် အမျိုးသမီးငယ်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့သူကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
■ ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နေ မ-------၊(၁၀/၂၀၂၆) နှစ်သည် အိမ်ချင်းကပ်လျက်ရှိသည့် ရွှေနဒီရွှေနှင့် စာရေးကိရိယာအရောင်းဆိုင်မှ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူ ဦးဝင်းလွင်ဦး (ခ) ကိုလေး၊ (၆၁) နှစ်၊ (ဘ) ဦးမြကျော်၊ ပန်းတိမ်ဆရာ၊ အမှတ် (၅) ရပ်ကွက်၊ လယ်ဝေးမြို့နေသူနှင့် ခင်မင်ရင်းနှီးခဲ့ပြီး ဆိုင်သို့မကြာခဏ သွားရောက်ဆော့ကစားလေ့ရှိကြောင်း၊ ၂၀၂၃ ခုနှစ် (ရက်/လ) မမှတ်မိတွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးသည် မှန်ကောင်တာနောက်ရှိ ထိုင်ခုံပေါ်တွင်ထိုင်၍ ၎င်းအား ပေါင်ပေါ်တွင် ထိုင်စေပြီး ပွေ့ဖက်ခြင်း၊ လိင်အင်္ဂါအား ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်နေစဉ် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ၎င်းအား ဖုန်းပေးကိုင်၍ ဂိမ်းဆော့စေခိုင်းထားကြောင်း။
■ နောက်တစ်နေ့တွင် ဦးဝင်းလွင်ဦး (ခ) ကိုလေးက ဆိုင်ပိုင်ရှင်များမရှိသည့် အချိန်တွင် အိမ်အပေါ်ထပ်ရှိ ဘုရားခန်းသို့ ခေါ်ဆောင်၍ ၎င်း၏ ဘောင်းဘီအားချွတ်ပြီး မဖွယ်မရာပြုလုပ်ကာ ဗီဒီယိုရိုက်ကူးခဲ့ကြောင်း၊ ဦးဝင်းလွင်ဦး (ခ) ကိုလေးက အဆိုပါဗီဒီယိုများအား Kolay
#YMG/NN #Yangon_Times
Page 87 of 2478