#Local_News
Published_ 31 July 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်တွင် ငွေကျပ် သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ တရားမဝင်သယ်ဆောင်လာတဲ့ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၃၅ ဒသမ ၉၅ တန် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဇူလိုင် ၂၆ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီမြို့နယ်၊ ချောင်းဆာကျေးရွာ၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် မူဆယ်မှလားရှိုးဘက်သို့ အောင်ကိုမင်းမောင်းနှင်ပြီး ဟိန်းမင်းဇော် လိုက်ပါလာတဲ့ NISSAN ၂၂ ဘီးတွဲကား မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၃၂၀၀ ကျော်တန်ဖိုးရှိ တရားမဝင် သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ် ၃၅ ဒသမ ၉၅ တန် သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အမိုနီယမ်နိုက်ထရိတ်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group.
#Local_News
Published_ 30 July 2022
ဇူလိုင် ၃၀ ရက် ဒီကနေ့နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ကျောက်တံတားမြို့နယ်၊ (၁) ရပ်ကွက်၊ စည်ပင်လမ်းရှိ မြို့တော်ခန်းမ ဝင်/ထွက် ဂိတ်ပေါက်သို့ အမျိုးသား ၂ ဦးက လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လက်ပစ်ဗုံးများ ပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် စည်ပင်နေ့စားဝန်ထမ်း ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံး များနှင့် လက်လုပ်မိုင်းများကို အသုံးပြု၍ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများပြည်သူများနှင့် သက်ဆိုင်သည့်နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်းများ မကြာခဏဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published - 30 July 2022
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ တင်ပြဖို့ ပျက်ကွက်ခဲ့ပါက မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 30 July 2022
-မျောက်ကျောက်နှင့် စူပါကာလသားရောဂါ ဘယ်လိုဆက်စပ်မှုရှိနေသလဲ။ ဘယ်လိုကာကွယ်ကြရမလဲ??
#Yangon_Media_Group
#Local_News
Published_30 July 2022
လတ်တလောမှာဒေသအချို့မှာ နေ့အပူချိန်တွေစံချိန်တင်မြင့်တက်နေပြီး ရာသီဥတုပူပြင်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးအန္တရာယ်ဖြစ်ပေါ်လာနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 30 July 2022
စပါးစိုက်တောင်သူတွေရဲ့လက်ထဲမှာ သိုလှောင်ထားတဲ့ စပါးလက်ကျန်တွေ မရှိသလောက်နည်းပါနေတဲ့အတွက် ပြည်တွင်းဆန်ဈေးနှုန်းတတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 30 July 2022
EPS စာမေးပွဲဖြေဆိုအောင်မြင်သူများမှ ကိုရီးယား ဗီဇာကြေးသွင်းရန် တစ်ဒေါ်လာကို ကျပ်၂၄၀၀ နဲ့ပြင်ပဈေးကွက်ကနေ ဝယ်ယူနေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1980 of 2341