#Local_News
Published - 9 July 2022
အင်ဒိုနီးရှားနိုင်ငံမှာ ၁၁ ကြိမ်မြောက် ကျင်းပမဲ့ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ သွားရောက်ယှဥ်ပြိုင်မဲ့ မြန်မာအားကစားအဖွဲ့အနေဖြင့် ယခုလ (ဇူလိုင် ၂၅) ရက်မှာ စတင်ထွက်ခွာမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 9 July 2022
လက်သင်္ကေတပြ ဘာသာသင်တန်း Sign Language ကို အွန်လိုင်း zoom ကနေ တစ်ဆင့် သင်ကြားသွားမည်ဖြစ်ပြီး သြဂုတ်လအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းမှ သိရသည်၊၊
နားမကြားသောကလေးငယ်များ၏ မိဘဆွေမျိုးများ ကလေးငယ်နှင့် ဆက်သွယ်ပြောဆိုနိုင်ရန် နှင့် နားမကြားသောသူများကို ပညာသင်ကြားပေးလိုသူများ အနေဖြင့် လက်သင်္ကေတပြ ဘာသာစကားသင်တန်း Sign Languageကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်နိုင်မည်ဖြစ်သည်၊၊
ယခုဖွင့်လှစ်မည့် သင်တန်း Sign Language batch - V ကို Zoomဖြင့် လူ(၅၀) လက်ခံသွား မည်ဖြစ်ပြီး သြဂုတ်လ ၆/၇/၁၃/၁၄/၂၀/၂၁/၂၇/၂၈ ရက်နှင့် စက်တင်ဘာလ၃/၄ ရက် အထိ ညစဥ် ၇နာရီမှ ၉နာရီအထိ စုစုပေါင်းနာရီ(၂၀)စာ ဖွင့်လှစ်သွားမည်ဖြစ်သည်၊၊
အသေးစိတ်ကို Mary Chapman School for the Deaf Facebook page တွင် မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 9 July 2022
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ အများပြည်သူအတွက် ဝါတွင်းသီလခံယူပွဲတွေနဲ့ သာသနာဆိုင်ရာ အခမ်းအနားတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဘဏာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 9 July 2022
၁။ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းသီလခံယူပွဲနှင့် သာသနာဆိုင်ရာအခမ်းအနားများကျင်းပမည်၊
၂။အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်မည့် မြန်မာအသင်း ဇူလိုင် ၂၅ တွင်ထွက်ခွာမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မျိုးသုဉ်းပျောက်ကွယ်တော့မည့်ရှားပါးကြံ့အကြောင်း အင်ဒိုနီးရှားတစ်ဦးက ရုပ်သေးရုပ်များဖြင့်ပညာပေးပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 July 2022
ဇွန် (၃၀) ရက်မှ ဇူလိုင် (၉) ရက်အထိ ၁၀ ရက်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းနဲ့ ပတ်ဝန်းကျင်နေရာများကို ဗဟိုပြု၍ ငလျင် (၁၉) ကြိမ်အထိ လှုပ်ရှားခဲ့ကြောင်း မိုး/ဇလရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ဇူလိုင် (၉) ရက်တွင် Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင် လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၈)ရက်တွင် ဖြူးမြို့၏တောင်-အရှေ့တောင်ဘက်(၁၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ ညောင်ဦးမြို့၏ အနောက်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားခဲ့ပါတယ်။
ဇူလိုင်(၇)ရက်တွင် ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက်(၉)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅) အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ နမ့်စန်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၆)မိုင် ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှာခဲ့ပါတယ်။
ဇူလိုင် (၆) ရက်တွင် နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၅) ရက်နေ့တွင် သရက်မြို့၏ တောင်-အရှေ့တောင်ဘက် (၁၁) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၄)ရက်တွင် Andaman Islands, India Region ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၃)ရက်တွင် အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၂) ရက်တွင် မိုင်းလားမြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင် (၁)ရက်တွင် ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇွန်(၃၀) ရက်တွင် မိုင်းဖြတ်မြို့၏ မြောက်ဘက် မိုင် (၂၀) ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်၊ ကလေးမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
#Point_Of_View
Published - 9 July 2022
ကားတင်သွင်းခွင့်ပိတ်တာဟာ ၂၀၂၁ အကုန် ၂၀၂၂ မှမဟုတ်ဘူး ၂၀၂၁မှာကတည်းက တင်သွင်းခွင့်ဟာမရသလောက်ပဲ။ ဦးစားပေးတာကတော့ လုပ်ငန်းသုံးလိုင်စင်ကို စီးပွားကူးသန်းက တာဝန်ယူချပေးတာ။ပေါပေါလောလောချပေးတာလားဆို မဟုတ်ပါဘူး။လွယ်လွယ်ကူကူချပေးလို့ရတဲ့အစီးရေထက်ကို လျှော့ချပြီးတော့ပေးခဲ့တာ။
#Yangon_Media_Group
#Local_News
Published_ 9 July 2022
လူ့အခွင့်အရေးကောင်စီ၏မူဝါဒများကို ကောင်စီကိုယ်တိုင်လိုက်နာရန် ပျက်ကွက်နေကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဂျီနီဗာမြို့၌ ဇွန် ၁၃ ရက်မှ ဇူလိုင် ၈ ရက်အထိ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အကြိမ်(၅၀)မြောက် ပုံမှန်အစည်းအဝေးကာလတွင် မြန်မာနိုင်ငံအတွက် အထောက်အကူမဖြစ်သော ဆွေးနွေးပွဲများစွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲများတွင် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ)မှ တင်သွင်းခဲ့သော ဆုံးဖြတ်ချက်အဆိုအရ ဇွန် ၁၄ ရက်တွင် ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ နှုတ်ဖြင့်အစီရင်ခံချက်အပေါ် အပြန်အလှန်ဆွေးနွေးပွဲနှင့် ဇွန် ၁၅ ရက် တွင်ကျင်းပခဲ့တဲ့ “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြား လူနည်းစုများ အပေါ်လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများဖြစ်ပွားစေတဲ့ အကြောင်းရင်းများ” ခေါင်းစဉ်ပါ ဆွေးနွေးပွဲနှင့် ဥရောပသမဂ္ဂ (အီးယူ)မှ တင်သွင်းခဲ့တဲ့ ဆုံးဖြတ်ချက် အဆိုအရ ဇွန် ၂၉ ရက်တွင် ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင် ခံစာတင်သွင်းသူ၏နှုတ်ဖြင့် အစီရင်ခံချက်အပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့ ပါဝင်ပါတယ်။
ထို့ပြင် အိုအိုင်စီက တင်သွင်းသော “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” မွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့် အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက် အဆိုကို ဇူလိုင် ၇ ရက်တွင် လူ့အခွင့် အရေးကောင်စီက အတည်ပြုချမှတ်ခဲ့သည်။ လူ့အခွင့်အရေးကောင်စီသည် ပူးပေါင်းဆောင်ရွက် ခြင်းနှင့်ညှိနှိုင်းဆွေးနွေးခြင်း မူများကို ဆန့်ကျင်၍ သက်ဆိုင်ရာနိုင်ငံပါဝင်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။
လူ့အခွင့်အရေးကောင်စီ၏ အထက်ပါအပြုအမူများကို ကြည့်ခြင်းဖြင့် လူမျိုးပေါင်းစုံနှင့် ဘာသာပေါင်းစုံ အတူတကွနေထိုင်သည့် မြန်မာနိုင်ငံရှိ ပြည်သူများအကြား လူ့အခွင့်အရေး အရေခြုံ၍ စိတ်ဝမ်းကွဲပြားမှုများနှင့် မယုံကြည်မှုများဖြစ်ပေါ်စေရန် ရွေးချယ်ပစ်မှတ်ထားနေသည့် အတိုင်းအတာကို ထင်ရှားစေပါတယ်။
လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆို ကိုယ်တိုင်ကပင် မမှန်ကန်သောစွပ်စွဲချက်များ၊ နိုင်ငံရေးနှင့် ဘာသာရေး သက်ဝင်သော အသုံးအနှုန်းများဖြင့် အမုန်းတရားဖြစ်ပေါ်စေပါတယ်။
မြန်မာနိုင်ငံသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် ကိုက်ညီသူများကို လူမျိုး ဘာသာ မခွဲခြားဘဲ သင့်လျော်သည့် နိုင်ငံသားအဆင့်အတန်းပေးလျက်ရှိပါတယ်။ သို့ရာတွင် မြန်မာနိုင်ငံ၏ ဥပဒေနှင့် သမိုင်းကြောင်း မှတ်တမ်းများတွင် မရှိခဲ့သည့် ဖန်တီးထားသော “ရိုဟင်ဂျာ” အသုံးအနှုန်းကို အသိအမှတ်မပြုကြောင်း ထပ်မံ ဖော်ပြအပ်သည်။ ထိုကဲ့သို့အသုံးအနှုန်း သုံးစွဲမှုကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်းဖော်ပြထားပါတယ်။
သက်ဆိုင်ရာ နိုင်ငံမပါဝင်ဘဲ အထက်ပါကိစ္စများ ဆောင်ရွက်ရန် လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ခဲ့သည်ကို မြန်မာနိုင်ငံက ထပ်မံကန့်ကွက်သည်။ ဇူလိုင် ၇ ရက်တွင် စာရွက်စာတမ်းအမှတ် A/HRC/50/L21 ပါ ဆုံးဖြတ်ချက် အဆို(မူကြမ်း) ကို အတည်ပြုချမှတ်ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမရှိဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ဂုဏ်သိက္ခာကို ထိပါးသောအသုံးအနှုန်းများ ပါဝင်သည့် အဆို(မူကြမ်း) တစ်ခုလုံးကို ကန့်ကွက်ပယ်ချလိုက်ကြောင်း ဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1828 of 2142