#Local_News
Published_1 October 2022
ပြည်တွင်းမှာ နိုင်ငံခြားဆေးတွေဈေးမြင့်တက်တဲ့ အခြေအနေကို ထိန်းချုပ်ဖို့အတွက် ဆေးဝါးတင်သွင်းတဲ့အခါ ကုန်သွယ်ရေးဦးစီးဌာနကို တိုက်ရိုက်လျှောက်ထားခွင့်ပြုထားခဲ့ပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 1 Oct 2022
- ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေရှိပါသလား??
#Yangon_Media_Group
Published 1 Oct 2022
ရန်ကုန်မြို့တော်စည်ပင်သာယာပြင်ပမြို့နယ်တွေမှာ မွေးမြူရေးဇုန်တွေ ထပ်မံတိုးချဲ့သွားကြဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က သက်ဆိုင်ရာဝန်ကြီးတွေနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူတွေက မှာကြားခဲ့တယ်လို့သိရပါတယ်။
အောက်တိုဘာလ(၁)ရက် နံနက်က နစက ဥက္ကဋ္ဌက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (၂၆) မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများတွေကို သွားရောက်ကြည့်ရှုစစ်ဆေး စဉ်မှာ မှာကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဒါပေမယ့် အဲသလို မွေးမြူရေးဇုန်တွေထပ်မံတိုးချဲ့ရာမှာ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတွေက စီးဝင်မှုတွေကို မထိခိုက်ဖို့လိုအပ် တယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ထိုသို့ဆောင်ရွက်ကြရာမှာ ပုဂ္ဂလိက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အားပေးရမယ်လို့လည်း သူကပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၏ လူဦးရေ နှုန်းထားနှင့် တစ်နေ့လျင် လိုအပ်မည့် အသား၊ ငါးနှင့် ဥ အမျိုးမျိုး၊ ဟင်းသီးဟင်းရွက် လိုအပ်ချက်ကို တွက်ချက်၍ လိုအပ်ချက်များပြည့်မီစွာ စားသုံးနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမွေးမြူရေးဇုန်များမှ ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရမှာဖြစ်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။

လျှပ်စစ်ဓာတ်အားကို ဆိုလာစနစ်ဖြင့်ထုတ်ယူနိုင်ရေး ဆောင်ရွက်ရန် လိုပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားဖြင့် မွေးမြူရေး ခြံများအတွက် လျှပ်စစ်ဓာတ်အား ပေး စနစ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့ အခြားသော အုပ်ချုပ်မှုလုပ်ငန်းများ အတွက် လည်း အသုံးပြုလာနိုင်မှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဆက်လက်ပြောဆိုပါတယ်။
(၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၏ မူလအဓိက ရည်ရွယ်ချက်သည် ပြည်တွင်းရာဘာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဖြစ်တဲ့အတွက် ရာဘာစိုက်ပျိုးရန်သတ်မှတ်ပေးထားသည့် မြေနေရာ များ၌ ရာဘာကိုသာ အတတ်နိုင်ဆုံး စိုက်ပျိုးရေး ဆောင်ရွက်ဖို့၊ ဘဲမွေးမြူရေးလုပ်ငန်းများကို ယခုထက်ပိုမို အောင်မြင်စေရန်နှင့် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုဆောင်ရွက်၍ ဒေသမျိုးရင်းဘဲများကိုလည်း ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ရန်ဖို့နှင့် စိုက်ပျိုးမွေးမြူရေးဇုန်မှ ထွက်ရှိသည့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်လိုအပ်ချက်အပေါ်မူတည်၍ ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြဖို့ကိုလည်း ဗိုလ်ချူပ်မှူးကြီးက တိုက်တွန်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးတင်ထွဋ်ဦးနှင့် ဦးလှမိုး၊မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဟန်ဇော် နှင့် အခြားတာဝန်ရှိသူတွေက (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်နှင့် သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်တို့ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s info
#SG_Min_Aung_Hlaing
#Myanmar
#Yangon_Agriculture_Livestocks


#Local_News
Published _ 1 october 2022
ယနေ့ အောက်တိုဘာလ ၁ရက်နေ့ အကယ်ဒမီအခေါက်ရွှေဈေးပြင်ပဈေးနှုန်းက ၂,၄၉၀,၀၀၀ ကျပ်အထိ ဈေးကျဆင်းနေတယ်လို့ ရွှေအရောင်းအဝယ်ဈေးကွက်အတွင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Health_Matters
Published - 1 Oct 2022
- ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရတာကို ဘယ်လိုသိနိုင်သလဲ။မြန်မာနိုင်ငံအတွက်ရော ဘယ်လောက်ကြောက်စရာကောင်းသလဲ??
#Yangon_Media_Group
#Health_Matters
Published - 1 Oct 2022
- ဦးနှောက်ရောင်ရောဂါ ကူးစက်ခံရတာကို ဘယ်လိုသိနိုင်သလဲ။ မြန်မာနိုင်ငံအတွက်ရော ဘယ်လောက်ကြောက်စရာကောင်းသလဲ??
#Yangon_Media_Group
#DailyNews
Published _ 1 October 2022
၁။ ရွှေအတုံးအခဲများ လေလံစနစ်ဖြင့် ရောင်းချရာ လေလံဆွဲသူနည်းပါးနေပြီး ရွှေဈေး ၂၅ သိန်းအောက်သို့ ရောက်ရှိနေ
၂။ နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးမြင့်တက်နေဆဲဖြစ်
၃။ အလုပ်ကြောင့် စိတ်ဖိစီးမှုများနေသူများ၊ စိတ်ဓာတ်ကျနေသူများကိုအကူအညီများပေးနေ
၄။ ယဉ်ကျေးမှုအမွေအနှစ်ခြိမ်းခြောက်ခံနေရသည့်ကိစ္စနှင့် ပတ်သက်၍ ယူနက်စ်ကို အစည်းအဝေးပွဲကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1832 of 2333