#Local_News
Published-5 January 2023

 

၂၀၂၃ ခုနှစ် ယနေ့ ဇန်နဝါရီလ (၅) ရက်တွင် ၉၂ တစ်လီတာ ၂၀၀၀ အောက်သို ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

ဇန်နဝါရီလ (၄) ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၂၀၉၅ ကျပ်၊ ၉၅ တစ်လီတာ ၂၁၆၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၃၆၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၄၄၀ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၉၇၅ ကျပ်၊ ၉၅ တစ်လီတာ ၂၀၄၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၂၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၀၅ ကျပ်အနည်းငယ်ကျဆင်းခဲ့ကြောင်းသိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးနှုန်းကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေးကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

#ymg/sth
#Yangon_Media_Group