#LocalNews
Published - 10 June 2022
ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် NUG မှထုတ်ပေးမည့် OERC ကတ်အားလျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ခြင်းတွေ့ရှိပါက နိုင်ငံသားအဖြစ်မှရပ်စဲ၍ ပြည်ဝင်ခွင့် ပိတ်ပင်သွားမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်ခွင့်အတွက် အသိအမှတ်ပြုသက်သေခံကတ်အဖြစ် ထုတ်ပေးထားသည့် OWIC အစား ပြည်ပအလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်းနှင့် ပြည်ပအလုပ် အကိုင်အသိအမှတ်ပြုကတ် (OERC)ကို NUG ဘက်မှ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
ယင်းကြောင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေထိုင်သူ မြန်မာနိုင်ငံသားများအနေဖြင့် အဆိုပါ OERC ကတ်အား လျှောက်ထားခြင်း၊ လက်ဝယ်ကိုင်ဆောင်ထားခြင်း စိစစ်တွေ့ရှိပါက Black List စာရင်းရေးသွင်း၍ နိုင်ငံကူးလက်မှတ်ပယ်ဖျက်ခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်းခံရ၍ ပြည်ဝင်ခွင့်ပိတ်ပင်သွားမည်ဖြစ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း နစက၏ အလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၉ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှသာလျှင် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ပြီး OWIC သက်တမ်း (၅) နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်/ပြည်ထွက်များ အသုံးပြုနိုင်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 10 June 2022
နယ်ကနေ ရန်ကုန်ကလေးဆေးရုံကြီးကို လာရောက်ကုသနေရသည့် ကလေးလူနာများအတွက် အလှူရှင်များ လိုအပ်လျက်ရှိကြောင်း သိရသည်၊၊
ဆေးရုံကြီးက လိုအပ်သည့်ဆေးနှင့်နေ့လည်စာ အခမဲ့ပေးသော်လည်း မျက်စိကင်ဆာဖြစ်နေသည့် ကလေးလူနာအတွက် ခွဲစိတ်ကုသရမယ့်စရိတ်၊ သွားလာစရိတ်၊ စားစရိတ်တွေလိုအပ်နေသည်ဟု ဆိုပါသည်၊၊
"နယ်ကနေဆေးရုံလာတက်တဲ့ ကလေးလူနာတွေအတွက်ကတော့ အလှူရှင်တွေလိုပါတယ်၊၊ ကလေးလူနာဖြစ်လို့ မသွားနိုင်မလာနိုင်တော့ တက်စီနဲ့ပဲနေ့စဥ်ဆေးရုံကို အသွားအပြန်ပြရတော့ တက်စီခတွေ ကုန်ကျပါတယ်၊၊ တစ်ရက်ကိုတက်စီခ ၅၀၀၀/ ၁၀၀၀၀ ကုန်ကျပါတယ်၊၊ စားစရိတ်က ဆေးရုံကနေ့ခင်းပိုင်း အခမဲ့ကျွေးတယ်၊၊ ညနေကျတော့ဝယ်စားရတယ်၊၊ အခုမျက်စိကင်ဆာက မျက်စိခွဲထုတ်ရမှာဆိုတော့ ခွဲစိတ်စရိတ်သုံးသိန်းလောက်တော့ ကုန်ဖို့ရှိပါတယ်၊၊မျက်စိခွဲထုတ်လိုက်ရင်တော့ အသက်အန္တရာယ်မရှိတော့ဘူးလို့ ပြောပါတယ်၊၊ ဖုန်း 09441460973 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်"လို့ မျက်စိကင်ဆာဖြစ်ပွားနေတဲ့ ကလေးငယ် ကောင်းခန့်ပိုင်ရဲ့မိခင်က YMG ကို ပြောပါတယ်၊၊
ကလေးလူနာတွေအတွက် ဝေဠုကျော်ဖောင်ဒေးရှင်း ကလည်းတတ်နိုင်သလောက်လှူဒါန်းနေပြီးနေ့စဥ် အကူအညီတောင်းခံထားသည့် ကလေးလူနာများရှိကြောင်း ဝေဠုကျော်ဖောင်ဒေးရှင်းက တာဝန်ရှိသူတစ်ဦးက ပြောပါသည်၊၊
လှူဒါန်းလိုသူများ ဝေဠုကျော်ဖောင်ဒေးရှင်းက တစ်ဆင့်လှူဒါန်းနိုင်သလို ကိုယ်တိုင်ကိုယ်ကျလည်း သွားရောက်လှူဒါန်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _ 10 June 2022
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပေးလျက်ရှိပြီး မြန်မာတိုင်းရင်းသားလူမျိုးများ၏ ရိုးရာအနုပညာရပ်များကိုပါ ထပ်မံသင်ကြားပေးသွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြောသည်။
"ပညာထူးချွန်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့ နိုင်ငံ့သားကောင်းများသည် နိုင်ငံတော်အတွက် အားထားရမည့်သူများဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွေမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များဖြစ်တဲ့ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုပညာရပ်တွေကို လက်ဆင့်ကမ်း ထိန်းသိမ်းသွားနိုင်စေရန် ရည်ရွယ်ချက်နဲ့သင်ကြားပေးလျက် ရှိပါတယ်။ မြန်မာတိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာအနုပညာရပ်တွေပါ သင်ကြားပေးသွားမှာဖြစ်တဲ့အပြင် ယဉ်ကျေးမှုအမွေအနှစ်တွေကိုပါ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြဖိုလိုပါတယ်" ဟုဒုတိယဝန်ကြီးကပြောသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၌ ဇွန်လ ၉ ရက်တွင်ကျင်းပခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
လာမည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင်
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပါဝင်အစွမ်းပြခွင့် ရရှိမည်ဖြစ်ပြီး တက္ကသိုလ်အဆင့် အနုသုခုမပညာရပ်များကို ဆုံးခန်းတိုင်အောင် သင်ယူ၍ ကိုယ်ကျင့်တရားကောင်းမွန်သောထူးချွန်ထက်မြတ်သည့် နိုင်ငံ့ဂုဏ်ဆောင် အနုပညာရှင်ကောင်းများ ဖြစ်ကြပါစေဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြောကြားခဲ့သည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 10 June 2022
အဆောက်အဦများတည်ဆောက်ပြုပြင်သည့် ကုန်ကျစရိတ်များကို Estimate တွက်ချက်နိုင်အောင် ရှေးဟောင်းသုတေသနဝန်ထမ်းများကို သင်တန်းပေးနေကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်၊၊
ရှေးဟောင်းသုတေသနဌာနအနေဖြင့် ရှေးဟောင်းအဆောက်အဦများကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရသည့်လုပ်ငန်းများဆောင်ရွက်ရပြီး ယင်းအတွက်အဆောက်အဦတည်ဆောက်ပြုပြင်သည့် ကုန်ကျစရိတ် Estimate တွက်ချက်ခြင်း သင်တန်းကိုပေးခြင်းဖြစ်သည်၊၊
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲတွင် အဆောက်အဦအသစ် Drawing မှ Computer Excel ဖြင့် Estimate တွက်ချက်ခြင်းသင်တန်းများပေးခဲ့ခြင်းဖြစ်သည်၊၊
သင်တန်းဆင်းပွဲတွင် "အဆောက်အဦအသစ်အတွက် Estimate တွက်ချက်ခြင်း သင်ကြား တတ်မြောက်လျှင် အဆောက်အဦ အဟောင်းကို ပြုပြင်မွမ်းမံရာတွင်လည်း တွက်ချက်နိုင်မည်ဖြစ်ကြောင်း၊ Civil ဘာသာရပ် မဟုတ်သည့် ဝန်ထမ်းများ တတ်မြောက်သွား၍ ဝမ်းသာရပါကြောင်း၊ အလားတူ အင်ဂျင်နီယာ မဟုတ်သည့် ဝန်ထမ်းများလည်း တက်ရောက်သင်ကြားနိုင်ပါကြောင်း၊ သင်တန်းသားများ အနေနှင့် စိတ်ပါဝင်စားစွာဖြင့် ကြိုးစား သင်ယူကြရန် လိုအပ်ပါကြောင်း"ဟုရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာသိန်းလွင်ကထည့်သွင်းပြောကြားခဲ့သည်၊၊
မေလ(၂၆)ရက်မှဇွန်လ(၈)ရက်အထိသင်တန်းသုံးကြိမ်ဖွင့်ခဲ့ပြီးသင်တန်းသား (၇)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published _10 June 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေပြီး ဇွန်လ ၈ ရက်တွင် မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော စတီးရေပိုက်ခေါင်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ကရင်ပြည်နယ် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဇွန်လ ၉ ရက်တွင် လုံးခင်းကျေးရွာဘက်မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်၌ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ(၂၉၁)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသော လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၇၀,၀၀၀)နှင့် ရွှေဘိုမြိုနယ်အတွင်း တရားမဝင် စက်သုံးဆီ (၉၆၀၀)ဂါလန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၆၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၄၇၀,၀၀၀)ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိသည့် အမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၇၅၅,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ တစ်ဆင့် သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published_10 June 2022
ထိုင်းနိုင်ငံ၊ မဟာချိုင်ခရိုင်အတွင်း Thai Union စက်ရုံ၏ မြန်မာရွှေ့ပြောင်းအလုပ်သမားများ လိုက်ပါလာသော ဖယ်ရီကား တစ်စီး ဇွန်လ ၉ ရက် ညနေကတိမ်းမှောက်၍ လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
မဟာချိုင် ဖလန့်စောင်ယာဉ်ကြော၌ ဆယ်ဘီးကုန်တင်ကားက ရုတ်တရက်ဘရိတ်အုပ်သဖြင့် မတိုက်မိစေရန် ဖယ်ရီကားက ဘေးဘက်သို့ ရှောင်တိမ်းခဲ့ရာမှ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း၊ဒဏ်ရာများမှာ အလွန်မပြင်းထန်ကြောင်း ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-Golden Myanmar
ymg/mt
#Yangon_Media_Group
Published 9 June 2022
တံတားကြီးကို သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်မှုအား ရေရှည်တည်တံ့ဖို့ စဉ်းစားတွက်ချက်ဆောင်ရွက်ဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ-ကိုးရီးယားချစ်ကြည်ရေးတံတား(ဒလ)တံတားတည်ဆောက်ရေးလုပ်ငန်းခွင်ကို ဇွန်လ(၉)ရက်က လာရောက်စစ်ဆေးကြည့်ရှုရာမှာ ပြောကြားခဲ့ပါတယ်။
တံတားချဉ်းကပ်လမ်းပိုင်းနေရာတွေက လူနေတိုက်တွေနှင့်နီးကပ်နေတဲ့အတွက် သဘာဝဘေးအန္တရာယ်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးကိုပါ အလေးထားဆောင်ရွက်ကြဖို့ကိုလည်း သူကပြောပါတယ်။ အဲဒီအပြင် တည်ဆောက်ရေးလုပ်ငန်းတွေကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် ဦးစားပေးအလိုက်ဆောင်ရွက်သင့်သည်တွေကို ပြီးစီးဆောင်ရွက်ရေးအတွက်ပါ သူက လုပ်ငန်းခွင်မှာ မှာကြားခဲ့ကြောင်း နစကရဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာ-ကိုးရီးယား ချစ်ကြည်ရေးတံတား(ဒလ)ကို ၂၀၁၂ခုနှစ် သမ္မတဦးသိန်းစိန်ရဲ့ ကိုးရီးယားနိုင်ငံ ချစ်ကြည်ရေး ခရီစဉ်အတွင်း ဆွေးနွေးခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ်မှာ စီမံကိန်းစတင်ခဲ့ပါတယ်။ ၂၀၁၅ခုနှစ်မှာ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ တံတားမှာကြိုဆိုင်းတံတားဖြစ်ပြီး ရန်ကုန်မြို့နှင့် မြစ်တစ်ဘက်ကမ်း ဒလမြို့နယ်တို့ကိုဆက်သွယ်ထားတာဖြစ်ပါတယ်။
Page 1888 of 2127