TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 10 July 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ထက်အောင်(ပန်းဆက်လမ်း စာအုပ်ထုတ်ဝေဖြန့်ချိရေး)နှင့်အတူ
-"အရင်ကစာအုပ်ကိုDeli မမှာချင်ကြဘူး အခုနောက်ပိုင်း စာဖတ်သူတွေက Online Page နဲ့Website တွေကဝယ်ရတာကို သဘောကျလာကြတယ်ဆိုတဲ့အကြောင်း
-Online ကဝယ်တဲ့စာအုပ်တွေ မကောင်းဘူးမဖြစ်ရလေအောင် စာဖတ်သူကိုသတင်းအချက်အလက် မှန်မှန်ကန်ကန်ပေးတဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published_10 July 2022
တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ(EPS) လျှောက်လွှာများကို ပြန်လည်စိစစ်မည်ဖြစ်သောကြောင့် ယနေ့ ဇူလိုင်လ ၉ ရက် ညနေ ၃နာရီမှ ဇူလိုင်လ ၁၁ ရက် တနင်္လာနေ့ နံနက် ၁၀နာရီအထိ Application System ကို ခေတ္တပိတ်ထားမည် ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်လိုက်သည်။
စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူများအနေဖြင့် အကြိမ်ကြိမ်လျှောက်ထားခြင်းပြုလုပ်ကြသည့်အတွက် ပြန်လည်စိစစ်ခြင်းများပြုလုပ်ရခြင်းဖြစ်ကြောင်း၊လျှောက်လွှာအကြိမ်ကြိမ်တင်ပါက Payment No. နှင့် စာမေးပွဲခုံနံပါတ်မှန်ကန်စွာမရနိုင်ကြောင်း၊ယင်းကြောင့် စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသူများအနေဖြင့် အကြိမ်ကြိမ်လျှောက်ထားခြင်းမပြုလုပ်ကြရန် အဆိုပါအေဂျင်စီက ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။
တောင်ကိုရီးယားအလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ(EPS)ဖြေဆိုခွင့်လျှောက်ထားခြင်းများကို ဇူလိုင်လ ၇ ရက်ကစ၍ ဇူလိုင်လ ၂၃ ရက်ထိ လက်ခံသွားမည်ဟု ထုတ်ပြန်ထားပြီး ဖြေဆိုမည့်သူ သုံးသောင်းကျော်ရှိနိုင်မည်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_10 July 2022
မော်တော်ယာဉ်တင်သွင်းခွင့် ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခွင့်မူဝါဒများကို ပြန်လည်သုံးသပ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယနေ့ ဇူလိုင်လ ၁၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၌ပြုလုပ်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ တတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အစည်းအဝေးတွင်ပြောသည်။
"နိုင်ငံခြားသုံးငွေနဲ့ပတ်သက်တဲ့အမိန့် ကြော်ငြာစာလာပြီးနောက်ပိုင်းမှာ ကိုယ့်ဘာသာကိုယ်နိုင်ငံခြားငွေလွဲခွင့်မရှိတော့ပါဘူး။နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲရေးကြီးကြပ်ရေးကော်မတီရဲ့ ခွင့်ပြုမိန့်ရှိမှ လွှဲလို့ရတယ်။အဲ့ဒါကိုပြန်ပြီးတော့ ကျွန်တော်တို့ သုံးသပ်နေပါတယ်။ဒါကြောင့် မော်တော်ယာဉ်တင်သွင်းခွင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ခွင့်မူဝါဒတွေကို ပြန်သုံးသပ်နေပါတယ်"ဟု ယင်းကပြောသည်။
လက်ရှိတွင်သီလဝါအထူးစီးပွားရေးဇုန်ရှိ ဆူဇူကီးစက်ရုံအပါအဝင် မော်တော်ယာဉ်တင်သွင်းထုတ်လုပ်တပ်ဆင်သည့်လုပ်ငန်းများ အားလုံးရပ်ဆိုင်းနေကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်း ကပြောသည်။
"အခုဆိုရင် မော်တော်ယာဉ်မူဝါဒကလည်း ပြင်နေတယ်ဆိုတာ ကျွန်တော်တို့သိရတယ်။အခုအနေအထားကတော့ Suzuki မှ မဟုတ်ဘူး ၊ အားလုံးက ရပ်နေတာ ၊ ပြီးခဲ့နှစ်အောက်တိုဘာလကတည်းကထုတ်တဲ့မူဝါဒနောက်ပိုင်းမှာပေါ့။
လောလောဆယ် ဘယ်ကားမှတင်သွင်းခွင့်မပြုဘူး ၊ကိုယ့်ပိုက်ဆံနဲ့ကိုယ်လည်းခွင့်မပြုဘူး"ဟု ယင်းကပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက် မှစ၍ အမေရိကန်ဒေါ်လာလိုအပ်ချက်ရှိသည့်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခွင့်များကို စတင်ရပ်ဆိုင်းထားရာ ၂၀၂၂ ခုနှစ်ကားတင်သွင်းခွင့်မူဝါဒတွင် ကားအရောင်းစင်တာများအတွက် ကားသစ်တင်သွင်းခွင့် ပါဝင်မလာခဲ့တော့ခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_10 July 2022
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ရုံးကြီးရပ်ကွက်၊သလ္လာဝတီနယ်မြေ၊ချင်းတွင်းမြစ်ကမ်း၊ 929 ဆိပ်ကမ်းတွင် ဇူလိုင်လ ၁၀ ရက်နံနက် ၉နာရီ ၁၅ မိနစ်မှမွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အထိ စက်သုံးဆီပေပါတင်မော်တော်များ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
"အခု သိရတာကတော့ ဆီတင်မော်တော်ပေါ်မှာဆီလှယ်ရင်းကနေမီးလောင်တာတဲ့။မော်တော်သုံးစီးလောက် မီးလောင်သွားတယ်လိုပဲ သိရတယ်။ဆုံးရှုံးမှုကတော့ များနိုင်တယ်"ဟု မုံရွာမြို့ခံတစ်ဦးကပြောသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ မုံရွာခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊အရန်မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်များ၊သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်တို့မှ ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်သုံးဆီပေပါတင်ရေယာဉ်မှာ ခန္တီးနှင့် ဟုမ္မလင်းနယ်ဘက်သို့ထွက်ခွာကာ ဆီသွားပိုမည့် ရေယာဉ်များဖြစ်ကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 10 July 2022
လာမည့် ဘဏ္ဍာနှစ်မှစ၍ ဈေးကွက်သို့ ဆီပေပါများဖြင့် ဖြန့်ဖြူးနေခြင်းအစား Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူး ရောင်းချသွားနိုင်ရေးကို လုပ်ငန်းရှင်များကို အသိပေးနှိုးဆော်ထားပြီးဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ အစည်းအဝေးခန်းမတွင် စားအုန်းဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူများ၊ စားသုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင်ဝန်ကြီးက ပြည်ပမှ တင်သွင်းသည့် စားအုန်းဆီများကို စနစ်တကျတင်သွင်း၊ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
Consumer Pack ဖြင့် ထုပ်ပိုးဖြန့်ဖြူးရောင်းချရာတွင် သက်ဆိုင်ရာဌာနများက ညွှန်ကြားထားတဲ့ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းအားဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများအနေဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေမည်ဖြစ်ပြီး စားသုံးသူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကြိုတင်ကာကွယ်ရာရောက်မှာ ဖြစ်ပါတယ်။
ယခုအချိန်တွင် ပြည်တွင်း၌ နေကြာစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်နေတဲ့အတွက် အရည်အသွေးပြည့်မီသည့် နေကြာဆီထုတ်လုပ်တဲ့စက်ရုံများ ပေါ်ပေါက်လာစေရေးအတွက် ချေးငွေများပေးအပ်နိုင်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိစားအုန်းဆီကြမ်း ထုတ်လုပ်လျက်ရှိရာမှ အဆင့်မြင့်စားအုန်းဆီ ထုတ်လုပ်နိုင်ရေးအတွက်ကိုလည်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်ပမှ စားအုန်းဆီတင်သွင်းသူများအနေဖြင့် သတ်မှတ်ထားတဲ့ စည်းမျည်းစည်းကမ်းများနှင့်အညီ တင်သွင်းဖြန့်ဖြူးရောင်းချသွားရန် အသိပေးပြောကြားခဲ့ပါတယ်။
ဝန်ကြီးသည် ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ကမ်းနားလမ်းရှိ Six Winners Brothers ကုမ္ပဏီလီမိတက်၏ ဆီသိုလှောင်ကန်များ၌ စားအုန်းဆီသိုလှောင်ထားရှိမှု၊ ဖြန့်ဖြူးမှု၊ 18 Liter ပုံးများဖြင့် ဘူးသွင်းထုတ်လုပ်မှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1825 of 2142