ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်တဲ့ သီလဝါအပါအဝင် အိမ်ရာလေးခုက အခန်းပေါင်း၂၅၀ခန့် ကို အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေနဲ့ အခုလအတွင်းရောင်းချပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 2 June 2025
#သီလဝါနှင့်အိမ်ရာလေးခု #မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
#YMG/NN #Yangon_Times
ဘူဆန်နိုင်ငံတကာပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲမှာ ပါဝင်ပြသမယ့် မြန်မာလုပ်ငန်းရှင်တွေအတွက် ပြခန်းတစ်ခန်းအခမဲ့ပေးသွားမယ်လို့ သိရပါတယ်။
#Local_News
Published 2 June 2025
#ဘူဆန်နိုင်ငံတကာ #ပြခန်းအခမဲ့ရရှိ
#YMG/SW #Yangon_Times
#Local_News
Published 2 June 2025
▪️ လက်ရှိ ကချင်ပြည်နယ်၌ ဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများအတွက် အကူညီလိုအပ်ပါက မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - ကချင်ပြည်နယ်၏ အရေးပေါ် ဖုန်းနံပါတ်များထံသို့ ဆက်သွယ်အကူညီတောင်းခံနိုင်သလို သက်ဆိုင်ရာမြို့နယ်များ အလိုက် အသင်းရုံးအခြေစိုက်နေရာများသို့လည်း လာရောက် ဆက်သွယ်အကူညီ တောင်းခံနိုင်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့က ထုတ်ပြန်ထားသည်။
▪️ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဗဟိုကော်မတီ) ၏ သဘာဝဘေး အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး အဖွဲ့အား ဗဟိုကော်မတီ ဒုတိယဥက္ကဌ ၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီးကော်မတီမှ ကြီးကြပ်အုပ်ချုပ်ကာ အရေးပေါ်ကူညီကယ်ဆယ်နိုင်ရေး အသင့်စုဖွဲ့ဆောင်ရွက်လျှက်ရှိရာ (ကချင်ပြည်နယ်) ထံ အရေးပေါ် ဆက်သွယ်နိုင်သည့် ဖုန်းနံပတ်များမှာ09.881433881 (မြစ်ကြီးနားရုံး)09-424724477 (မြစ်ကြီးနားရုံး)09-400050420 (မြစ်ကြီးနားရုံး)09-425935458 (မြစ်ကြီးနားဆေးရုံ အဖွဲ့)09-887074125 (ပူတာအိုရုံး)09-782268970 (တနိုင်းရုံး)
09-966790301 (တနိုင်းရုံး)09-400000840 (ဖားကန့်ရုံး)09-898126969 (နမ္မတီရုံး)09-445601070 (ဟိုပင်ရုံး)09-697977778 (မိုးကောင်းရုံး)09-451757833 (ပင်းဘောရုံး)နှင့် 09-400638949 (ကုန်းတန်းကြီးရုံး)တို့ဖြစ်ကြောင်း သိရသည်။
▪️ မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဇွန်လ၁ ရက်မနက်ပိုင်းကစပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်နေရာမှ ယနေ့ ဇွန်(၂)ရက် နံနက် (၁၀)နာရီခွဲ နောက်ပိုင်းအချိန်၌ ဧရာဝတီမြစ်ရေမှာ ပြန်လည်ကျဆင်းလာပြီဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 2 June 2025
▪️ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းမပေါ်၌ Express ခရီးသည်တင်ယာဉ် တိမ်းမှောက်၍ (၆)ဦး ေ-သဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
▪️ ယနေ့ ဇွန်လ၂ ရက်နေ့၊ မနက်၃နာရီခွဲ အချိန်က မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄မိုင်၊ ၃ဖာလုံနှင် ၄ဖာလုံကြား)တွင် Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ (၆)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးတို့အား ကြက်ခြေနီသူနာတင်ယာဉ်၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 June 2025
▪️ မြစ်ကြီးနား၌ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ်ရောက်ရှိနေကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ယနေ့မနက် ၆နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် နှစ်လက်မခန့်ကျော်လွန်ရောက်ရှိနေကြောင်း သိရသည်။
▪️ နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့်အထိဆက်လက်မြင့်တက် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။
▪️ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းတွင်နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ရှောင်ရှားနိုင်ရန်သတိပေးထားကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Daily_News
Published 31 May 2025
၁။ တရုတ်သို့ ဆန်/ ဆန်ကွဲတင်ပို့မည့် ကုမ္ပဏီများကိုနှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းဆောင်ရွက်သွားမည်
၂။ အေးခဲအသားများ တရုတ်သို့တင်ပို့ခွင့် ရရှိရေးဆွေးနွေးနေ
၃။ စက်သုံးဆီအားလုံး ဈေးပြန်ကျ
၄။ ထရမ့်၏အကြံပေးပုဂ္ဂိုလ်ရာထူးမှ အီလွန်မက်စ်နုတ်ထွက်မည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Pubished 31 May 2025
▪️ ဇွန်လ ၄ ရက်နေ့နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပြည်နယ်/တိုင်းဒေသအချို့တွင် မိုးအားလျော့နည်းသွားနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အိန္ဒိယမိုးလေဝသဌာန၏ မေလ ၃၁ ရက်နေ့ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားသည်။
▪️ အိန္ဒိယမိုးလေဝသဌာနက အာသံပြည်နယ် အနောက်မြောက်ဘက် (မြန်မာပြည် နယ်စပ်အနီး)မှ လေဖိအားနည်းရပ်ဝန်း အားလျော့သွားပြီး အထက်အမြင့် ၃.၁ ကီလိုမီတာ(အမြင့်ပေ ၁၀,၀၀၀ အထက်)မှာ လေပွေလှိုင်းဆက်လက်ဖြစ်ပေါ်နေကြောင်း ယနေ့ထုတ်ပြန်ထားရာ အဆိုပါအခြေအနေကြောင့် ကချင်ပြည်နယ်အထက်ပိုင်း ဧရာဝတီ နှင့် ချင်းတွင်းမြစ်ဖျားဒေသများတွင် ဇွန်လ ၄ ရက်နေ့အထိမိုးဆက်များနေနိုင်ကာ ဇွန်လ ၄ ရက်နေ့နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ကျန်ရှိ ပြည်နယ်/တိုင်းဒေသများတွင် မိုးအား လျော့နည်းသွားနိုင်ကြောင်း သိရသည်။
▪️ ထို့ပြင် မေလ ၃၁ ရက် နံနက် ၆ နာရီခွဲမှ ဇွန်လ ၂ ရက် နံနက် ၆ နာရီခွဲအထိ - ၄၈ နာရီအတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်းမှ (ရခိုင်ရိုးမတောင်ကြောနှင့်ကပ်လျှက်ရှိသည့်ဒေသများ)၊ မွန်ပြည်နယ် ကရင်ပြည်နယ်တို့တွင် မိုးများ/မိုးအလွန်များနို င်ကြောင်း၊ ချင်းတွင်း/ဧရာဝတီမြစ်ရေအခြေအနေ စိုးရိမ်ရေမှတ်ရောက်ရန် လိုနေသေး သော်လည်း ဇွန်လ ၃ ရက် အထိ ဆက်လက်၍ မိုးများနေနိုင်သည့် ဧရာဝတီ-ချင်းတွင်းမြစ်ဖျားပိုင်းမှ ကျဆင်းလာနိုင်မည့်ရေထုထည် နှင့် မြစ်ရေစီးဆင်းနှုန်း များလာနိုင်သောကြောင့် "မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ နေ့စဉ် တင်ပြပေးနေသည့်မြစ်ရေအခြေအနေသတင်း" ကို မပြတ်စောင့်ကြည့်ပြီး မြစ်ကမ်းပါးအနီးမှ အနိမ့်ပိုင်းရပ်ကွက်များ၊ မြစ်လယ်သောင်များတွင် အခြေချနေထိုင်သူများ သတိပြုကြရမည့်အချိန်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က၄င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့်အသိပေးပြောကြားထားသည်။
#YMG/SW #Yangon_Times
Page 84 of 2123