#Local_News
Published 25 July 2026
■ မလေးရှားနိုင်ငံ ၌ ကျင်းပသည့်(Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.)၌ မြန်မာအားကစားသမား ငွေတံဆိပ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ သိရသည်။
■ Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock. ဇူလိုင် ၂၅ ရက်နေ့ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ ပြိုင်ပွဲဝင် မြင်းစီးအားစားသမား ပိုးပိုးဟန် ဒုတိယဆု (ငွေတံဆိပ်) ရရှိခဲ့ခြင်းဖြစ်သည်။
■ မလေးရှားနိုင်ငံ Kuala Lumpur Polo Club ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ ၂၆ ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး -၂ ဦးချမ်းမြေ့ဝင်း ဦးစီး ၊ နည်းပြ ဒေါ်အိသက်မွန်၊ လက်ထောက်နည်းပြ ဦးအောင်သူထွန်း၊ အလုပ်အမှုဆောင် ဦးရဲသီဟ နှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေးအလုပ်အဖွဲ့ (Task Force) မှ ပြိုင်ပွဲဝင် မြင်းစီးအားစားသမား ပိုးပိုးဟန် တို့သည် ဇူလိုင် ၂၃ ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားခဲ့ကြသည်။
■ ဇူလိုင်၂၄ ရက်နေ့တွင် ပြိုင်ပွဲနှင့်ပတ်သက်သည့် Technical Briefing အား တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်မြင်းများအား Borrowed Horse စနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မဲနှိုက်ခဲ့ရာတွင် မြန်မာအသင်းမှ ပြိုင်ပွဲဝင်မြင်းစီးအားကစားသမား ပိုးပိုးဟန်သည် မြင်းအမည် Utars VD Langvroot Z အား စီးနင်း၍ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
■ ဇူလိုင်၂၅ ရက်နေ့တွင် ကျင်းပသည့် မလေးရှားဝန်ကြီးချုပ်ဖလား လူငယ်တန်းခုန် ၉၀ စင်တီမီတာ - ၁၀၀ စင်တီမီတာ (Malaysia Prime Minister Cup Borrowed Horse, CSIJ-B 90-100 cm, Table A, 1 round Against the Clock.) ပြိုင်ပွဲသို့ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ မွန်ဂိုးလီးယား၊ ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်၊ တရုတ်တိုင်ပေ၊ ဟောင်ကောင်၊ ကိုရီးယား၊ အိုမန်၊ ဥဘက္ကစ္စတန်၊ကမ္ဘောဒီးယား နိုင်ငံ စုစုပေါင်း (၁၄) နိုင်ငံမှ ပြိုင်ပွဲဝင် မြင်းစီးအားကစားသမား (၁၇) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ မျိုးဆက်သစ်အားကစားသမားများပေါ်ထွန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်အဖွဲ့ (Task Force) မှ မျိုးဆက်သစ်မြင်းစီးအားကစားသမား ပိုးပိုးဟန် က ဒုတိယဆု (ငွေတံဆိပ်) ကို ရရှိခဲ့ကြောင်းသိရသည်။
■ အဆိုပါပြိုင်ပွဲတွင် ပထမ - တရုတ်နိုင်ငံ၊ ဒုတိယ- မြန်မာနိုင်ငံ ၊ တတိယ- စင်္ကာပူနိုင်ငံ တို့မှ အသီးသီးဆွတ်ခူးရရှိခဲ့ပါကြောင်း သိရသည်။
#YMG/NN #Yangon_Times