#DailyNews
Published - 28 July 2022
၁။ ဗူးသွင်းထုတ်လုပ်သည့် စားသုံးဆီတိုင်းဘေးကင်းကြောင်း FDA ထောက်ခံချက်ရမှ ရောင်းချခွင့်ပြုမည်
၂။ ရွှေဘိုပေါ်ဆန်း လာမည့်ရက်ပိုင်းအတွင်း ဈေးအနည်းငယ်ပြန်ကျမည်
၃။ ချွေးကနေတဆင့် ကျန်းမာရေးအခြေအနေကိုစောင့်ကြည့်တင်ပြနိုင်မယ့် စမတ်ဆွဲကြိုးအား သိပ္ပံပညာရှင်များတီထွင်ထုတ်လုပ်
၄။ စပိန်မိသားစုထံမှ ရှေးဟောင်းပစ္စည်း(၂,၅၀၀)ခန့်အား မက္ကဆီကိုလက်ခံရယူ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_28 July 2022
ဆေးနဲ့ ဆေးပစ္စည်းတွေကို ကိုယ့်ရဲ့နိုင်ငံခြားငွေအစီအစဉ်နဲ့ တင်သွင်းလိုတယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ခွင့်ပြုမှ စီးပွားကူးသန်းအနေနဲ့ လိုင်စင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 28 July 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးကို တစ်ပိဿာ ကျပ် ၃၆၆၅ အဖြစ် ထပ်မံ သတ်မှတ်လိုက်ပြီး မြေပြင်လက်လီစျေးကွက်အတွင်း ကျပ် ၈၀၀၀ အထက်ရှိနေကြောင်း ရောင်းသူဝယ်သူများထံမှ သိရသည်။
ယခင်က တစ်ပိဿာ ၄၆၅၀ ကျပ် သတ်မှတ်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ၁၀၀၀ နီးပါး ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ စားသုံးသူများအနေဖြင့် ဈေးကြီးပေးဝယ်နေရခြင်းကို ထိန်းချုပ်ရန်အတွက် စားအုန်းဆီတင်သွင်းသူအချို့ကို တစ်ပိဿာ ၃၈၀၀ ကျပ်နှင့် နေရာအချို့တွင် ရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။
"စားအုန်းဆီကအခု တစ်ပိသာကို ၈၃၀၀ ပေးဝယ်နေရတယ်။ အရင်က ၉၀၀၀ ကျော်တောင်ရှိတာ။ ပြန်ကျသွားတယ်လို့ ပြောလို့ရမယ်။ ဘာပဲပြောပြေ ာအဆင်မပြေဘူးလေ။ သူတို့က စျေးဘယ်လောက်ပဲသတ်မှတ်သတ်မှတ် မြေပြင်မှာတော့ ပြောင်းလဲသွားတာမရှိဘူး"ဟု စားအုန်းဆီဝယ်ယူသူ တစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း စားအုန်းဆီများနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_28 July 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရ အမိန့် ထပ်မံထုတ်ပြန်ထားခြင်း မရှိကြောင်း မီဒီယာများအား နစက ပြန်ကြားရေးအဖွဲ့ကတရားဝင် ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ညမထွက်ရအမိန့်ကို ည (၈) နာရီသို့ ပြန်လည်ပြောင်းလဲလိုက်ကြောင်း ပြောဆိုနေကြကြောင်း သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်က စ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ယခင်ညမထွက်ရ အမိန့်ဖြစ်သော ည ၁၀ နာရီမှ နံနက် ၄ နာရီ ကို ည ၁၂ နာရီမှ နံနက် ၄ နာရီထိ ပြင်ဆင်သတ်မှတ်ထားပြီးနောက် မည်သည့် အမိန့်မျှ ထပ်မံ ထုတ်ပြန်ခြင်း မရှိသေးပေ။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 28 July 2022
မလေးရှားနိုင်ငံ ပုလောပီနန်းပြည်နယ်၌ လိုင်စင်မဲ့ယာဉ် မောင်းနှင်သည့် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရကြောင်း ယင်းနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
နိုင်ငံခြားသားများ၊ ယာဉ်အသုံးပြုစီးနင်းခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ရက်က စီမံချက်နှင့် စစ်ဆေးရာမှာ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုနေ့က စဆဘရမ်းအဝိုင်းမှာ အော့ပ်ပေဝါ အမည်ဖြင့် လိုင်စင်မဲ့မောင်းနှင်နေသည့် နိုင်ငံခြားသားတွေကို မော်တော်ယာဉ်ဌာနမှ စစ်ဆေးဖမ်းဆီးရာ ဆိုင်ကယ် ၄၄စီး၊ အိမ်စီးကား နှစ်စီး၊ လော်ရီအသေးတစ်စီးတိုကို သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
နိုင်ငံခြားသားတွေဖြစ်ကြသည့် ရိုဟင်ဂျာ၂၀ဦး၊ ဘင်္ဂလား ၉ ဦး ၊မြန်မာ နှစ်ဦးအပါဝင် အင်ဒိုနီးရှား၊ ဗီယက်နမ်တစ်ဦးစီ ဖမ်းဆီးခံရကြောင်း ထုတ်ပြန်ထားရှိသည်။
ဖမ်းဆီခံရသည့် မြန်မာနိုင်ငံသား၂ဦးဟာ မည်သူဖြစ်ကြောင်း အတိအကျ မသိရသေးဘူးဟု မလေးရှားရောက်မြန်မာအသိုင်းအဝိုင်းထံမှ သိရသည်၊၊
ဖမ်းဆီးခံရသူတွေကို မလေးရှားနိုင်ငံဥပဒေများနှင့် ဆက်လက်အရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_28 July 2022
ဇူလိုင်လအတွင်း အောင်လံ၊ မှော်ဘီ၊ ပဲခူး၊ ဖျာပုံ အပါအဝင်ဒေသ(၇)ခု၌ အမြင့်ဆုံးအပူချိန်စံချိန်သစ်များတင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်၊၊
၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၈)ရက်နေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် ဇူလိုင်လ၏ အမြင့်ဆုံးအပူချိန်စံချိန်သစ်များမှာ အောင်လံတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၃၈)နှစ်က အမြင့်ဆုံးအပူချိန် (၃၆.၉) ဒီဂရီစင်တီဂရိတ်ကိုဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၈.၃)ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
ပြည်တွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၅၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၆.၇)ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၇.၀) ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
ပဲခူးတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၅၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၅.၀)ဒီဂရီစင်တီဂရိတ်ကိုဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၅.၇) ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
ဘီးလင်းတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သော နှစ်ပေါင်း(၅၇)နှစ်က အမြင့်ဆုံးအပူချိန် (၃၄.၇)ဒီဂရီစင်တီဂရိတ်ကိုဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၅.၅)ဒီဂရီစင်တီဂရိတ်တင်ခဲ့သည်၊၊
မော်လမြိုင်တွင် စခန်းဖွင့်ချိန်နှစ်မှစ၍လွန်ခဲ့သော နှစ်ပေါင်း(၇၀)က အမြင့်ဆုံးအပူချိန် (၃၄.၉) ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၅.၂) ဒီဂရီစင်တီဂရိတ် တင်ခဲ့သည်၊၊
မှော်ဘီတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း (၆၉)နှစ်က အမြင့်ဆုံးအပူချိန် (၃၄.၇)ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့် (၃၅.၀)ဒီဂရီစင်တီဂရိတ် တင်ခဲ့သည်၊၊
ဖျာပုံတွင် စခန်းဖွင့်ချိန်နှစ်မှစ၍ လွန်ခဲ့သောနှစ်ပေါင်း(၂၁)နှစ်က အမြင့်ဆုံးအပူချိန် (၃၄.၇)ဒီဂရီစင်တီဂရိတ်ကို ဇူလိုင်လ(၂၇)ရက် စံချိန်သစ်အနေဖြင့်(၃၄.၈) ဒီဂရီစင်တီဂရိတ်တင်ခဲ့ကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်များအရသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 28 July 2022
လာမယ့် အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ဖရဲ၊ သခွားရာသီရောက်တော့မည်ဖြစ်သည့်အတွက် အဆိုပါအသီးများကို စစ်ကိုင်းတိုင်းတွင် အများဆုံးစိုက်ပျိုးပြီး နယ်မြေမအေးချမ်းမှုကြောင့် ပြည်ပတင်ပို့မှုအခြေအနေနှင့် ပတ်သက်၍ မှန်းဆရန်ခက်နေကြောင်း သစ်သီးဝလံနှင့်ပန်းမန်အသင်းမှ သိရသည်။
"အဲဒီဒေသတွေမှာ နယ်မြေမငြိမ်းချမ်းတော့ အများဆုံးစိုက်တာက စစ်ကိုင်းမှာဆိုတော့လေ။ အဲဒီဘက်က အခြေအနေတွေကိုလည်း ကျွန်တော်တို့က မသိရဘူး"ဟုသစ်သီးဝလံနှင့်ပန်းမန်အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖရဲသီး၊ သခွားမွှေးများကို တရုတ်ဈေးကွက်သို့ အများဆုံး တင်ပို့ရောင်းချခြင်းဖြစ်ပြီး တန်ချိန် ၆ သိန်းကျော်အထိ တင်ပို့ရောင်းချမှုရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင်ပြီးခဲ့တဲ့နှစ်များတွင် ကုန်သွယ်ရေးလမ်းကြောင်း အဆင်မပြေမှုများကြောင့် တင်ပို့မှုပမာဏ ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း လက်ရှိ ကြုံတွေ့နေရသည့် ကုန်သွယ်မှုအခြေအနေနှင့် နယ်မြေမအေးချမ်းမှုများကြောင့် တင်ပို့မှုပမာဏ ဆက်လက်ကျဆင်းနိုင်ကြောင်း သိရသည်။
ဖရဲ၊ သခွားရာသီချိန်သည် မကြာခင် ပြန်လည်စတင်တော့မည်ဖြစ်သော်လည်း ဖရဲသီး၊ သခွားမွှေးများ အဓိကတင်ပို့နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသည်လည်း ကြိုတင်ခန့်မှန်းလို့မရနိုင်ကြောင်း မူဆယ်ကုန်စည်ဒိုင်များမှ ခန့်မှန်းထားသည်။
ymg/sth
#Yangon_Media_Group
Page 1940 of 2296