Published 23 July 2022
မြန်မာနိုင်ငံတွင် အထက်တန်းအဆင့်နှင့် တက္ကသိုလ်တက်ရောက်နိုင်တဲ့ အဆင့်ရှိတဲ့သူတွေ လွန်စွာနည်းပါးနေတဲ့အတွက် ဆယ်စုနှစ်များစွာဆိုပါက နိုင်ငံအတွက် ပညာတတ်အင်အားများစွာ လိုအပ်ချက်ရှိနေတယ်လို့လို့ နစက ဥက္ကဋ္ဌနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
ဇူလိုင် ၂၃ ရက်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းအောင် ထူးချွန်ကျောင်းသူကျောင်းသားတွေ ဂုဏ်ပြုပွဲတစ်ခုမှာဗိုလ်ချူပ်မှူးကြီးက ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တန်းစဉ်ကူးပြောင်းနိုင်မှုမရှိဘဲ လျော့နည်းသွားတဲ့အင်အားဟာ မူလတန်းမှာ ၃၁.၈၈ ရာခိုင်နှုန်းနှင့် အလယ်တန်းတွင် ၂၇.၆၅ ရာခိုင်နှုန်း ရှိနေတယ်လို့လည်း သူက ဆက်လက်ပြောကြားပါတယ်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်း နှင့် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းတို့အရ နိုင်ငံသားအားလုံးရဲ့ သုံးပုံတစ်ပုံခန့်ဟာ အလယ်တန်းအဆင့်အထိသာပညာသင်ကြားခဲ့ကြရတာကိုတွေ့ရှိရတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။
အဲဒါကြောင့် စနစ်သစ်ပညာရေးကို KG-12 အထိ ဖော်ဆောင်လျက်ရှိပြီး မူလတန်းပညာ မသင်မနေရ ပြဋ္ဌာန်းထားပေမယ့် နစက အနေနှင့် KG-9အခြေခံပညာအလယ်တန်းအဆင့်အထိ ပညာသင်ကြားခွင့်ရရေးနှင့် အောင်မြင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သူကပြောပါတယ်။
ယခုအခမ်းအနားမှာ ၂၀၁၉-၂၀၂၀နှင့် ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းမှာထူးချွန်စွာအောင်မြင်ခဲ့တဲ့ တပ်မတော်စစ်သည်တွေ၊စစ်မှုထမ်းဆဲနှင့် စစ်မှုထမ်းဟောင်းတွေရဲ့သားသမီးတွေ၊စစ်သည်အစားခန့်အရပ်ဘက်ဝန်ထမ်းတွေ ရဲ့သားသမီးတွေနှင့်ဘက်စုံပညာထူးချွန်သည့်လူငယ်တွေကို ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။
#ymg/knl
#Myanmar_eduation



#Health_Matters
Published - 23 July 2022
-ရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်ကြရမလဲ ဘာတွေရှောင်ရှားကြရမလဲ??
#Yangon_Media_Group
#Health_Matters
Published - 23 July 2022
- အဲဒီတိုက်ဖွိုက်က ဘယ်လောက်ကြောက်စရာကောင်းလဲ??
#Yangon_Media_Group
#Health_Matters
Published - 23 July 2022
-ဆေးစုံမတိုးတဲ့ တိုက်ဖွိုက်ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ
#Yangon_Media_Group
#Local_News
Published - 23 July 2022
ရန်ကုန်တွင် ကိုဗစ်ပိုးတွေ့လူနာတွေကို ပို့ဆောင်ပေးနေရဆဲဖြစ်တယ်လို့ ရှင်သန်ရေးကူညီမှုအသင်းချုပ် ဥက္ကဌဦးထွန်းထွန်းဦးက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 23 July 2022
ဒီကနေ့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းကနေစတင်ပြီး CNG gas တွေ ပုံမှန်အတိုင်း ပြန်လည်ရရှိနေပြီလို့ ရေနံနှင့်သဘာသဓာတ်ငွေ့၊ CNG ဌာနခွဲကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 23 July 2022
YBS ခရီးသည်တင်ယာဉ်လိုင်းများ ပုံမှန်နီးပါးပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်ကပြောသည်။
" CNG ဆိုင်တွေလည်း pressure ပြန်ပြည့်လာပြီ။ အရင်နေ့တွေက pressure ကျနေတော့ ကားတွေကအကုန်အဲဒီမှာတန်းစီနေရတာ။ ပုံမှန်နီးပါးတော့ ပြန်ထွက်နေပါပြီဟု ၎င်းကပြောသည်။
ယခင်က ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ၁၁၆လိုင်း၊ ယာဉ်စီးရေ ၃၁၇၃စီး ဖြင့်နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေရာမှ CNG gas မရရှိမှုကြောင့် အစီးရေ ၂၀၀၀ ဝန်းကျင်သာ ပြေးဆွဲပေးနိုင်ကြောင်း သိရသည်။
CNG gas ပြတ်လပ်မှုကြောင့် YBS ယာဉ်လိုင်းများသည် ၅၀ ရာခိုင်နှုန်းသာထွက်ရှိနိုင်ကြောင်း၊ ယင်းအပြင် ယာဉ်ရှားပါးသည့်ပြသနာကြောင့် ခရီးသည်များ အခက်အခဲဖြစ်နေသည့်အတွက် ပရဟိတအသင်းအချို့မှလည်း အခမဲ့ပြေးဆွဲမှုများပြုလုပ်ပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1952 of 2297