#Local_News
Published 6January 2025
▪️ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါအိမ်ရာရှိ လက်ကျန်အခန်း ၈၀ ကျော် အား အိမ်ရာချေးငွေဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါ သီလဝါအိမ်ရာကိုဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ထားခြင်းဖြစ်သည်။
▪️ ယင်းအိမ်ရာတွင် ကျန်ရှိသော ၆ ခန်းတွဲ ၅ ထပ် ၆၁ ခန်း၊ ၈ ခန်းတွဲ ၅ ထပ် ၂၇ ခန်း၊ စုစုပေါင်း ၈၈ ခန်းကို အတိုးနှုန်းသက်သာသော ချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နှင့်အထက် ပြည့်မီအောင် စုဆောင်းထားသူ ၁,၈၉၁ ဦးစာရင်းတွင် ပါဝင်သူများသည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ “DUHD Sale Housing Facebook Page Messenger” မှတစ်ဆင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။
▪️ ထို့ပြင် Messenger မှတစ်ဆင့် အမည်စာရင်း လက်ခံခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အတွင်း နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအချိန်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ရောင်းချမည့် အိမ်ရာတည်နေရာ၊ အဆောက်အဦအမျိုးအစား၊ အခန်းအကျယ်အဝန်း၊ ဈေးနှုန်းစသည့် ပူးတွဲပါ အချက်အလက်တို့ကို ကြည့်ရှုလေ့လာပြီး အမည်၊ အဖအမည်၊ မှတ်ပုံတင်အမှတ်၊ အိမ်ရာအမည်၊ CHID Bank Down Payment Serial No တို့ကို ပြည့်စုံစွာ စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
▪️ ၎င်းအပြင် စာရင်းပေးသွင်း လျှောက်ထားသူများအနက် ရောင်းချပေးနိုင်သည့် အခန်းအရေအတွက်အရ CHID Bank ၏ တန်းစီဇယား အစောဆုံး အမှတ်စဉ် ၈၈ ဦးအား မဲနှိုက်ခွင့် ပြုမည်ဖြစ်သည်။
▪️ အဆိုပါ အခန်းမဲနှိုက်ပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ အခန်းဝယ်ယူခွင့်ရသူသည် အိမ်ရာချေးငွေအား မဖြစ်မနေချေးယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။
#YMG/NN #Yangon_Times
ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ခရီးသွားတွေယမန်နှစ်က ထက်ပိုမိုတိုးတက်ဝင်ရောက်နေတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က သိရပါတယ်။
#Local_News
Published 6 January 2025
#ပုဂံရှေးဟောင်းသုတေသနပြတိုက် #အမျိုးသားပြတိုက်
#YMG/NN #Yangon_Times
အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေမှာ ကျင်းပမယ့် ကမ္ဘာ့ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ အစားအစာပြပွဲတွေမှာ မြန်မာ့ထွက်ကုန်တွေကို ဝင်ရောက်ပြသနိုင်ဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 6 January 2025
#မြန်မာ့ထွက်ကုန် #ကမ္ဘာ့ကုန်သွယ်ရေး
#YMG/SW #Yangon_Times
ဝါးနက်ဆင်စခန်းသို့ ပြီးခဲ့တဲ့ ရုံးပိတ်ရက်ရှည်အတွင်း တရုတ်ခရီးသွားအပါအဝင် တစ်ရက်ကိုဧည့်သည်၁၀၀ခန့် ဝင်ရောက်ခဲ့တယ်လို့ ဆင်စခန်းတာဝန်ခံဆီကသိရပါတယ်။
#Local_News
Published 6 January 2025
#ဝါးနက်ဆင်စခန်း #ဧည့်သည်၁၀၀ခန့်ဝင်ရောက်
#YMG/NN #Yangon_Times
မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွတ်လိုသူတွေအနေနဲ့ သတ်မှတ်စာရွက်စာတမ်းတွေ ပြန်လည်အပ်နှံနိုင်ရမယ်လို့ စင်ကာပူရှိမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 6 January 2025
#သတ်မှတ်စာရွက်စာတမ်း #စင်ကာပူရှိမြန်မာသံရုံး
#YMG/SW #Yangon_Times
#Local_News
Published 6 January 2025
▪️ ရန်ကုန်အထိုင်စားအုန်းဆီရည်ညွှန်းဈေးများမှာ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ဆက်တိုက်တည်ငြိမ်လျှက်ရှိကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏အပတ်စဉ်ထုတ်ပြန်လျှက်ရှိသည့် ဈေးနှုန်းများအရ သိရသည်။
▪️ ရန်ကုန်အထိုင် စားအုန်းဆီဈေးရည်ညွန်းဈေးများကို ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ သတ်မှတ်ထုတ်ပြန်လျှက်ရှိရာ ယခုတစ်ပတ်ယခုတစ်ပတ်အတွက် ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
▪️ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာကို ၇၂၈၀ ကျပ်ဖြစ်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာလည်း တစ်ပိဿာကို ၇၂၈၀ ကျပ်ဖြစ်ခဲ့ရာ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ စားအုန်းဆီဈေးတည်ငြိမ်နေခြင်းဖြစ်သည်။
▪️ ယခုကဲ့သို့ ရည်ညွန်းဈေးများ ထုတ်ပြန်နေသကဲ့သို့ ဈေးကွက်အတွင်း စားသုံးဆီများကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ရောင်းချပေးရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက တိုက်တွန်းပြောဆိုထားပြီး ဈေးကွက်အတွင်း စားအုန်းဆီများကို ဈေးနှုန်းမြင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်အတွက် ရှောင်တခင်စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနက သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 6 January 2025
▪️ လာမည့် ဇန်နဝါရီလ ၇ ရက်တွင် ရန်ကုန်မြို့တွင်း ရေယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
▪️ ယာယီပြုပြင်ထားသော ဂျိုးဖြူပိုက်လိုက်ကြီးအား အကြီးစား ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်သောကြောင့် ဇန်နဝါရီလ ၇ ရက် နံနက် အစောပိုင်း ၂ နာရီမှစ၍ ရေစတင်ပိတ်ပြီး ရေကျန်များထုတ်ခြင်း၊ ဂျွိုင်းဆက်များပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာ ယင်းနေ့ညနေပိုင်းတွင် ရေပြန်လည်ရရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယခုလ ၅ ရက်မှစတင်၍ ပြောင်းလဲလိုက်သော လျှပ်စစ်မီးပေးမှုပုံစံအရ မီးလာချိန်မှသာ ရေစက်များအပြိုင်အဆိုင်မောင်းနှင်ရသောကြောင့် ရန်ကုန်မြို့တွင်း အထပ်မြင့်နေပြည်သူများ ရေပြဿနာကို ကြုံတွေ့နေရကြောင်းလည်း သိရသည်။
#YMG/SW #Yangon_Times
Page 623 of 2482