မြေပဲ၊ နေကြာ၊ နှမ်းဆီပိဿာချိန်ခြောက်သောင်းကျော် ရောင်းချပေးသွားမယ့် ‘ပြည်တွင်းဆီများ သင်္ကြန်အကြိုဈေးရောင်းပွဲတော်’ကို ရန်ကုန်မြို့မှာ ဧပြီလအတွင်းကျင်းပသွားမယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းကသိရပါတယ်။
#Local_News
Published 25 March 2025
#သင်္ကြန်အကြိုဈေးရောင်းပွဲတော် #မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း
#YMG/NN #Yangon_Times
မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်အနေနဲ့ လာမယ့် ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပေါင်းဆန်တန်ချိန် ၃ သိန်း တင်ပို့နိုင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ပြည်ပသို့ပေါင်းဆန်တင်ပို့
#YMG/SW #Yangon_Times
ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်တော်ကို ရန်ကုန်မြို့မှာစည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။
#Local_News
Published 25 March 2025
#ယူနက်စကိုစာရင်းဝင် #မြန်မာ့ရိုးရာအတာသင်္ကြန်
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ သောက်သုံးရေအခက်အခဲရှိသည့် ကျေးရွာများရှိရာ ရေလှူဒါန်းမှုများပြုလုပ်နေကြောင်း သိရသည်။
▪️ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းတိုက်နယ်၊ ငါ့လင်းပုတ်ကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပွား နေကြောင်းသိရသည်။
▪️ ထို့ကြောင့် ငါ့လင်းပုတ်ကျေးရွာရှိ သောက်သုံးရေအခက်အခဲဖြစ်ပွားနေသော အိမ်ထောင်စုများကို မတ်လ ၂၅ ရက်နေ့၊ မနက် ၁၀ နာရီ အချိန်က
တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလန်(၃၂၀၀) အား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) မှ စက်သုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များကို ဒေါ်လာ ၃၅ သန်းနှင့် တရုတ်ယွမ် ၁၀ သန်း ထုတ် ရောင်း သွားမည် ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့ ရောင်းချရာတွင် စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၃၅ သန်း နှင့် သွင်းကုန်လုပ်ငန်းရှင်များကိုမူ တင်တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည် ဖြစ်သည်။
▪️ သို့သော် ရောင်းချပေးမည့် နိုင်ငံခြားငွေများအတွက် ရည်ညွှန်းငွေလဲနှုန်းကိုတော့ သီးခြားဖော်ပြထားခြင်း မရှိသေးကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 25 March 2025
▪️ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိမြို့ရှိ အန်ကောဝပ် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ် (၅)ကီလိုမီတာ အပျော်တန်းအပြေးပြိုင်ပွဲသို့ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီးနှင့် ပထမအတွင်းဝန်တို့ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အပျော်တန်း အပြေးပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၃-၃-၂၀၂၅ ရက် နံနက်(၀၅၃၀)အချိန်တွင် ကျင်းပခဲ့ခြင်းဖြစ်ရာအပြေးပြိုင်ပွဲအား ကုန်သွယ်ရေးနှင့်စီးပွားရေးဆိုင်ရာဝါရင့်ဝန်ကြီး H.E. Prof. Dr. SOK Siphana နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး H. E. MEAS Kim Heng တို့က အဖွင့်မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပြီး အားကစားပွဲကို စတင်ခဲ့ကြောင်း သိရသည်။
▪️ အပျော်တန်းအပြေးပြိုင်ပွဲကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး၏ အရေးပါမှုအပေါ် အသိပညာမြှင့်တင်ရန်နှင့် Kuntha Bopha ကလေး ဆေးရုံကြီးအတွက် ရန်ပုံငွေရရှိရေး ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မဲခေါင်-လန်ချန်း နိုင်ငံသံရုံးများဖြစ်ကြသော တရုတ်၊ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ထိုင်း သံရုံးတိုမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဒေသခံပြည်သူများ စုစုပေါင်း (၇၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း၊
▪️ ပြိုင်ပွဲတွင် ပထမဆုံးပန်းဝင်သည့် အမျိုးသား(၃)ဦးနှင့် အမျိုးသမီး(၃)ဦးတိုအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲမှရရှိခဲ့သည့် အလှူငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၇၆၈၂/- ကို Kuntha Bopha ကလေးဆေးရုံကြီးမှ တာဝန်ရှိသူထံ လှူဒါန်းခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Daily_News
Published 24 March 2025
၁။ လူငယ်များ အသိပညာရှာမှီးရန် ရန်ကုန်တိုင်း၌ ပထမဆုံး လူငယ်စင်တာ စတင်ဖွင့်လှစ်
၂။ တောင်သူများထံမှ စပါးတင်းသိန်း၁၅၀နှင့် ဧည့်မထဆန်အိတ် လေးသိန်း ဝယ်ယူမည်
၃။ လျှပ်စစ်လိုအပ်ချက်အတွက် ဆိုလာများထုတ်လုပ်ရန် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်မည်
၄။ ပညာရေးဝန်ကြီးဌာနပိတ်သိမ်းမည့် အစီအစဉ်အား ဒေါ်နယ်ထရမ့်လက်မှတ်ရေးထိုး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 535 of 2482