#Local_News
Published 27 May 2026
■ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများကို မန္တလေးမြို့မှလည်းကောင်း၊ မိမိအရပ်ဒေသသို့ ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်း များ၊ ကျန်းမာရေးသုံးပစ္စည်းများကို နေပြည်တော်မှ လည်းကောင်း မေလ ၂၅ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ကလေးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
■ အဆိုပါ ကလေးမြို့သို့ ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သွပ်၊ သံများနှင့် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။
■ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများကိုသက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက်ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရန်ကျန်ရှိသည့်မြို့များသို့လည်း ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 27 May 2026
■ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံး အနက် ၄ ထပ် လူနေအဆောက်အအုံ ၃ လုံးကို ယနေ့တွင် ယာဉ်၊ ယန္တရားများအသုံးပြု၍ စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံ ၆ လုံးအား ဖြိုချ ဖျက်ဆီးပြီးဖြစ်ရာ ဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံ ၇၁ လုံး ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့အားဆက်လက်၍ စနစ်တကျ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
■ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
■ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသော ရွှေကုက္ကိုလ် နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများကိုစနစ်တကျဖြိုချ ဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း များနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/PP #Yangon_Times
#Local_News
Published 27 May 2026
■ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦး၊ နီပေါလ်နိုင်ငံသားတစ်ဦး နှင့် အင်ဒိုနီးရှားနိုင်ငံသားတစ်ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသားလေးဦး ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ပြည်နှင်နိုင်ရေး စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။
■ အဆိုပါ ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်း ပေးနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို မြဝတီခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
■ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်အထိ မြဝတီမြို့နယ် အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၈၉ ဦး ထိန်းသိမ်းနိုင်ခဲ့ ကြောင်းနှင့် ယင်းနိုင်ငံသားအားလုံးကို စစ်ဆေးပြီးစီးခဲ့ပြီး ၎င်းတို့အနက်မှ ၁၃၅၂၁ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
■ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၁၆၈ ဦးတွင် မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လတ်တလော)ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပ နိုင်ငံသား ၆၆၂ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၅၀၆ ဦးတို့အား သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားရှိကြောင်း သိရသည်။
Yangon_Times/PP
၂၆ မေ၊၂၀၂၆(ရန်ကုန်)- အများပြည်သူအကျိုးပြု CSR ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၃.၈)သန်းကို မတည် ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးနေတယ်လို့ မြန်မာနိုင်ငံမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်စီမံကိန်းများ အကောင် အထည်ဖော်နေတဲ့ CITIC Myanmar က ပြောပါတယ်။
မေ၂၆ ရက်မနက်က ရန်ကုန်မြို့ Wyndham Grand Yangon Hotel တွင်ကျင်းပတဲ့ ၂၀၂၆ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာ မီဒီယာတွေ့ဆုံပွဲတွင် CITIC Myanmar ၏ ဒုတိယ ဥက္ကဋ္ဌ Mr. Piao Bo က ပြောကြားခဲ့တာဖြစ်ပါတယ်။
ထိုအစီအစဉ်များထဲတွင် ကျေးရွာရန်ပုံငွေစီမံကိန်း၊ ကျောက်ဖြူလူငယ် စွမ်းရည် မြှင့်တင်ရေးစီမံကိန်း၊ "ကျောက်ဖြူအနာဂတ်" ရွေ့လျားဆေးခန်းစီမံကိန်း၊ ဒီရေတော စိုက်ပျိုးရေးစီမံကိန်း၊ "Smiling Children" အာဟာရကျွေးမွေးရေးစီမံကိန်း၊ ကမ်းခြေ သန့်ရှင်းရေးစီမံကိန်း၊ "CITIC Star" Scholarship စီမံကိန်း၊ ပြင်းထန်သော သဘာဝ ဘေး အန္တရာယ်နှင့် ကပ်ရောဂါကာကွယ်ရေး လှူဒါန်းခြင်း အပါအဝင် "သေးငယ်လှပသော" လူမှုအကျိုးပြု စီမံကိန်းပေါင်း (၂၅)ခုပါဝင်ပြီး ဒေသခံ တစ်သိန်းကျော်ကို အကျိုးပြုနိုင်ခဲ့ တယ်လို့လည်း Mr. Piao Bo က ဆက်လက် ပြောကြားပါတယ်။
မြန်မာမီဒီယာများ၊ သုတေသနအဖွဲ့များ ၊ တက္ကသိုလ်များ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် စီးပွားရေးလုပ်ငန်းများအကြား မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး နိုင်သည့် ယခုလို ပလက်ဖောင်းတစ်ခုကနေပြီး အကျိုးရှိမည့် အကြံပြုချက်များကို တင်ပြခွင့်ရရှိခဲ့ တယ်လို့လည်းသူကပြောပြီး ဒီလိုဆွေးနွေးပွဲတွေ ထပ်လုပ်ပေးဖို့လည်း မျှော်လင့်တယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံနှင့်တရုတ်နှစ်နိုင်ငံအကြား ရင်းနှီးးမြှပ်နှံမှုနှင့်ကုန်သွယ်မှုနယ်ပယ် အသစ်တွေ ထပ်မံရှာဖွေပြီး တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia က ပြောဆိုထားပါတယ်။
ယခုဆွေးနွေးပွဲတွင် တရုတ်နိုင်ငံအပေါ် မြန်မာပြည်သူများ၏ သဘောထားအမြင်များနှင့်ပတ်သက်၍ ပွင့်လင်းစွာဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ် နေတဲ့ တရုတ်ကုမ္ပဏီအချို့မှ တာဝန်ရှိသူတွေက တက်ရောက်ပြီး ရှင်းလင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
၂၀၂၆- ၂၀၂၇ ပညာသင်နှစ်အတွက်အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်လှုပ်ရှားမှုကို မေလ၂၅ ရက်ကနေ စတင် ဆောင်ရွက်လက်ခံနေပြီဖြစ်ရာ ကျောင်းသား၊ကျောင်းသူတွေလာရောက်အပ်နှံနေကြပြီလို့သိရပါတယ်။
#Local_News
Published 26 May 2026
#ကျောင်းအပ်
#YMG/NN #Yangon_Times
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ကုန်သွယ်မှုလိုငွေမဖြစ်စေရေးအတွက် နိုင်ငံတော်က သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးနဲ့ အဆိုပါထုတ်ကုန်များကို အများဆုံး ထုတ်လုပ်နေတဲ့ MSMEs လုပ်ငန်းများကို အထူးအလေးထား အားပေးမြှင့်တင်ရန် အဓိကထားဆောင်ရွက်နေတယ်လို့အစိုးရ - ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဦးထွန်းအုံက ပြောပါတယ်။
#Local_News
Published 26 May 2026
#MSMEs
#YMG/SW #Yangon_Times
လာမယ့် လများအတွင်း ထိုင်းနဲ့ဖိလစ်ပိုင်နိုင်ငံတွေကို ပုသိမ်စက်မှုဆိပ်ကမ်းကနေ မြန်မာ့ပြောင်းနဲ့ဆန်တွေ တင်ပို့သွားမယ်လို့သိရပါတယ်။
#Local_News
Published 26 May 2026
#ထိုင်းနှင့်ဖိလစ်ပိုင် #မြန်မာ့ပြောင်းနှင့်ဆန်
#YMG/NN #Yangon_Times
Page 89 of 2478