#Local_News
Published 02 June 2026
■ ၂၀၂၅ခုနှစ်ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံ) ပြိုင်ပွဲဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။
■ အဆိုပါ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် (ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနှင့် ဓာတ်ပုံပြိုင်ပွဲ) များ ဖိတ်ခေါ်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်များမှ ဝတ္ထုတို (၂၆) ပုဒ်၊ ဆောင်းပါး (၅၂) ပုဒ်၊ ကဗျာ (၄၅) ပုဒ်နှင့် ဓာတ်ပုံ (၁၁၅) ပုံတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
■ ပြိုင်ပွဲဝင်များ၏ ဝတ္ထုတိုပြိုင်ပွဲတွင် နီလင်းနွယ်က “နှင်းပွင့်ကြားက ရွှေရောင်အိပ်မက်များ” ခေါင်းစဉ်ဖြင့် ပထမ၊ အင်ကြင်းသူ (မြန်မာစာ) က “ကောင်းမြတ်တဲ့အလှူ” ခေါင်းစဉ်ဖြင့် ဒုတိယ၊ မောင်ငြိမ်းမွန် (ချောင်းဦး) က “ကိုယ်စိုက်တဲ့အပင်” ခေါင်းစဉ်ဖြင့် တတိယ၊ စုသက်မှူး (မရမ်းကုန်း) က နှစ်သိမ့်ဆု၊ ဆောင်းပါးပြိုင်ပွဲ တွင် ပြည့်ထူး(မင်းဘူး)က “အောင်မြင်သော ကမ္ဘာ့အားကစားဇာတ်ခုံဆီသို့ တက်ကြွသောလူထုကြံ့ခိုင်သောလူငယ်ဖြင့် လှမ်းချီစို့” ခေါင်းစဉ်ဖြင့် ပထမ၊ မောင်ကျော်ဇော (ရှင်မတောင်နံ့သာမြေ) က “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးမှသည် အားကစားကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးသို့” ခေါင်းစဉ်ဖြင့် ဒုတိယ၊ တင်ဝင်း (အား/ကာ-ငြိမ်း) က “မြန်မာနိုင်ငံ၏ အားကစားကဏ္ဍလက်ရှိအခြေအနေအဆင့်နှင့် ပိုမိုတိုးတက်အောင်မြင်လာစေရန် သုံးသပ်အကြံပြုတင်ပြချက်များ” ခေါင်းစဉ်ဖြင့် တတိယ၊ အောင်ချမ်းမြေ့က နှစ်သိမ့်ဆု၊ ကဗျာပြိုင်ပွဲတွင် မင်းယဉ်စုက “အားကစားဖြင့် နိုင်ငံမြှင့်လော့” ခေါင်းစဉ်ဖြင့် ပထမ၊ မင်းသွေးနွယ် (ဇီးကုန်း) က “အားကစားစွမ်းဖြင့် လူ့ဘောင်ကျန်းမာပြည်ကျိုးမြှင့် နိုင်ငံလူမျိုးဂုဏ်ရောင်တင့်” ခေါင်းစဉ်ဖြင့် ဒုတိယ၊ အညာသားဗထူး (ကျားတက်မြေ) က “သက်ရှည်ကျန်းမာကြံ့ခိုင်ရာပြုပါအားကစား” ခေါင်းစဉ်ဖြင့် တတိယ၊ ကြည်သိန်းဇော်က နှစ်သိမ့်ဆု၊ ဓာတ်ပုံပြိုင်ပွဲတွင် အောင်ကျော်ထွန်း (ပံသုကျီ) က ပထမ၊ မိုးဟိန်းထွန်း (မွန်ဆွန်း၊ ရှမ်း/တောင်) က ဒုတိယ၊ မောင်ရ (ခ) စိုးလွင်-ရွှေဓနုက တတိယနှင့် နှစ်သိမ့်ဆု (၁)၊ အောင်နိုင်ဝင်း (အား/ကာ) က နှစ်သိမ့်ဆု (၂)၊ ကျော်ဆန်းမြင့်က နှစ်သိမ့်ဆု (၃)၊ ဘိုသင်း (မန်းတက္ကသိုလ်) က နှစ်သိမ့်ဆု (၄)၊ မျိုးမင်းထိုက် (The Eagle) က နှစ်သိမ့်ဆု (၅) တို့က အသီးသီးဆွတ်ခူးရရှိခဲ့ရာ ဆုပေးပွဲကျင်းပမည့်ရက်အား ဆုရရှိသူများထံ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ်၊ ၀၉-၄၂၈၇၁၀၇၀၀၊ ၀၉-၂၅၀၈၄၈၅၁၂ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်သည်။
#YMG/NN #Yangon_Times
#Local_News
Published 2 June 2026
■ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/ သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နားမကြားသော ကလေးများကျောင်း (ရန်ကုန်)၌ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
■ အကြားအာရုံချို့ယွင်းအားနည်းသည့် ကျောင်းသား/ သူလေးများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးရာတွင် လာရောက်အပ်နှံကြသည့် ကျောင်းသား/ သူများအနေဖြင့် အကြားအာရုံချို့ယွင်းအားနည်းသူ ဖြစ်ရမည်ဖြစ်ပြီး အသက်အားဖြင့် အသက် (၆) နှစ်မှ (၁၈)နှစ်အတွင်း ရှိသူဖြစ်ရမည်ဖြစ်ကြောင်း၊ အကြားအာရုံချို့ယွင်းအားနည်းမှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်ဖြစ်ကြောင်း၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ အိမ်ထောင်မရှိဖူးသူ (လူပျို/ အပျို) ဖြစ်ရမည်ဖြစ်ကြောင်း၊ ကျား/ မ၊ လူမျိုးနှင့် ကိုးကွယ်ရာဘာသာမရွေး လျှောက်ထားနိုင်သည်ဖြစ်ပြီး ကျောင်းအပ်နှံပါက မိဘ (သို့မဟုတ်) အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်ကြောင်း စသည့်သတ်မှတ်ချက်များနှင့်အညီ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
■ ထို့ပြင်ကျောင်းအပ်နှံရာတွင်လည်း မိဘ (သို့မဟုတ်) အုပ်ထိန်းသူများအနေဖြင့် ကလေး၏ ပတ်စ်ပို့ဓာတ်ပုံ (၄) ပုံ ၊ မွေးစာရင်းမူရင်းနှင့်မိတ္တူ၊ မိဘနှစ်ဦး မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်နှင့် အကြားအာရုံချို့ယွင်းမှု တိုင်းတာစစ်ဆေးပြီးသည့် နားကြားနှုန်း (Audiograph dB) စာရွက်စာတမ်းတို့ လိုအပ်မည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံမည့်သူများအနေဖြင့် လှူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသော ကလေးများကျောင်း ၊ အမှတ်-၃၄ ၊ F, G၊ အိုးစု (၃) လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပြီး စာပေပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်တက်ရောက်ခွင့်ရရှိပါက သွားလာရေးခက်ခဲသော ဒေသများမှ နားမကြားသော ကျောင်းသား/ သူများအတွက် စားသောက်နေထိုင်ရေးကို နိုင်ငံတော်က တာဝန်ယူမည်ဖြစ်ပြီး ကျောင်းဝင်ကြေးနှင့် ကျောင်းလခပေးရန်မလိုအပ်ကြောင်း သိရသည်။
■ အဆိုပါ ကျောင်းအပ်လက်ခံခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ၊ ဖုန်းနံပါတ် ၀၆၇-၄၀၄၂၅၂၊ နားမကြားသောကလေး များကျောင်း (ရန်ကုန်) ဖုန်းနံပါတ် ၀၁-၉၅၄၈၈၇၂၊ ၀၉-၂၅၀၀၇၇၂၆၈ တို့ကို (ရုံးချိန်အတွင်း) ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
နယူးဒေလီ (ဇွန် ၂)-မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) တိုက်ဖျက်ရေး အပါအဝင် သတင်း အချက်အလက်နှင့် ဉာဏ်ရည်တု (AI) နည်းပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် မြန်မာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့ ယမန်နေ့က နယူးဒေလီမြို့ရှိ ဝန်ကြီးချုပ်ရုံး (Hyderabad House) ၌ ထိပ်သီးတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ သီးခြားတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေး မူကြီး (၅) ရပ်နှင့်အညီ အိမ်နီးချင်းကောင်း ပီသစွာ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြ သည်။
ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ရေနံထွက်ပစ္စည်းများကို အိန္ဒိယနိုင်ငံမှ တိုးမြှင့်တင်သွင်း နိုင်ရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး ကဏ္ဍများကို မြှင့်တင်ရန် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအဖြစ် အာကာသနည်း ပညာနှင့် AI ကဏ္ဍများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးမင်းနောင်နှင့် ဒေါက်တာချာလီသန်းတို့ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံဘက်မှ ပြည်ပရေးရာဝန်ကြီး ဒေါက်တာ ဂျိုင်ရှန်ကာ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် မစ္စတာ အဂျစ်ဒိုဗယ် အပါအဝင် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

ယခုခရီးစဉ်သည် သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် သွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်သည်။ ဝန်ကြီးချုပ် မိုဒီက မြန်မာသမ္မတသစ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံကို ရွေးချယ်ခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် သူတို့နှစ်ဦးအကြား ယခုတွေ့ဆုံမှုသည် (၆) ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ဘေးအန္တရာယ် ကာလ အတွင်း အိန္ဒိယနိုင်ငံက ကူညီပံ့ပိုးပေးခဲ့မှုများနှင့် ပတ်သက်၍ သမ္မတ ဦးမင်းအောင်လှိုင်က ကျေးဇူး တင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံအနေဖြင့် မကြာမီက ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကာ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနေသည့် အခြေ အနေများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။
ထိပ်သီးဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးချုပ် မိုဒီက မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြု နေ့လည်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး နှစ်နိုင်ငံရိုးရာတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် သမ္မတ ဦးမင်းအောင်လှိုင်သည် Hyderabad House ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ်၏ လိုက်လံပို့ဆောင်မှုဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။



အသက် ၇ နှစ်က ၁၆ နှစ် အတွင်းရှိ ကျောင်းသားကျောင်းသူများပါဝင်ယှဥ်ပြိုင်ကြတဲ့ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ World Robot Contest (WRC 2026)ကို ရန်ကုန်မြို့ရှိ Rose Garden Hotel မှာ မေလ ၃၀ရက်နဲ့ ၃၁ရက်တွေမှာပြုလုပ်ခဲ့ပါတယ်။
#Local_News
Published 01 June 2026
#World_Robot_Contest
#YMG/SW #Yangon_Times
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ ယခုဇွန်လအတွင်း ကုန်သေတ္တာတင်သင်္ဘော(၅၅)စင်းဝင်ရောက်ဆိုက်ကပ်မယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့အစည်းမှ အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 01 June 2026
#ကုန်သေတ္တာတင်သင်္ဘော
#YMG/SW #Yangon_Times
အခုနှစ် မိုးရာသီမှာအယ်လ်နီညိုရာသီဥတုကြောင့် မုတ်သုံလေအဆုတ်မြန်ပြီး မိုးစောစောပြတ်နိုင်ခြေရှိတယ်လို့သိရပါတယ်။
#Local_News
Published 01 June 2026
#အယ်လ်နီညို #မိုးရာသီ
#YMG/NN #Yangon_Times
#Daily_News
Published 01 June 2026
၁။ မော်လမြိုင်-ရန်ကုန် DEMU မြန်နှုန်းမြင့်ရထား ဇူလိုင် လဆန်းတွင် နေ့ချင်းပြန်ပြေးဆွဲမည်
၂။ ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲ World Robot Contest (WRC 2026 )ရန်ကုန်တွင်ပြုလုပ်ခဲ့
၃။ ယခုလအတွင်းကုန်သေတ္တာတင်သင်္ဘော(၅၅)စင်းဝင်ရောက်ဆိုက်ကပ်မည်
၄။ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဆင်ရန်ကြိုးပမ်းပြီးစစ်ရေးချဲ့ထွင်ရန်ကြံစည်နေသည့်ဂျပန်အစိုးရအား ပြည်သူများဆန္ဒပြ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 83 of 2478