Published_ 23 March 2024
ယခု၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်းဂျပန်သို့ မြန်မာ့ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝခန့်တင်ပို့ထားပြီး လာမည့်၂၀၂၄-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ဂျပန်အပါအဝင် နိုင်ငံစုံသို့ တိုးမြှင့်တင်ပို့နိုင်ရန်စီစဉ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရေး ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်မှ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှ ပဲမျိုးစုံတန်ချိန် ၂ဝ,ဝဝဝ နီးပါးကို ဂျပန်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ လာရောက်အသိပညာပေး ပြောကြားသည့်အတိုင်း ပြည်တွင်း၌ ပဲမျိုးစုံစိုက်ပျိုး၊ ထုတ်လုပ်၊ သိုလှောင်၊ တင်ပို့သည့် လုပ်ငန်းစဉ်အတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ကာ ဂျပန်နိုင်ငံသာမက တခြားပြည်ပနိုင်ငံများသို့ လည်း အရည်အသွေးမြင့်ပဲများ ထုတ်လုပ်တင်ပို့နိုင်ရန် ရည်မှန်းထား ကြောင်းသိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများအရ ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂစသည့် ပြည်ပနိုင်ငံများသို့ စုစုပေါင်းပဲမျိုးစုံတန်ချိန် တစ်သန်းခန့် တင်ပို့ နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်ရရှိခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံမှ ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဥရောပသမဂ္ဂနှင့် တခြားပြည်ပနိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှလည်း နှစ်စဉ်တင်ပို့လျက်ရှိပြီး စုစုပေါင်း ကမ္ဘာ့ပဲ မျိုးစုံ တင်ပို့မှု၏ ၁၂ ရာခိုင်နှုန်းခန့်ကို မြန်မာနိုင်ငံမှ တင်ပို့ခွင့်ရရှိထားကြောင်း သိရသည် ။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published_ 23 March 2024
တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုရှိမရှိ ရန်ကုန်မြို့တွင်စီမံချက်ဖြင့် အဖွဲ့လိုက်ကွင်းဆင်း စစ်ဆေးနေ ကြောင်းရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏သတင်းဖော်ပြချက်အရသိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အရှေ့ပိုင်း ခရိုင်ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေး၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများမရှိ စေရေး၊ ဓာတ်အားခကြွေးကျန်များ လျော့နည်းကျဆင်းရေးတို့ အတွက် အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာရုံး၏ ကြီးကြပ်မှုဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
မတ် ၂၀ ရက်မှ ၂၁ ရက်အထိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ခရိုင်စုဖွဲ့မြို့နယ်များဖြင့် စီမံချက်အဖွဲ့ ၁၄ ဖွဲ့ ဖွဲ့စည်းပြီး အဖွဲ့လိုက်နယ်မြေများသတ်မှတ် ကာ ခရိုင်လျှပ်စစ်မန်နေဂျာနှင့် ခရိုင်လျှပ်စစ်အင်ဂျင်နီယာတို့က ဦးဆောင်၍ တရားမဝင်ဓာတ်အားသုံးစွဲမှုများရှိ/မရှိ၊ မီတာများ Auto ဖတ်ရှု၍ ရ/မရ၊ GPS Point များ၊ တိုင်အမှတ်များ မှန်ကန်မှု ရှိ/မရှိ၊ ရပ်ကွက်အလိုက် လမ်းအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ရာ မီးသုံးသူ ၂၁၅၅ ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပုဂံဒေသ၊မြင်းကပါကျေးရွာက နေရှေးဟောင်းယွန်းပညာအပြင် မံယွန်းပညာတွေနဲ့ အနုစိတ်လက်ရာအဖြစ် ပြုလုပ်ထားတဲ့ ရွှေတိဂုံ စေတီတော်နဲ့ ပုဂံဘုရားပုံစံငယ်တွေကို ပြည်တွင်း၊ပြည်ပဝယ်လက်အချို့တွေ ကြိုက်နှစ်သက်လို့ အွန်လိုင်းကပါ ရောင်းချလာတယ်လို့ မြင်းကပါကျေးရွာက ဘုရားပုံစံငယ်တွေဖန်တီးသူ ယွန်းအတတ်ပညာရှင်ဆီကနေသိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ရန်ကုန်-မော်လမြိုင်ရထားပိုင်း ပြင်ဆင်ထားပြီဖြစ်လို့ ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကို မတ်လ(၂၄) ရက် မနက် ၆နာရီခွဲမှာ စတင်ထွက်ခွာဖို့ လက်မှတ်တွေ ရောင်းခိုင်းထားပြီဖြစ်တယ်။ ရန်ကုန်-ပြည်ရထား နေ့စဉ်ရှိ။ ရန်ကုန်ကနေပုဂံကို သောကြာနေ့ ညနေ၄နာရီ ၁၅ မိနစ်တိုင်း ရထားနဲ့ သွားရောက်နိုင်မယ်။ မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦး
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ပြည်ပဝယ်လိုအား နည်းနေတဲ့အတွက် ယခုမတ်လကုန် ပြီးတဲ့အထိ ပဲစဉ်းငုံဈေးကွက်ဟာ အကျဈေးဘက်ကိုသာ ဦးတည်နေတယ်လို့
ကုန်သည်တွေထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုလအတွင်း မိုးအုံ၍ ဆားအထွက်နည်းပါးနေသော်လည်း ထွက်ရှိသမျှကုန်နေတယ်လို့ မွန်ပြည်နယ်က နေလှမ်းဆားထုတ်လုပ်သူတွေဆီက သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
မြန်မာအသင်းဟာ ဆီးရီးယားနဲ့ မတ်လ ၂၆ ရက်၊ ဆော်ဒီအာရေဗျနိုင်ငံ ဒါမန်းမြို့မှာ အဝေးကွင်းပွဲစဉ်ထပ်ကစားဖို့ မတ်လ(၂၂) ရက်ညနေပိုင်းက ရန်ကုန်လေဆိပ်မှ ထွက်ခွာသွားခဲ့ပြီး မတ်လ ၂၃ ရက်မှာ ဒါမန်းသို့ ရောက်ရှိမှာဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 23 March 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 628 of 2129