#Local_News
Published - 11 July 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ပသို့ ဆီထွက်သီးနှံတင်ပို့ခွင့် ပြန်လည်ခွင့်ပြုပြီးနောက်ပိုင်းတွင်း နှမ်းနှင့် မြေပဲဈေးနှုန်းများ ဈေးမြင့်တက်လာကြောင်း ကုန်သည်များ၏ပြောပြချက်အရ သိရသည်။
ပြည်တွင်း၌ ဆီဈေးမြင့်တက်လာသည့်အတွက် ဝယ်ယူမှုများ မြင့်နေပြီး ပဲဈေးကွက်တွင် မြေပဲလုံးအနီဆံ တစ်ပိဿာ ၄,၅၀၀ ကနေ ၄,၇၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာ ၃၀၀ ကျပ်ဈေးတက်လာကြောင်း သိရသည်။
နှမ်းဖြူဈေးနှုန်းသည် တစ်အိတ်လျှင် ၂၂၀,၀၀၀ မှ ၂၄၀,၀၀၀ ပေါက်ဈေးရှိနေပြီး နှမ်းဖြူရိုးရိုးဈေးနှုန်းမှာ တစ်အိတ်လျှင် ၂၀၀,၀၀၀ ပေါက်ဈေးရှိကြောင်း၊နှမ်းညို ဈးနှုန်းသည် နှမ်းညို(သစ်) တစ်အိတ်လျှင် ၁၇၀,၀၀၀ မှ ၁၇၂,၀၀၀ ပေါက်ဈေးရှိကာတစ်အိတ်လျှင် ၂၀,၀၀၀ ကျပ်ဈေးတက်လာကြောင်း သိရသည်။
စားသုံးဆီ အဓိကတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံမှ တင်ပို့မှုရပ်ဆိုင်းလိုက် ခြင်းကြောင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် နှမ်းနက်မှလွဲ၍ မြေပဲနှင့်နှမ်းကို မေလ ၉ ရက်မှ စတင်ကာပြည်ပနိုင်ငံတွေထံ တင်ပို့ရောင်းချခွင့် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်
ယင်းအပြင် နိုင်ငံခြားငွေလိုအပ်ချက်အရ ပြည်ပတင်ပို့ခွင့်ပိတ်ထားသည့် ဆီထွက်သီးနှံများကို ပြန်လည်တင်ပို့ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_11 July 2022
ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ရှိ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဦးဝင်းနိုင်အား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်က ကျောက်တော်မြို့နယ်၊ အလယ်ရွာသို့ သွားရောက်လည်ပတ်စဉ် ယင်းအဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
ဦးဝင်းနိုင်သည် ကျောက်တော်ကမ္ဘာ့ရတနာဘဏ်၏ မန်နေဂျာဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်ကြောင်း၊ ယင်းအနေဖြင့် လက်ရှိနိုင်ငံရေးကိစ္စများတွင်လည်း ပါဝင်ပတ်သက်ခြင်းမျိုးမရှိဘဲ ဆေးအေးဆေးဆေး နေတတ်သူတစ်ယောက် ဖြစ်ကြောင်းလည်း သိရသည်။
"ဒီကိစ္စနဲ့ပတ်သက်ရင် ကမ္ဘာ့ရတနာဘဏ်က စစ်တွေမန်နေဂျာကို မေးပါ။သူတို့က ဘယ်အကြောင်းပဲဖြစ်ဖြစ် မန်နေဂျာကိုဆက်သွယ်ပါလို့ ပြောထားတာရှိတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးက YMG ကို ပြောသည်။
ယခုအခါ ဦးဝင်းနိုင်အား ဖမ်းဆီးသွားခြင်းမှာ မည်သည့်အကြောင်းကြောင့်ဆိုသည်ကို မည်သူမျှ မသိကြသေးပေ။
ymg/mt
#Yangon_Media_Group
#Local_News
Published - 11 July 2022
စားအုန်းဆီ အခြေခံကာလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၄၆၅၀ ကျပ်သတ်မှတ်ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အခြေခံလက်ကားရည်ညွှန်းစျေး ၄၆၀၀ ကျော်သတ်မှတ်ထားသော်လည်း စျေးကွက်တွင် တစ်ပိဿာ ၈၆၀၀ ကျပ်ဖြစ်ကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။
စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်းတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ် ပေါ်ရေးကို ထိန်းကျောင်းဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆိုသည်။
ကော်မတီအနေဖြင့် စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန် အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားရမည့်အခြေခံလက်ကားရည် ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၆၅၀ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်ထား ခြင်းဖြစ်သည်။
စားအုန်းဆီများနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
Published 10 July 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တရုတ်နှင့် အဓိက ယှဉ်ပြိုင်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ အရှေတောင်အာရှမှာ အမေရိကန်ရဲ့ အသစ်တဖန်ပြန်လည်တွန်းအားပေးမှုအပေါ် ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဘလင်ကန်ဟာ သူ့ရဲ့ အရှေ့တောင်အာရှခရီးစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရောက်ရှိနေရေး စိတ်ကူးအကြံဉာဏ်သစ်တွေကိုလည်း ရှာဖွေမှာဖြစ်ပါတယ်။
ဘလင်ကန်ဟာ အမေရိကန်နှင့်ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးတိုးချဲ့ရေး လက်မှတ်ရေးထိုးရင်း အာရှအတွက် အမေရိကန်ဦးဆောင်တဲ့စီးပွားရေးအစီအစဉ်နှင့် ရာသီဥတုပြောင်းလဲခြင်းများအပေါ် ထိုင်းနိုင်ငံရဲ့ လက်ခံယုံကြည်ဆောင်ရွက်မှုကိုလည်း ဘလင်ကန်က ထောက်ပြခဲ့ပါတယ်။
ဒေသအတွင်းမှာ ကျွန်တော်တို့အတွက် အရေးပါတဲ့ အင်ဒိုပစိဖိတ်လိုနေရာမှာ မဟာမိတ်နှင့် ပါတနာတစ်ဦးရှိနေတဲ့ ဒီအချိန် ထိုင်းနိုင်ငံကို ကျွန်တော်ရောက်ရှိတာ အထူးကျေနပ်မိပါတယ်. အာရှပစိဖိတ်ဟာ ၂၁ ရာစုရဲ့ အနာဂတ်အလားအလာကို နေ့စဉ်နှင့်အမျှ ပုံသွင်းပေနေပါတယ် လို့ ဘလင်ကန်က နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ကျွန်တော်တို့နိုင်ငံတွေဟာ ပန်းတိုင်တူကြပါတယ်.. လွတ်လပ်ပွင့်လင်းပြီး အချင်းချင်းချိတ်ဆက်ကာ ချမ်းသာကြွယ်ဝ၊ ဒူပေနာပေခံပြီး လုံခြုံမှုရှိတဲ့ အင်ဒိုပစိတ်ဖိတ်ဒေသဖြစ်ဖို့ပါ။ ပြီးခဲ့တဲ့ နှစ်များအတွင်း ဒီမျှော်မှန်းမှုကိုရှေ့ရှုပြီး ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ် လို့သူက ဆက်ပြောပါတယ်။
အင်ဒိုပစိဖိတ် စီးပွားရေးမူဘောင်မှာ ကျွန်တော်တို့နှင့်အတူ စတင်ဆောင်ရွက်တဲ့ ထိုင်းရဲ့ မိတ်ဖက်ဖြစ်မှုကို ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒါဟာ မိသားစုဝင်တွေကို ကူညီပေးမယ့် ပိုပြီးအားကောင်းမျှတပြီး ဒူပေနာပေခံတဲ့ စီးပွားရေးတစ်ရပ် ဖန်တီးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်.. အလုပ်သမားတွေကိုလည်းကူညီမယ် ဒေသတစ်လျောက် စီးပွားရေးလုပ်ငန်းတွေကိုလည်း ကူညီမှာပါလို့ သူကပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမူဒွင်နိုင်းက ယနေ့မှာ ကျွန်တော်တို့ သဘောတူညီချက်လက်မှတ်ရေးခဲ့ကြပါတယ်.. ထိုင်း-အမေရိကန် ကြေညာချက်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်..ထိုင်း-အမေရိကန် မဟာဗျူဟာမြောက်မဟာမိတ်နှင့်မိတ်ဖက် သဘောတူ ကြေညာချက်ဟာ ကျွန်တော်တို့ရဲ့ ပိုမိုနီးကပ်တဲ့ မဟာမိတ်နှင့် ချစ်ကြည်ရင်းနှီးမှု ရေရှည်ဆံဆက်ရေးတို့ရဲ့ သက်သေတစ်ခုပါ။ ထိုင်းဟာ အာရှကို အမေရိကန်ရဲ့ တွန်းအားပေးမှုမှာ ကူညီနေပါတယ်လို့ ပြောပါတယ်။
ထိုင်းဟာ အမေရိကန်ရဲ့ ရှေးအကျဆုံး အာရှမဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပြည်တွင်းစစ်ပွဲအတွင်းမှာ အီဘရာဟမ် လင်ကွန်းကို ဆင်တွေလှူခဲ့တာ နာမည်တွင်ကျန်ခဲ့ပါတယ်။ အဲဒီအပြင် တိုးတက်နေတဲ့ တရုတ်နှင့်လည်း အတူတကွလုပ်ဆောင်မှုတွေ တိုးမြှင့်နေတာဖြစ်ပါတယ်။
Source: AFP
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
Page 2087 of 2405