#Local_News
Published - 9 July 2022
အခြေခံပညာစာသင်ကျောင်းများပိတ်ထားပြီး ၂ နှစ်ကျော်အကြာတွင် စာသင်ကျောင်းများ ပြန်ဖွင့်သည့်အတွက် စည်းကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမှု အားနည်းပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားခြင်းဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
ယခုရက်ပိုင်းအတွင်း အခြေခံပညာစာသင်ကျောင်းများ၌ အုပ်စုဖွဲခိုက်ရန်ဖြစ်ပွားမှု မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။
"နှစ်စဥ်ကတော့ ကျောင်းဖွင့်ရာသီတွေမှာ ဖြစ်လေ့ဖြစ်ထလေးတွေရှိတယ်။ ဒီနှစ်မှာတေ့ာ နေပြည်တော်မှာဆိုရင် အသေအပျောက်တွေဘာတွေရှိတာ ကျွန်တော်တို့တွေ့ရပါတယ်။ ကြားကာလမှာလည်း ကျောင်းပိတ်ထားတဲ့အနေအထား ကိုဗစ်နဲ့ပိတ်ထားတဲ့ကာလ။ ပြီးတော့ နည်းနည်းလေးလည်း အသက်အရွယ်ရလာပြီး တေ့ာမှ ဆရာ၊ ဆရာမရဲ့ အုပ်ထိန်းမှုတွေ လွတ်လာတယ်လို့ ကျွန်တော်သုံးသပ်တာပေါ့။ ကျောင်းသား ကျောင်းသူတွေကလည်း အရင်ကထက်စာရင် အများကြီးကျောင်းအပ်လာတော့ ကျောင်းနဲ့ ကင်းကွာသွားတဲ့အချိန်မှာ နည်းနည်းလေး စည်းကမ်းပိုင်းဆိုင်ရာ အားနည်းသွားတယ်လို့ သုံးသပ်ရတယ်။ ရုတ်တရက်ဆရာ၊ ဆရာမတွေက လတ်တလောမှာ တချို့မထိန်းနိုင်တာလေးတွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မိတယ်"ဟု အ ခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လမ်းပျဉ်းမနားရွာမ ရပ်ကွက်မှာရှိသည့် အထက-၁၉ ကျောင်းတွင် ကျောင်းသားများ အုပ်စုလိုက်ရန်ဖြစ်ပွားမှုတွင် တစ်ဦးသေဆုံးခဲ့ကြောင်း၊ ယင်းအပြင် ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း အထက်တန်းကျောင်းတစ်ခုတွင် ကျောင်းသားတစ်ဦးကို တခြားကျောင်းသားတွေများမှ အဖွဲ့လိုက် ဝိုင်းဝန်းထိုးကြိတ်နေသည့် ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံ့နှံခဲ့ကြောင်း သိရသည်။
"ထိန်းချုပ်မှုတွေက သက်ဆိုင်ရာကျောင်းတိုင်းကျောင်းတိုင်းမှာ ကျောင်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီဆိုတာရှိတယ်။ ကျောင်းအုပ်ကြီးက ဥက္ကဌပေါ့။ ကျန်တာက ကျောင်းမှာရှိတဲ့ အထက်တန်းပြ၊ အလယ်တန်းပြတွေပါတဲ့ အဖွဲပေါ့။ ပြီးတော့ကော်မတီထဲမှာ ရပ်မိရပ်ဖတို့ ကျောင်းအကျိုးတော်ဆောင်တွေလည်းပါတယ်။ ဒါတွေလည်း ကျောင်းစည်းကမ်းထိန်း သိမ်းဖို့အတွက် အတွင်းမှာရောအပြင်မှာရော အရင်တုန်းကတော့ ဆောင်ရွက်ခဲ့တာပဲ။ လက်ရှိလည်း ဒီတိုင်းသွားနေတာပါ" ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 9 July 2022
မြို့ပြများတွင်ငလျင်လှုပ်ခတ်ပါက အထပ်မြင့်တိုက်နေ ပြည်သူများ စိုးရိမ်တကြီး ပြေးဆင်းခြင်းမျိုး မလုပ်သင့်ဘဲ နေအိမ်အဆောက်အဦးအတွင်းအခိုင်ခံ့ဆုံး၊ဘေးအကင်း ဆုံးနေရာတွင်နေထိုင်ကြရမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးက YMG ကို ပြောသည်၊၊
ရန်ကုန်ရှိ အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်ကြသူများအနေဖြင့် တိုက်ခန်းအတွင်း အခိုင်ခံ့ဆုံး၊ဘေးအကင်းဆုံးနေရာများကို တတ်ကျွမ်းသော အင်ဂျင်နီယာများကို ပြသပြီး ကြိုတင် မှတ်သားထားသင့်သည်ဟု ဆိုသည်၊၊
"ကြိုတင်ပြင်ဆင်မှုအနေနဲ့ဆိုရင်တော့ မိမိနေထိုင်ရာ အိမ်မှာဆိုရင်လည်း ဘယ်နေရာ ကတော့လုံခြုံမှုရှိနိုင်သလဲ၊၊ ငလျင်လှုပ်ခတ်မှုကြောင့်အရာဝတ္ထုတွေ ပြုတ်ကျနိုင်တဲ့ ပြိုကျနိုင်မယ့်နေရာမျိုးတွေကိုရှောင်ရှားရမယ်၊၊ နောက် ခိုင်ခံ့တဲ့နေရာပေါ့နော်၊၊ခိုင်ခံ့တဲ့ နေရာတွေကိုတတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေကိုပြသပြီးကြိုတင်မှတ်သားထားသင့်တယ်၊၊အဲဒီ့နေရာတွေကို ပြသပြီးတော့မှတ်သားထားသင့်တယ်၊၊ မိမိ မိသားစုအတွင်းမှာ ဘယ်နေရာကတော့ ဘေးကင်းတဲ့နေရာ၊ ဘယ်နေရာတွေကတော့ အန္တရာယ်ရှိတဲ့နေရာ စတဲ့အဲဒီနေရာတွေပြသပြီးမှတ်သားထားသင့်တယ်၊၊ အထပ်မြင့်မှာနေတဲ့သူတွေအနေနဲ့ ငလျင်လှုပ်ရင် ရုတ်တရတ်ပြေးဆင်းတာမျိုးတွေမလုပ်သင့်ဘူး၊၊ အခိုင်ခံ့ဆုံးနေရာမှာနေတာ၊စားပွဲအောက်မှာနေတာတွေပြုလုပ်သင့်တယ်"လို့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးကပြောသည်၊၊
ငလျင်လှုပ်ခတ်မှုသည် စက္ကန့်ပိုင်းမှ မိနစ်ပိုင်းအတွင်းသာကြာသည့်အတွက် အထပ်မြင့် နေပြည်သူများ လှေကားအိမ်များသို့ ပြေးဆင်းခြင်းမျိုးမပြုသင့်ဘဲ မိမိနေအိမ်၊တိုက်ခန်းများ အတွင်းတွင်သာ အခိုင်ခံ့ဆုံးနေရာ၊ ဘေးအကင်းဆုံးနေရာများ၊အရာဝတ္ထုပစ္စည်း များပြုတ်မကျနိုင်သော နေရာများတွင်နေထိုင်ကြရန် ဒေါက်တာယဥ်မျိုးမင်းထွေးက အကြံပြု ပြောကြားထားကြောင်း သိရသည်၊၊
Photo credit YGH
ymg/tthl
#Yangon_Media_Group
#Local_News
Published _ 9 July 2022
မြန်မာနိုင်ငံမျက်မမြင်များအသင်း အနေဖြင့်အသင်းအနေဖြင့် မဟာဗျူဟာလုပ်ငန်း စီမံချက်များနှင့်အညီ ပြည်တွင်းရှိမျက်မမြင်အမျိုးသမီးများ အတွက် ပံ့ပိုးကူညီခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ အရပ်ဖက်လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ မိတ်ဖက်အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မျက်မမြင်များ အသင်းသည် အမြင်အာရုံမသန်စွမ်းသူ အမျိုးသမီးများ အပါအဝင် အမျိုးသမီးများ အားလုံးအတွက် နေချင်စဖွယ်ကောင်း၍ အားလုံးအကျုံးဝင်ပါဝင်နိုင်သည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာရန် ရည်ရွယ်ထားကြောင်း သိရသည်။
အထူးသဖြင့် အမြင်အာရုံမသန်စွမ်း အမျိုးသမီးများအတွက် လိုအပ်သော ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ်များနှင့် ပညာသင်ယူခွင့် သေချာစေရေးအတွက် လည်းကောင်း လူမှုဘဝနယ်ပယ် အသီးသီးတွင် အခြားနိုင်ငံသားများ နည်းတူပါဝင် ဆောင်ရွက်နိုင်ခွင့်များ တိုးမြင့်ရရှိနိုင်ရေးအတွက်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အသင်း၏ဗဟိုအမှုဆောင်များ၊ ဝန်ထမ်းများနှင့် အသင်းသူ၊ အသင်းသားများမှ ကျရာကဏ္ဍမှ ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 9 July 2022
အင်ဒိုနီးရှားနိုင်ငံမှာ ၁၁ ကြိမ်မြောက် ကျင်းပမဲ့ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ သွားရောက်ယှဥ်ပြိုင်မဲ့ မြန်မာအားကစားအဖွဲ့အနေဖြင့် ယခုလ (ဇူလိုင် ၂၅) ရက်မှာ စတင်ထွက်ခွာမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 9 July 2022
လက်သင်္ကေတပြ ဘာသာသင်တန်း Sign Language ကို အွန်လိုင်း zoom ကနေ တစ်ဆင့် သင်ကြားသွားမည်ဖြစ်ပြီး သြဂုတ်လအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းမှ သိရသည်၊၊
နားမကြားသောကလေးငယ်များ၏ မိဘဆွေမျိုးများ ကလေးငယ်နှင့် ဆက်သွယ်ပြောဆိုနိုင်ရန် နှင့် နားမကြားသောသူများကို ပညာသင်ကြားပေးလိုသူများ အနေဖြင့် လက်သင်္ကေတပြ ဘာသာစကားသင်တန်း Sign Languageကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်နိုင်မည်ဖြစ်သည်၊၊
ယခုဖွင့်လှစ်မည့် သင်တန်း Sign Language batch - V ကို Zoomဖြင့် လူ(၅၀) လက်ခံသွား မည်ဖြစ်ပြီး သြဂုတ်လ ၆/၇/၁၃/၁၄/၂၀/၂၁/၂၇/၂၈ ရက်နှင့် စက်တင်ဘာလ၃/၄ ရက် အထိ ညစဥ် ၇နာရီမှ ၉နာရီအထိ စုစုပေါင်းနာရီ(၂၀)စာ ဖွင့်လှစ်သွားမည်ဖြစ်သည်၊၊
အသေးစိတ်ကို Mary Chapman School for the Deaf Facebook page တွင် မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 9 July 2022
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ အများပြည်သူအတွက် ဝါတွင်းသီလခံယူပွဲတွေနဲ့ သာသနာဆိုင်ရာ အခမ်းအနားတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဘဏာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 9 July 2022
၁။ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းသီလခံယူပွဲနှင့် သာသနာဆိုင်ရာအခမ်းအနားများကျင်းပမည်၊
၂။အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်မည့် မြန်မာအသင်း ဇူလိုင် ၂၅ တွင်ထွက်ခွာမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မျိုးသုဉ်းပျောက်ကွယ်တော့မည့်ရှားပါးကြံ့အကြောင်း အင်ဒိုနီးရှားတစ်ဦးက ရုပ်သေးရုပ်များဖြင့်ပညာပေးပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1983 of 2298