လက်ရှိဖြစ်ပွားနေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်ပွားမှုကို ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်ထိတ်လန့်မှုဖြစ်ဖို့မလိုကြောင်း ယခုလ ၇ ရက်မှာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 8 January 2025
#အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်မှု #စိုးရိမ်ထိတ်လန့်မှုမဖြစ်ဖို့
#YMG/SW #Yangon_Times
#Local_News
Published 8 January 2025
▪️ ယခုလအတွက်အရောင်းစင်တာများတွင် ရောင်းချသည့်ဆန်များနှင့်ပတ်သက်၍ ရည်ညွန်ဈေးထုတ်ပြန်ရာတွင် ရွှေဘိုပေါ်ဆန်းဆန် 1kg တစ်အိတ်ကို အမြင့်ဆုံးကျပ်၃၈၀၀ သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
▪️ အရောင်းစင်တာများတွင် ရောင်းချသည့်ဆန်များနှင့် ပတ်သက်၍ ရည်ညွန်ဈေးထုတ်ပြန်ရာတွင် ဈေးနှုန်းအမြင့်ဆုံးအဖြစ် Rice Berry (Black/Brown)နှင့် ဘာစမာတီ(ဆီးချိုဆန် ပြည်တွင်းထုတ်)1kgကို ကျပ် ၆၀၀၀ အဖြစ်သတ်မှတ်ထားပြီး ဓာတုကင်းလွတ် အော်ဂဲနစ်ဆန်များ၏ 1kg ကို ကျပ် ၄၀၀၀နှင့် ကျပ် ၅၀၀၀ အဖြစ်လည်းကောင်း ၊အနိမ့်ဆုံးဈေးနှုန်းအဖြစ် ရက်၉၀အထူးဧည့်မထ၊ ဇီယာနှင့်မနောသုခဆန်တို့၏ 1kg တစ်အိတ်ကို ကျပ် ၂၅၀၀ အဖြစ်လည်းကောင်း သတ်မှတ်ထုတ်ပြန်ထားကြောင်း သိရသည်။
▪️ 2kg ,5kg,12kg စသည့်အရွယ်အစားအမျိုးမျိုးကို ထုတ်ပိုး၍ ဈေးနှုန်းသတ်မှတ်ရာတွင် 1kg ဈေးနှုန်းအပေါ် သတ်မှတ်တွက်ချက်ရမည်ဖြစ်ကြောင်း၊ အဆိုပါ 1kg ရည်ညွန်းဈေးနှုန်းသည် 25kgအောက် ခေတ်မီထုတ်ပိုးမှုအတွက်သာ သက်ဆိုင်ကြောင်း၊သတ်မှတ်ဆန်များအပြင် ဆန်အမျိုးအစားသစ်ကို ထုတ်ပိုးရောင်းချရန်ရှိပါက လက်ကားရည်ညွန်းဈေးနှုန်းများနှင့်ကိုက်ညီရန်လိုအပ်ပြီး လက်ကားဈေးနှုန်းအပေါ် အိတ်ခွံတန်ဖိုး၊ဈေးအရောင်းဆိုင်သို့ပေးသွင်းရမည့် ၈ရာခိုင်နှုန်းထပ်မပိုသော ဝန်ဆောင်မှုစရိတ်၊ ၃ရာခိုင်နှုန်းထပ်မပိုသော သယ်ယူသိုလှောင်စရိတ်၊၄ရာခိုင်နှုန်းထပ်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေရဲ့ ငွေလွှဲပို့အထောက်အထားတွေကို ပေးပို့ကြဖို့အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)က အသိပေးထားပါတယ်။
#Local_News
Published 8 January 2025
#ငွေလွှဲပို့အထောက်အထား #(POEA)
#YMG/SW #Yangon_Times
ပြည်တွင်းကနေ တရုတ်နိုင်ငံကိုတင်ပို့မယ့် စိုက်ပျိုးရေးထွက်ကုန်တွေ အပါအဝင် ပို့ကုန်အချို့ကို Manual စနစ်နဲ့ မှတ်ပုံတင်ရမယ်လို့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က သိရပါတယ်။
#Local_News
Published 8 January 2025
#Manualစနစ် #မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
#YMG/NN #Yangon_Times
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ တစ်လတာအတွင်း ပြည်ပခရီးသွားတစ်သောင်းခန့်လာရောက်ဖူးမျှော်ခဲ့တယ်လို့ စေတီတော်ကြီးရဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရပါတယ်။
#Local_News
Published 8 January 2025
#ရွှေတိဂုံစေတီတော် #ပြည်ပခရီးသွားများလာရောက်ဖူးမျှော်
#YMG/NN #Yangon_Times
#Local_News
၈ ဇန်နဝါရီ ၂၀၂၅
▪️ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် လမ်း၃၀ အလယ်ဘလောက်ရှိ အမှတ်၁၁၀ ပထမထပ်ရှိ ရွှေချစ်သူစိန်၊ ရွှေ၊ ပလက်တီနမ်ရောင်းဝယ်ရေး ဆိုင်မှာ ယနေ့မနက် ၉နာရီခွဲခန့်က ိန်ထည်၊ရွှေထည်၊ ပလက်တီနမ် ရောင်းဝယ်ရေးဆိုင်ကို လူ ၃ဦးက သေနတ်ပြ၍ ဓားပြတိုက်သွားတယ်လို့ သိရပါတယ်။
▪️ အမည်အသိအမျိုးသား (၃)ဦးတို့က ပထမထပ်ရှိ အဆိုပါဆိုင်သို့ လာရောက်ကာ သေနတ်ဖြင့်ချိန်ကာ ဆိုင်ရှိငွေသားများနှင့် စိန်ရွှေပစ္စည်းများကို ဓားပြတိုက်ယူဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။
▪️ အဆိုပါဆိုင်မှ ငွေသား သိန်း၅၀၀နှင့် စိန်ရွှေပစ္စည်း သိန်း ၄၅၀၀ စုစုပေါင်း သိန်း ၅၀၀၀ခန့်ကို ဓားပြတိုက်လုယူသွားခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့က တရားခံများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#Local_News
Published 8 January 2025
▪️ ရန်ကုန်လူမြင်ကွင်းမှာ ေ-သနတ်နဲ့ အပစ်ခံရတဲ့ CCTV ထွက်ပေါ်လာပါတယ်။ အဆိုပါ CCTV မှတ်တမ်းဟာ ကြည့်မြင်တိုင်မြို့နယ်၊ စျေးကလေးရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ဗားကရာလမ်းထောင့်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်သတ်ဖြတ်ခံရတဲ့ မှတ်တမ်းလို့ သိရပါတယ်။
▪️ မှတ်တမ်းအရ ရန်ကုန်မြို့ရဲ့ လူမြင်ကွင်းဖြစ်တဲ့ ကြည့်မြင့်တိုင် ကမ်းနားလမ်းမှာလမ်းဖြတ်ကူးဖို့စောင့်နေတဲ့ အမည်မသိသူတစ်ဦးကို ေ-သနတ်ကိုင်ထားတဲ့ အမည်မသိသူတစ်ဦးက နောက်ကနေ အနီးကပ်ပစ်ချလိုက်ပေမယ့်လည်း ကူညီသူမရှိခဲ့တာကို CCTV မှတ်တမ်းမှာ တွေ့ရပါတယ်။
▪️ အဆိုပါမှတ်တမ်းမှာ လမ်း လယ်မှာ တစ်ဖက်ကားလမ်းကူးဖို့ ကျောပေးစောင့်နေသူတစ်ဦးကို ဒီဘက်လမ်းကနေလူတစ်ဦးကလိုက်ပါဖြတ်ကူးလာပြီး လမ်းလယ်မှာတင် နောက်ကနေပစ်ချလိုက်တာပါ။
▪️ ယင်းသို့ဖြစ်ပွားနေစဉ်အတွင်း လမ်းပေါ်နဲ့ပလက်ဖောင်းတွေမှာ ယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေရှိပေမယ့် ပစ်ချသူဟာ မူလလမ်းကိုပဲ ပြန်လည်ဖြတ်ကူး သွားပြီး အပစ်ချခံရသူမှာလည်း လဲကျသွားတာကိုတွေ့ရပါတယ်။
#YMG/NN #Yangon_Times
Page 620 of 2482