သင်္ကြန်တွင်း ရွှေစက်တော်ဘုရားဖူးလိုသူတွေ အနေနဲ့ဆင်စခန်းမှာပဲတည်းခိုအပန်းဖြေနိုင်တယ်။ ဒေသခံဘုရားဖူးအဖွဲ့လိုက်တွေဝင်ရောက်လာပါက ဆင်လေးတွေနဲ့ရင်းနှီးကျွမ်းဝင်စေလိုတဲ့အတွက် ဝင်ကြေးလျှော့ပေါ့ကောက်ခံတာတွေဆောင်ရွက်ပေးလျက်ရှိတယ်။
(ရွှေစက်တော်မန်းချောင်းဆင်စခန်းမှတာဝန်ရှိသူတစ်ဦး)
#Local_News
Published_ 29 March 2024
#ရွှေစက်တော်မန်းချောင်း #ဆင်စခန်းမှာတည်းခိုအပန်းဖြေ
#tthl #Yangon_Times
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလဝက်ကတည်းက အတာအိုးတွေကို ကြိုတင်မှာယူထားကျပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများကို ပို့ဆောင်ပေးရတယ်။ အတာအိုး တစ်လုံးကို ယခင်နှစ်ထက်တစ်ရာကျပ်ခန့် ဈေးမြင့်တက်လာကာ အတာအိုးပြောင် တစ်လုံးကို လက်ကားဈေး ၇၅၀ကျပ် ခန့်ရှိပြီး ပန်းခက်ဆေးချယ်ထားတဲ့ အတာအိုးတစ်လုံးကို ၁၂၀၀ ကျပ်ရှိတယ်လို့ ဆိုပါတယ်။
#Local_News
Published_ 29 March 2024
#သင်္ကြန်ကာလ #အတာအိုးများဈေးကွက်
#YMG/LW #Yangon_Times
မြန်မာ-အာဖဂန်နစ္စတန်ဖူဆယ်ပွဲလက် မှတ်ကို မတ်လ ၂၉ ရက် နံနက် ၉း၃၀ နာရီမှ ညနေ ၄း၀၀ နာရီထိ၊ မတ်လ ၃၀နှင့် ၃၁ ရက်တို့မှာ နံနက် ၉း၃၀ နာရီမှ နေ့လယ် ၁း၀၀ အထိ ဝေဇယန္တာလမ်းပေါ်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရုံးမှာလည်းကောင်း၊ နေ့လယ် ၁း၀၀နာရီမှ ပွဲမစခင်အချိန်အထိ အမျိုးသားအားကစား ပြိုင်ပွဲရုံ - ၁ (သုဝဏ္ဏ) (N.I.S -1) ဝင်ပေါက်မှာ လည်းကောင်း၊ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
#Local_News
Published_ 29 March 2024
#မြန်မာဖူဆယ်-အာဖဂန်နစ္စတန် #လက်မှတ်များစရောင်း
#tthl #Yangon_Times
ယခုနှစ်မျှင် ဖမ်းဆီးရာသီမှာ မျှင်ဖမ်းဆီးရရှိမှုနည်းလာတဲ့အတွက် ကုန်ချောထုတ်လုပ်တဲ့ မျှင်ငါးပိဈေးလည်းမြင့်လာတယ်လို့ မျှင်ငါးပိထုတ်လုပ်ရောင်းချသူတွေထံက သိရပါတယ်။
#Local_News
Published_ 29 March 2024
#မျှင်ငါးပိဈေးမြင့်လာ #မျှင်ငါးပိထုတ်လုပ်ရောင်းချသူ
#YMG/LW #Yangon_Times
လန်ချန်း-မဲခေါင်ရန်ပုံငွေနဲ့သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်းစီမံကိန်းကို နေပြည်တော်၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသမှ ကျေးရွာသုံးခုမှာ ဧက ၇၀၀ နီးပါးရှိတဲ့ သီးနှံသစ်တောရောနှောစိုက်ပျိုးတဲ့ စမ်းသပ်ဇုန်ကိုဖော်ဆောင်ခဲ့ရာ ရွာသူရွာသားပေါင်း ၂၀၀ နီးကို အကျိုးဖြစ်ထွန်းစေခဲ့တယ်။
#Local_News
Published_ 29 March 2024
#လန်ချန်း-မဲခေါင်ရန်ပုံငွေ #စမ်းသပ်ဇုန်ဧက(၇၀၀)နီးပါး
#tthl #Yangon_Times
#Local_News
Published 29 March 2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ သီရိမင်္ဂလာအရှေ့ရပ်ကွက်၊ (၂၂) လမ်း၊ (၈၉) လမ်းနှင့် လမ်း (၉၀) ကြား၊ အကွက်အမှတ် (၁၉၃)ရှိ ရွှေပန်းတိမ်လုပ်ငန်းတစ်ခုကို ဓ-ားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မတ်လ ၂၈ရက် ညနေ ၅နာရီ ဝန်းကျင်က ကားနံပါတ်ကို ဆေးသုတ်ကာ ဖျက်ထားသည့်မတ်တူးအဖြူရောင် ယာဉ်ဖြင့် လူတစ်စု လာရောက်ပြီး ဓ-ားပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"အခုဓါးပြတိုက်ခံရတာက ရဲယောင်ဆောင်ပြီး ဝင်လာတာလာတဲ့ လူတစ်စုမှာ ရဲဝတ်စုံနဲ့လူလဲပါလာတယ် ပြောတယ် ပန်းတိမ်က ရွေထည်တွေပါသွားတယ်။ ဘယ်လောက်ပါသွားတယ်တော့ မကြားသေးဘူး ရွှေဈေးက မြင့်နေတော့ တန်ဖိုးကတော့များနိုင်တယ်"ဟု မန္တလေးမြို့ရှိ ဒေသခံ တစ်ဦးကပြောသည်။
အဆိုပါ ဓ-ားပြတိုက်ခံရခြင်းကြောင့်ရွှေပန်းတိမ် လုပ်ငန်းရှိ ရွှေနားဆွဲ၊ ရွှေလက်စွပ်၊ ရွှေကလစ်အပါအဝင် ရွှေထည်ပစ္စည်းအချို့ လုယက်ခံလိုက်ရကာ ဖြစ်စဉ်နှင့်ပက်သက်ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#Local_News #မန္တလေး အောင်မြေသာစံ #ရွှေပန်းတိမ်လုပ်ငန်းတစ်ခု #ဓ-ားပြတိုက်မှုဖြစ်ပွား #YMG/LW #Yangon_Times
#Local_News
Published 29 March 2024
ရွှေတိဂုံစေတီတော် ဓာတ်ပုံပြပွဲကိုမတ်လ ၂၉ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံက သိရသည်။
အဆိုပါ ဓါတ်ပုံပြပွဲတွင် ရွှေတိဂုံစေတီတော်၏ ထူးခြားထင်ရှားနေရာများ၊ခေတ်အဆက်ဆက်ပြောင်းလဲ တိုးတတ်လာသောမြင်ကွင်းများ၊စေတီတော်ကြီးဆိုင်ရာ သိမှတ်ဖွယ်ရာများပါရှိသည့် ဓါတ်ပုံများကို အများပြည်သူလေ့လာနိုင်ရန် ပြသခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဓာတ်ပုံပြပွဲကို ရင်ပြင်တော်မြောက်ဘက်ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်းမှာ ကျင်းပမှာဖြစ်ပြီ ဓါတ်ပုံပေါင်း ၂၀၀ကျော်ပြသမည်ဖြစ်ကြောင်း သိရသည်။
#Local_News #ရွှေတိဂုံစေတီတော်ဓါတ်ပုံပြပွဲ #YMG/LW #Yangon_Times
Page 620 of 2131