'ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့ရော်ဘာဈေးရရှိတာ နည်းပါးနေတယ်လို့ မြန်မာနိုင်ငံရော်ဘာ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက သိရပါတယ်။ '
Yangon_Times/NN
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်သူ့ရင်ပြင်တွင် တည်ဆောက်နေသည့် ရေလှောင်ကန်တည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီး မကြာမီကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ရေသဘင်ပွဲတော်တွင်လည်း ပြည်သူများပျော်ရွှင်စွာ ရေကစားနိုင်ရန် အဆိုပါမြေအောက်ရေလှောင်ကန်အား အချိန်မီ တည်ဆောက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
" အမေရိကန် UAF ရဲ့ ISO ရရှိဖို့ ပြီးခဲ့တဲ့နှစ် ၉လပိုင်းက စတင်ပြီးတော့ လက်မှတ်ရရှိဖို့ အစစအရာရာ ကြိုးစားခဲ့ရပါတယ်။ Training တွေပေးရတယ်။ အဲလိုအဆင့်ဆင့်ကြိုးစားပြီးတော့မှ စစ်ဆေးရေးအဖွဲ့က စစ်ဆေးတယ်။အဲလိုစစ်ဆေးပြီးတော့မှ ISO လက်မှတ်ကို ရရှိခဲ့ခြင်းဖြစ်ပါတယ်" မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဍစိုး(ဖိုးလမင်းမြန်မာကုမ္ပဏီလီမိတက်)
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 27 March 2024
နေပြည်တော်ရှိ တပ်မတော်ပန်းခြံသို့မတ်လ(၂၈) ရက် မှ (၃၁)ရက်အထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီးမည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုအပန်းဖြေလေ့လာနိုင်ကြောင်းသိရသည်။
(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါးရုပ်တုတို့အား အများ ပြည်သူ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှုအပန်းဖြေလေ့လာနိုင်ရန် တပ်မတော်ပန်းခြံအား မတ် ၂၈ ရက်မှ ၃၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 27 March 2024
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သား၁၄၀ကျော်ကို စေလွှတ်သော လိုက်ကြောင်းသိရသည်။
အဆိုပါ အလုပ်သမား ၁၄၀ကျော် တွင်စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားသစ် ၃၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၇၈ ဦး စုစုပေါင်းလုပ်သားသစ် ၁၄၁ ဦး ကိုမတ်လ ၁၇ရက် က ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် ရောက်ရှိခဲ့ကြောင်းသိရသည်။
ရောက်ရှိလာသူ များ ကို မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ယခုမတ်လအတွင်း EPS လုပ်သားဦးရေ စုစုပေါင်း ၈၆၂ ဦးရောက်ရှိခဲ့ပြီးဖြစ်ကြောင်းသိရသည်။
Yangon_Times/LW
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 27 March 2024
တရုတ်-မြန်မာဗုဒ္ဓဘာသာပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ သံဃမဟာနာယကအဖွဲ့ဥက္ကဌအဖြစ် ရွေးချယ်ခံရသော သန်လျင်မင်းကျောင်း ဆရာတော်အားတရုတ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များမှတွေ့ဆုံဖူးမြော်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသော သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ သံရုံးမှ သံမှူး Mr. Pan Feng၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် ဦးစိန်မော်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့လည်း တက်ရောက်ခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai က သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခြင်းအတွက် တရုတ်ဗုဒ္ဓဘာသာအသင်း၏ ဂုဏ်ပြုလွှာကို လွှဲပြောင်းပေးအပ်ခဲ့သည်။
သံအမတ်ကြီး Mr. Chen Hai က တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဗုဒ္ဓဘာသာကူးလူးဖလှယ်မှု သမိုင်းကြောင်းကြာရှည်ကြောင်း၊ တရုတ်နိုင်ငံက နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလွန်အလေးထားကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက် လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ Polycarbonate တပ်ဆင်ခြင်း စသည့်စီမံကိန်းများကို ကူညီလုပ်ဆောင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကလည်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုရားကျောင်းများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့သည် တရုတ်-မြန်မာနှစ်နိုင်ငံ၏ အပြန်အလှန်ဖေးမကူညီသော အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အမြဲတစေအလေးထားကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ ဦးဆောင်ကာ တရုတ်နိုင်ငံသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ် တက်ရောက်ခဲ့ဖူးကြောင်း၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဂရုပြုထောက်ခံအားပေးမှုဖြင့် နှစ်နိုင်ငံက ဗုဒ္ဓဘာသာကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ဆင့်တိုးခိုင်မြဲတိုးတက်လာပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုအတွက် တစ်တပ်တစ်အား အကျိုးထမ်းဆောင်ပေးမည်ဟု ယုံကြည်ကြောင်း လျှောက်ထားခဲ့သည်။
သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးက တရုတ်နိုင်ငံမှ မိမိတာဝန်ထမ်းဆောင်မှုကို ဂုဏ်ပြုခြင်းနှင့် လတ်တလောနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လူမှုရေးပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက်ကူညီပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိအကြိမ်များစွာ တရုတ်နိုင်ငံသို့ခရီးစဉ် သွားရောက်ခဲ့သည့်အတွေ့အကြုံကို ပြန်လည်မြွက်ကြားတော်မူခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ ဆွေမျိုးပေါက်ဖော်ကောင်းဖြစ်ပြီး နက်ရှိုင်းစွာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုရှိကြောင်း၊ ဗုဒ္ဓဘာသာသည် နှစ်နိုင်ငံပြည်သူများ စိတ်နှလုံးကိုချိတ်ဆက်ပေးသည့် အရေးပါပေါင်းကူးတံတားဖြစ်ကြောင်း၊ မိမိကိုယ်တိုင်သည်လည်း မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့် ဗုဒ္ဓဘာသာဝင်များကိုဦးဆောင်၍ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ မြန်မာ-တရုတ် နှစ်ထောင်ချီဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရေးအတွက် တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း မြွက်ကြားတော်မူခဲ့ကြောင်း သိရသည်။
Yangon_Times/tthl
#Local_News
#Published_ 27 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၇ မတ် ၂၀၂၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် အဖွဲဝင်များ (၇၉)နှစ်မြောက်တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ရန် နေပြည်တော်သို့ရောက်ရှိနေပါတယ်။ ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် မတ်လ ၂၆ရက်ညပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာ ရင်ပြင်၌ ကျင်းပပြုလုပ်တဲ့ နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုဂုဏ်ပြု ညစာစားပွဲကိုတက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ရုရှားဧည့်သည်တော်များနှင့်အတူ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ကာကွယ်ရေးဦးစီးချုပ်(လေ) ၊ကောင်စီအတွင်း ရေးမှူး၊တွဲဖက်အတွင်းရေးမှူးနှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများတက်ရောက်ခဲ့ကြပါတယ်။
ယင်းအပြင် ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစု ဝင်များ၊ အငြိမ်းစားတပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီး များ၊ လွတ်လပ်ရေးမော်ကွန်းဝင် ပထမအဆင့်၊ ဒုတိယအဆင့်နှင့် တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အသွင်ပြောင်းပြည်သူ့စစ်၊ မူလပြည်သူ့စစ်နှင့် နယ်ခြားစောင့်ဗဟို အကြံပေးကွပ်ကဲရေးအဖွဲ့များနှင့် အခြား ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
Page 624 of 2131