#LocalNews
Published - 5 Apr 2022
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF Futsal Championship 2022 ပြိုင်ပွဲမှာ မြန်မာ့လက်ရွှေးသင်ဖူဆယ်အသင်းဟာ ဒုတိယပွဲစဥ်အဖြစ် သြစတေးလျအသင်းနဲ့ယှဥ်ပြိုင်ရာမှာ ၆ ဂိုး ၁ ဂိုးဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
မနေ့ကယှဥ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားဝင်ဗီယက်နမ်အသင်းကို ၁-၁ ဂိုးသရေ စွမ်ဆောင်နိုင်ခဲ့ပြီး
ကမ္ဘာ့အဆင့် ကွာခြားချက်မြင့်မားတဲ့ အင်အားကြီးဗီယက်နမ်အသင်းကို သရေကစားပြီး မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေနဲ့ ဖူဆယ်ကစားနည်းတိုးတက်လာမှုကို ပရိသတ်အနေနဲ့တွေ့မြင်ခဲ့ရပါတယ်။
ထိုင်းနည်းပြနဲ့အတူပွဲထွက်လာတဲ့ မြန်မာလက်ရွေးစင်အသင်းဟာ ကမ္ဘာ့အဆင့် ၃၈ မှာရပ်တည်နေတဲ့ ဗီယက်နမ်အသင်းကို သရေကစားနိုင်ခဲ့တာကြောင့် ရမှတ် ၁ မှတ် ယနေ့ပွဲစဥ်မှာ အနိုင် ၃ မှတ်ရရှိထားပြီး အုပ်စုနောက်ဆုံးပွဲစဥ်ကို တီမောလက်စတေအသင်းနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 5 March 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ (၁၄)လမ်းတွင် ယနေ့ ဧပြီလ ၅ ရက်၊ နံနက်ပိုင်းက မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဆိုပါလမ်းတွင်းရှိ နေအိမ်အချို့ပါ မီးကူးစက်လောင်ကျွမ်းမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် သုမာလာ (၁၄)လမ်းရှိ နေအိမ်ခြောက်လုံးခန့် မီးကူးစက်လောင်ကျွမ်းခဲ့ပြီး မီးစတင်လောင်းရတဲ့ အကြောင်းအရင်းကိုမသိရသေးပဲ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ယင်းမီးလောင်မှုဖြစ်ပွားရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များက နံနက် ၉ နာရီ ၇ မိနစ် အချိန်ခန့်တွင် Level -1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသတ်ခဲ့ပြီး နံနက် ၉ နာရီ ၁၄ မိနစ်အချိန်တွင် Level -2 ယာဉ်အုပ်စုဖြင့် ထပ်မံမီးငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိုသို့ ငြိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၆ မိနစ်အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး ၉ နာရီ၊ မိနစ် ၂၀ အချိန်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
Photo- MFSD/CJ
ymg/kg
#Yangon_Media_Group
#Local_News
Published_ 5 April 2022
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အီးယူကတင်သွင်းတဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အဆိုကို နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၁ ရက်တွင် ဂျီနီဗာမြို့၌ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၉) ကြိမ်မြောက် အစည်းအဝေးတွင် ဥရောပသမဂ္ဂ(အီးယူ)က တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံကိစ္စ ဆုံးဖြတ်ချက်အဆို ချမှတ်ခဲ့ခြင်းသည် လူ့အခွင့်အရေးကောင်စီ၏ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိခြင်း၊ ဆုံးဖြတ်ချက်အဆိုတွင် ပါရှိသည့် အချက်များသည်လည်း ခိုင်လုံမှုမရှိခြင်းတို့ကြောင့် လက်ခံနိုင်ခြင်းမရှိဘူးဆိုပြီး ဖော်ပြထားပါတယ်။

ကောင်စီအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုကို နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ထားခြင်းကြောင့် လူ့အခွင့်အရေးကောင်စီ၏ အခြေခံမူတစ်ခုဖြစ်သည့် အပြန်အလှန်ဆွေးနွေးခြင်း အနှစ်သာရမှာလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းလျက်ရှိပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူများနှင့် ဆန့်ကျင်သော နိုင်ငံအချို့၏ စွက်ဖက်သော အပြုအမူများကို ရှုတ်ချတယ်လို့ဆိုကာ ဆုံးဖြတ်ချက်အဆိုတင်သွင်းသော နိုင်ငံများ၏ မြန်မာနိုင်ငံအတွက် အထောက်အကူ မပြုသောဆောင်ရွက်ချက်နှင့် ဆုံးဖြတ်ချက်အဆိုပါ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးသောယန္တရားများနှင့် ဖော်ပြချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံများ၏ အပြုသဘောဆောင်သော ပြောကြားချက်များကို အသိအမှတ်ပြုမှတ်သားထားကာ မြန်မာနိုင်ငံအပေါ်ဆန့်ကျင်သည့် ဆုံးဖြတ်ချက်အဆို အတည်ပြုချမှတ်ရာတွင် ပါဝင်ပတ်သက်ခြင်းမပြုခဲ့ကြတဲ့ နိုင်ငံများကိုလည်း ကျေးဇူးတင်ရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Published 4 April 2022
တရုတ်နိုင်ငံရဲ့ ကုန်းလမ်း-ရေလမ်း လမ်းကြောင်းသစ်တစ်ခုအဖြစ် ရန်ကုန်ကို ခရီးဆုံးထားရှိကာ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ရောက်အောင် ကုန်စည်ပို့ဆောင်တဲ့ တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်- အိန္ဒိယသမုဒ္ဒရာ)ဟာ ဧပြီ ၂ရက်နေ့ စနေနေ့က ချုံချင့် မီးရထား ကွန်တိန်တာ စင်တာကနေ ထွက်ခွာ ခုတ်မောင်းခဲ့ပါတယ်။
ချုံချင့်ကထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ် အစိတ်အပိုင်းတွေ သယ်ဆောင်လာတဲ့ အဲဒီ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားဟာ ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်းမှာ ကုန်းလမ်းပို့ဆောင်ရေးအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံကို အဝေးပြေးလမ်မကြီးမှ တစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမှာဖြစ်ပါတယ်။
ယခုသယ်ယူပို့ဆောင်မှုအသစ်အရ ရန်ကုန်ကိုရောက်ရှိဖို့ ရက်ပေါင်း ၁၀ရက်မှ ၁၄ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ တကယ်လို့ ယန်စီမြစ်ကနေတစ်ဆင့် အရှေ့ပိုင်းကမ်းခြေမြို့အထိသွားကာ အဲဒီကမှတစ်ဆင့် ပင်လယ်ထဲထွက်တဲ့ သမားရိုးကျ လမ်းကြောင်းအရဆိုရင် ရက်ပေါင်း ၂၀ကျော် ကြာမြင့်တာပါ။ ယခုလမ်းကြောင်းသစ်အရ သယ်ယူပို့ဆောင်ရာမှာ ကြာမြင့်ချိန်ကို ဖြတ်တောက်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီနှစ်အကုန်မှာ အဲဒီလမ်းကြောင်းကနေ ကမ္ဘာအနှံ့ နိုင်ငံပေါင်း၁၀၇နိုင်ငံက ဆိပ်ကမ်းပေါင်း ၃၁၅ ခုအထိ ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ်မှာ ချုံချင့်ကနေသွားတဲ့ ရထား-ပင်လယ်ကုန်သယ်ယူမှု၊ နယ်စပ်ဖြတ်ကျော်ပြီး လွန်းပျံ ဘတ်စ်ကားများနှင့်ပို့ဆောင်မှုနှင့် နိုင်ငံတကာရထားလမ်းကြောင်းအသုံးပြုမှုတို့ဟာ စုစုပေါင်းကုန်စည်တွေရဲ့ ၆၀ရာခိုင်နှုန်း၊၁၇ရာခိုင်နှုန်းနှင့် ၃၀ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။
တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်တဲ့အတွက် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်တစ်ခုအဖြစ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဲဒါဟာ ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source CMG
#LocalNews
Published -4 Apr 2022
ရောဂါကူးစက်မှုတွေကြောင့် ကုန်စည်ပို့ဆောင်ရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ များစွာနစ်နာခဲ့ရတဲ့ တရုတ်မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေကို တရုတ်အာဏာပိုင်တွေက ဧပြီလ ၃ ရက်နေ့ ည ၈ နာရီအချိန်ကစတင်ကာ အဲ့ဒီမြို့တွေနဲ့ မြန်မာနယ်စပ်ဝင်ထွက်ပေါက်နေရာတွေကို ရောဂါကူးစက်မှုအနိမ့်ဆုံးဇုန်အဖြစ်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 4 April 2022
မြန်မာနိုင်ငံအတွင်း ဧရာဝတီတိုင်းအပါအဝင် ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာရှိတဲ့ ငါးသလောက် သားပေါက်တဲ့နေရာတွေကို ထိန်းသိမ်းရေးဧရိယာ ၆ သိန်းကျော် သတ်မှတ်ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 4 April 2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၉,၂၇၄ ဒဿမ ၃၈ ဧက ရှိတဲ့နယ်မြေကို အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်နေ့စတင်ပြီး အစိမ်းရောင်တံတိုင်း ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တာပါ။
ဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ကာကွယ်ထိန်းသိမ်းလိုက်တဲ့အတွက် ဒီရေတောတွေ စနစ်တကျ စီမံအုပ်ချုပ်နိုင်တာ အစိမ်းရောင်သဘာဝတံတိုင်းတစ်ခုအဖြစ် ဒီရေတောများ ပေါ်ထွက်လာတာ သစ်တောပြုန်းတီးမှုထိန်းသိမ်းကာကွယ်နိုင်တာ သစ်တောဖုံးလွှမ်းမှုတွေ တိုးပွါးလာပြီး ဂေဟစနစ်ဝန်ဆောင်မှုတွေတိုးပွါးလာတာနဲ့ ရာသီဥတုသာယာမျှတာတွေ အပြင် သား၊ ငါး၊ ပုစွန်များ ပေါကြွယ်ဝပြီး ဒေသခံပြည်သူတွေအတွက် သစ်၊ ထင်း လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်တာ စတဲ့အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာဖြစ်လို့ ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာလိုက်တာ ဖြစ်ပါတယ်။
အစိမ်းရောင်တံတိုင်းဒီရေတောကြိုးပြင်ကာကွယ်တော ဧရိယာအတွင်း ဒီရေတောအပင် မျိုးစိတ်တွေဖြစ်တဲ့ သမဲ့၊ ကန့်ပလာ၊ ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ လမု၊ ကနစို၊ ကျနပင် များပေါက်ရောက်ပြီး ငါး၊ ပုစွန်၊ ကဏန်းတို့ပေါက်ဖွါးရာ နေရင်းဒေသများလည်းဖြစ်ပြီး ငှက်ကြီး ဝံဗို၊ ငှက်ကျား၊ မယ်သူတော်၊ ဗျိုင်း စတဲ့ ရေပျော်ငှက်များ ကျက်စားရာဒေသလည်း ဖြစ်ပါတယ်။
အစိမ်းရောင်တံတိုင်းဒီရေတောကြိုးပြင်ကာကွယ်တောကို ဒေသတွင်းရှိ ရေမြေသဘာဝနဲ့ ရာသီဥတုကို မျှတစေဖို့ ဇီဝမျိုးစုံနဲ့ ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်၊ ဒေသစိမ်းလန်း စိုပြည်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုနိုင်ရန်၊ ပင်လယ်ကမ်းရိုးတန်း တလျှောက်တွင်ရှိသော ကျေးရွာများကို လေမုန်တိုင်းတိုက်ခတ်ခြင်း၊ ဒီရေလှိင်းရိုက်ခတ်ခြင်း စတဲ့သဘာဝဘေးအန္တရာယ်များဘေးမှ ဒီရေတောအပင်များနဲ့ တံတိုင်းကြီးတစ်ခုသဖွယ် ကာကွယ်တားဆီးနိုင်ဖို့ ရည်ရွယ်ပါတယ်။
ဒီရေတောနယ်နိမိတ်အတွင်း သစ်တော၊ ရေ၊ မြေ၊ သားငှက်တိရစ္ဆာန်တွေအတွက် ဘေးကင်းလုံခြုံပြီး တည်ငြိမ်သောဂေဟစနစ်ကို ဖြစ်ပေါ်လာစေဖို့နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွါးဘဝဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့ ရည်ရွယ်ပြီး ဒီရေတောကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်လိုက်တာလို့ သိရပါတယ်။
ymg/ei
#Yagon_Media_Group
Page 2089 of 2204