#Local_News
Published _4 October 2022
ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မီးသွေးဘုတ်ကျေးရွာရှိ မြန်မာ-မန္တလေး ဖူရှင်းသံမဏိစက်ရုံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများကို စက်စွမ်းအားပြည့်လည်ပတ်ပါက တစ်ရက်လျှင် တန်တစ်ထောင်ထိ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။
အဆိုပါ စက်ရုံမှ သံချောင်းအမျိုးအစားခြောက်မျိုး ထုတ်လုပ်လျက်ရှိပြီး လက်ရှိစမ်းသပ်ကာလအတွင်း တစ်ရက်လျှင် တန်ချိန် ၃၀၀ ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။
ဖူရှင်းသံမဏိစက်ရုံကို ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် စတင်ခဲ့ပြီး စက်ရုံအကျယ်အဝန်း ၅၂ ဒသမ ၈၆ ဧက၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၄၀၈ သန်းရှိကြောင်း သိရသည်။
အောက်တိုဘာလ ၃ ရက်တွင် အဆိုပါ စက်ရုံသို့သွားရောက်ကြည့်ရှုခဲ့သည့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ပမှ မှာယူတင်သွင်းသည့် သံအမျိုးအစား လျှော့ချနိုင်ရေး ပြည်တွင်း၌ သံမဏိ ထုတ်လုပ်ရန်စက်ရုံလုပ်ငန်းရှင်များအား တိုက်တွန်းခဲ့သေးသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် သံမဏိစက်ရုံနှင့် သက်ဆိုင်သည့် သင်တန်းများအပါအဝင် အခြားအသက်မွေးဝမ်းကျောင်း သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 3 October 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသား ၇ ဦးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့(စိစစ်ဆဲ) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးထွန်းအောင်လှိုင်၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဦးနိုင်မိုးဇော်၊ စဉ့်ကူးမြို့နယ်မှ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးများဖြစ်သည့် ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့သည် တရုတ်နိုင်ငံသို့ ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများဖြစ်ကြသည့် Pan Han Bing (၂၅) နှစ် (ဘ) Pan Jin Lang ၊ Lin Zhen Fen (၂၅) နှစ် (ဘ)Lin Jin Wen ၊ Yang Jun Feng (၃၂)နှစ် (ဘ) Yang Gao Jun ၊ Liu Fei Feng (၂၅) နှစ် (ဘ) Liu Jin Xlang ၊ Sheng Bao (၂၄) နှစ် (ဘ) Chen Sul Chen ၊ Yan Bin (၂၂) နှစ် (ဘ) Yan Yuan Fheng ၊ Zhouli (၂၃)နှစ် (ဘ) Zho Welving တို့ ၇ ဦးအား မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးမှ လားရှိုးမြို့ရှိ ဒုတိယ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးရုံးသို့ ပို့ဆောင်ရန် ယာဉ်မောင်း ဦးဝင်းရွှေ မောင်းနှင်သည့် “ချမ်းသာအောင်” ခရီးသည်တင်ယာဉ်လိုင်းမှ 6K/2052 SUPER CUSTOM ယာဉ်ဖြင့် ထွက်ခွာလာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုသို့ထွက်ခွာလာစဉ် နံနက် ၁၀ နာရီခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ မိုင် ၆ ဖာလုံအရောက်၌ လက်ပစ်ဗုံးကိုင်ဆောင်ထားသည့် လက်နက်ကိုင်သောင်းကျန်းသူ ၂ ဦး(စိစစ်ဆဲ)က လားရာတူ နောက်မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်ရောက်ရှိလာပြီး ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်ခိုင်းခဲ့ကြောင်း၊ ထပ်မံ၍ လက်နက်ကိုင်သောင်းကျန်းသူ ၁ ဦး (စိစစ်ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား မော်တော်ယာဉ်နှင့်အတူ တောအတွင်းသို့ မောင်းနှင်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တောလမ်းတစ်နေရာအရောက်တွင် ဦးထွန်းအောင်လှိုင်၊ ဦးနိုင်မိုးဇော်၊ ဦးကျော်စိုးခိုင်နှင့် ဦးခိုင်ဇော်မျိုးတို့ ၄ ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သဖြင့် ဦးခိုင်ဇော်မျိုးနှင့် ဦးနိုင်မိုးဇော်တို့ ၂ ဦးမှာ နောင်ချိုမြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံးသို့လည်းကောင်း၊ ဦးထွန်းအောင်လှိုင်နှင့် ဦးကျော်စိုးခိုင်တို့ ၂ ဦး မှာ ကျောက်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးသို့လည်းကောင်း ကားကြုံဖြင့် အသီးသီးပြန်လည်ရောက်ရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ ဖြစ်စဉ်တွင် ပြည်နှင်ဆောင်ရွက်မည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လက်နက်ကိုင်သောင်းကျန်းသူများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူ တရုတ်နိုင်ငံသားများအား ရှာဖွေကယ်ဆယ်နိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ နစကရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ygm_mnn
#Yangon_Media_Group
Published 3 Oct 2022
နိုင်ငံတော်မှာ ပြည်တွင်းလည်ပတ်သုံးစွဲငွေများ ရှိပြီးဖြစ်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ ချေးငွေတွေကို အတတ်နိုင်ဆုံးထုတ်ပေးသွားမယ်လို့ နစက ဥက္ကဋ္ဌက လုပ်ငန်းရှင်တွေကို ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၃ရက်မနက်က နစက ဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင် များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ၍ စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း ရှင်များအသင်း ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးဆန်းလင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များကိုယ်စား ဒေါ်သီသီဝင်း၊ ဦးဝင်းမြင့်အောင်၊ ဒေါ်ယဉ်ယဉ်မိုး နှင့် တက်ရောက်လာကြသူတွေက
လုပ်ငန်းရှင်တွေရဲ့တင်ပြချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း နှင့် ဦးအောင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က သက်ဆိုင်ရာ ကဏ္ဍများအလိုက်အသီးသီး ပြန်လည် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။

ဗိုလ်ချူပ်မှူးကြီးက လုပ်ငန်းရှင်များ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ပြောကြားရာတွင်.
တွေ့ဆုံပွဲအပြီးမှာ နစက ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တွေဟာ တက်ရောက်လာခဲ့တဲ့ လုပ်ငန်းရှင်တွေနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ခင်းကျင်းပြသထားတဲ့ MSME တွေရဲ့လုပ်ငန်းနှင့်ထုတ်ကုန်ပြခန်းတွေကို ကြည့်ရှုခဲ့ကြတယ်လို့ နစကရဲ့ သတင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source SAC’s Info
#SG_Min_Aung_Hlaing
#Yangon_region_MSME
#Myanmar_Economy
#Local_News
Published_ 3 October 2022
ဝါလကင်းလွတ်သီတင်းကျွတ်ချိန်နီးပြီဖြစ်တဲ့အတွက် မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာဆောင်ဝတ်စုံတွေ ချုပ်လုပ်တာ၊ ငှားရမ်းတာတွေဆောင်ရွက်နေကြတယ်လို့ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published _3 October 2022
ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာမည့် အလုပ်သမားများအနေဖြင့် တားမြစ်ပစ္စည်းများကို သယ်ဆောင်သွားခြင်း မပြုကြရန် အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက အောက်တိုဘာလ ၃ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ တားမြစ်ပစ္စည်းများမှာသစ်သီးနှင့် အခြောက်ခံထားသည့် အသီးအနှံများ၊ အစေ့ ၊ အပင်ပေါက် ၊ သစ်သားဖြင့် ထုပ်ပိုးထားသည့်ပစ္စည်း (ဥပမာ- သရက်သီး၊ သံပုရာသီး၊ ဒညင်းသီး)၊တိရိစ္ဆာန်မှ ထုတ်လုပ်ထားသော ပစ္စည်းများ (ဥပမာ - အသား၊ စည်သွပ်ဘူး၊ငါးခြောက်၊ ဝက်အူချောင်း) တို့ဖြစ်ကြောင်း သိရသည်။
ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် ယင်းပစ္စည်းများကို သယ်ယူသွားမိပါက အနည်းဆုံးဝမ် ၃ သန်း မှ ဝမ် ၅ သန်းအထိ ဒဏ်ကြေးငွေပေးဆောင်ရခြင်း၊ ပြည်ဝင်ခွင့်မပြုခြင်းတို့ကို စီမံချက်ချမှတ်လုပ်ဆောင်ထားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
တောင်ကိုရီးယားနိုင်ငံသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်က Re-entry လုပ်သား(၉၂)ဦးနှင့် ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၄၃)ဦး စုစုပေါင်း (၁၃၅)ဦး ၊ စက်တင်ဘာလ ၁၃ ရက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၂)ဦး၊ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၇၅)ဦးနှင့် ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့်လုပ်သားသစ် (၂၄)ဦး စုစုပေါင်း (၁၁၁)ဦး ၊ စက်တင်ဘာလ ၁၅ ရက်က ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၇၄)ဦး ၊ စက်တင်ဘာလ ၂၀ ရက်က ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၇)ဦး၊စက်တင်ဘာလ ၂၁ ရက်က ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၈)ဦး ၊ စက်တင်ဘာလ ၂၂ ရက်က ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၁၀)ဦး ၊စက်တင်ဘာလ ၂၇ ရက်က ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၁၃၁)ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၇) ဦး၊ စုစုပေါင်း ၁၃၈ ဦး ၊ စက်တင်ဘာလ ၂၉ ရက်က ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ်(၇၅)ဦး၊ Re-entry (၆၀) ဦး၊ စုစုပေါင်း ၁၃၅ ဦး သွားရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စာရင်းများအရ သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားနိုင်ငံ၌ မြန်မာအလုပ်သမား ၄၅၀၀၀ ခန့် ရောက်ရှိအလုပ်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်းလည်း အဆိုပါ စာရင်းများတွင် ဖော်ပြထားသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published-3 October 2022
ယနေ့ အောက်တိုဘာလ ၃ ရက်နေ့မှာတော့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းဟာ ကျပ် ၂၀၀၀ အောက်ကို ကျဆင်းလာတယ်လို့ စက်သုံးဆီအရောင်းဆိုင်တွေရဲ့ဈေးနှုန်းအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 3 October 2022
ရန်ကုန်တိုင်းအတွင်းမှာ ခွေးကိုက်ခံရသူတွေကို ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်ဒေါက်တာထွန်းမင်းက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1827 of 2333