#LocalNews
Published _ 12 July 2022
နိုင်ငံတော်ဓာတ်အားလိုင်းနှင့် သုံးမိုင်မှငါးမိုင်အတွင်း ကျေးရွာများ လျှပ်စစ်မီးလျှောက်ထားနိုင်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သိရသည်။
မူလက ကျေးရွာပေါင်း ၉၆ ရွာတွင် လျှပ်စစ်မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကာ လျှပ်စစ်မီးစတင်သုံးစွဲနိုင်ပြီဖြစ် ကြောင်း ၊ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးအသုံးပြုနိုင်ရေး အတွက် ၂၀၁၅-၂၀၃၀ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောကြောင့် နိုင်ငံတော်ဓာတ်အားလိုင်းနှင့် သုံးမိုင်မှ ငါးမိုင်အတွင်းရှိ ကျေးရွာများကို Phase-2 အစီအစဉ်ဖြင့် ကျေးရွာပေါင်း ၄၇၀၀ အထိ လျှပ်စစ်မီးရရှိရေး လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယင်းနောက်စစ်ကိုင်းတိုင်းဒေသကြီး၌ ၃၃ ရွာ ၊ ပဲခူးတိုင်းအနောက်ဘက်ခြမ်းဒေသတွင် ၃၆ ရွာ၊ ပဲခူးတိုင်း အရှေ့ဘက်ခြမ်းဒေသ၌ ၄၃ ရွာ၊ မကွေးတိုင်းတွင် ၁၀ ရွာ၊ ရှမ်းပြည်နယ်တောင်ပိုင်း၌ သုံးရွာ၊ ဧရာဝတီတိုင်းတွင် ၈၄ ရွာတို့တွင်လည်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#LocalNews
Published_12 July 2022
ဆီထွက်သီးနှံတွေကလွဲလို့ ကျန်တဲ့လယ်ယာထွက်ကုန်တွေကို တရုတ်နိုင်ငံကို ပို့တဲ့အခါ တရုတ်ယွမ်နဲ့ပဲ ရောင်းချခွင့်ရတာကြောင့် ကုန်သည်တွေ အဆင်ပြေကြတယ်လို့ မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောပါတယ်။
#Yangon_Media_Group
#LocalNews
Published_12 July 2022
တိုင်းဒေသကြီး၊ပြည်နယ်အချို့တို့တွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် ပိုရောင်းသော စက်သုံးဆီဆိုင် ၈၂ ဆိုင်ကို ဥပဒေနှင့်အညီ အရောင်းဆိုင်အဆင့်လိုက် ဒဏ်ကြေးသတ်မှတ်အရေးယူခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
စက်သုံးဆီဆိုင်များအနေဖြင့် နေ့စဉ်ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်း ရှိ၊မရှိကိုလည်း တိုင်းဒေသကြီးပြည်နယ်အလိုက် သက်ဆိုင်ရာ ဌာနများ၊ပူးပေါင်းအဖွဲ့များက မကြာခဏ ရှောင်တခင်ဝင်ရောက်စစ်ဆေးနေကြောင်းနှင့် စက်သုံးဆီဝယ်ယူသူများအနေဖြင့်လည်း မကျေနပ်မှုများရှိပါက သတင်းပေးနိုင်ကြောင်းလည်း သိရသည်။
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စက်သုံးဆီအမျိုးအစားအလိုက် စင်ကာပူနိုင်ငံ၏ နေ့စဉ် MOPS Price အပေါ်အခြေခံ၍ သယ်ယူစရိတ်နှင့် ပရီမီယံအာမခံကြေးများ၊အခွန်အခများ၊လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များ စသည်တို့အပေါ် သင့်တင့်သည့်အမြတ်ရာခိုင်နှုန်းထပ်ပေါင်းကာ နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများသတ်မှတ်ရောင်းချပေးကြောင်း သိရသည်။
ယင်းရည်ညွှန်းဈေးနှုန်းများကို ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင် တိုင်းဒေသကြီး၊ပြည်နယ်အလိုက်မြို့တော်များ၊မြို့များအတွက် သင့်တင့်မျှတသည့် သယ်ယူပို့ဆောင်ခစရိတ်များ ထပ်ဆောင်းတွက်ချက် ထုတ်ပြန်ပေးသွားရန်လည်းရှိနေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_12 July 2022
မြန်မာ့ခရီးသွားဘဏ်အနေနဲ့ ဘဏ်အသိုင်းအဝိုင်းမှာ နောက်ကျမှဖွင့်ခဲ့တဲ့ ဘဏ်ဖြစ်ပေမဲ့လည်း ချေးငွေလျှောက်ထားသူတွေအနေနဲ့ သတ်မှတ်ချက် ပြည့်စုံတယ်ဆိုရင် အမြန်ဆုံး ထုတ်ချေးပေးနိုင်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published_12 July 2022
ထိုင်းနိုင်ငံသို့သွားရောက်ကြမည့် MoU လုပ်သားများ ကွာရန်တင်း ငါးရက်နေရမည်ဟု သတင်းထွက်ပေါ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်ကစ၍ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများစတင်သွားရောက်ခွင့်ရခဲ့ကြရာ ဇွန်လအကုန်အထိ ထိုင်းဘက်ခြမ်းတွင် ကွာရန်တင်း ဝင်ရောက်စရာမလိုဘဲ အလုပ်အကိုင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းစစ်ဆေးမှု၊ကိုဗစ်စစ်ဆေးမှုများပြုလုပ်ကာ အလုပ်လုပ်မည့်နေရာသို့ သွားရောက်ခွင့်ရခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း ဇူလိုင်လ ၁ ရက်က စ၍ မဲဆောက်ဘက်ခြမ်းတွင် ကွာရန်တင်း တစ်ရက်ဝင်ရောက်ခဲ့ကြရပြီး ယခုအခါ ငါးရက်ဝင်ရမည်ဟု သတင်းထွက်နေခြင်းဖြစ်ကြောင်း သိရသည်။
"သတင်းကတော့ မသေချာသေးဘူး။ဒါပေမဲ့လည်း ဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့ ကိုဗစ်တွေက ပြန်ပြီးတော့ဖြစ်နေတယ်ဆိုတော့လေ၊ပြီးခဲ့တဲ့ ဇူလိုင်လ တစ်ရက်နေ့ကစပြီးတော့ ကွာရန်တင်းတစ်ရက်ထားခဲ့တာကို ရက်ထပ်တိုးမယ့် သဘောလို့ပဲ မြင်ပါတယ်"ဟု ပြည်ပအေဂျင့်တစ်ဦးကပြောသည်။
ယနေ့ ဇူလိုင်လ ၁၂ ရက်တွင် ထိုင်းနိုင်ငံသို့ မြဝတီ - မဲဆောက် ချစ်ကြည်ရေးအမှတ် (၂) တံတားမှ တစ်ဆင့် MOU စနစ်ဖြင့် အလုပ်သမား ၇၀၀ ကျော် ထပ်မံ သွားရောက်ခဲ့ကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 12 July 2022
မြန်မာ-ရုရှားကုန်သွယ်မှု ဒေါ်လာတစ်ဘီလီယံထိ တိုးမြှင့်နိုင်ရေး ရည်မှန်းထားကြောင်း နှစ်နိုင်ငံကုန်သွယ်ရေးဆွေးမှုအရ သိရသည်။
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (ဇူလိုင်လ ၁၁ရက်)တွင် ပြုလုပ်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ယင်းဆွေးနွေးပွဲတွင် မြန်မာ့ပိုကုန်များ ရုရှားနိုင်ငံဈေးကွက်သို့ မဟာဗျူဟာ ကျကျ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နည်းလမ်းရှာဆောင်ရွက်သွားရန်ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာ- ရုရှား နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာသန်း ၆၀ ကျော်သာရှိပြီး အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်တင်ပို့နိုင်ရေး နှစ်နိုင်ငံလုံးမှ ရည်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း အစရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို ရုရှားနိုင်ငံသို့တင်ပို့ရန် အလားအလာရှိသော ကုန်စည်များအဖြစ် ဈေးကွက်သစ်ချဲ့ထွင်တင်ပို့သွားမယ်လို့ သိရသည်။
အစည်းအဝေးကို နစက ဌာနတွေနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း အစရှိသည့် ကုန်သည်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 12 July 2022
၁။ဆန်နှင့်ဆန်ကွဲပို့ကုန်ကို တရုတ်ယွမ်ဖြင့်သာ ရောင်းချခွင့်ရကြသောကြောင့်ကုန်သည်များအဆင်ပြေ
၂။ကိုဗစ်ရောဂါ ပြည်တွင်းသို့ပြန်ဝင်ကူးစက်မှုမရှိစေရေး ထပ်ဆောင်းကာကွယ်ဆေး မဖြစ်မနေထိုးနှံရန်လိုဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ငွေချည်မျှင်များဖြင့်ရက်လုပ်သည့် လစ်ဗျားရိုးရာရတနာလက်မှုပညာပြန်လည်ပေါ်ထွန်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 2084 of 2405