#Local_News
Published-5 January 2023

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စွန့်ပစ်ထားသောမွေးကင်းစဟုယူဆရသည့် ကလေးအလောင်းတစ်လောင်းကို ယနေ့ ဇန်နဝါရီလ ၅ ရက် မွန်းတည့် ၁၂ နာရီခန့်က တွေ့ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့နယ် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

"ငါးမျှားတဲ့သူကတွေ့တာ၊ ကလေးက ပုတ်ပွနေပြီ၊ မွေးကင်းစလို့ ယူဆရတာပါ၊ ဘယ်နေ့ကတည်းက လာပစ်ထားတယ်ဆိုတာ မသိရပါဘူး၊ကလေးအလောင်းကို ရေထဲက ဆယ်ယူရတာပါ"ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

 

ယခုအခါ အဆိုပါကလေးငယ်အလောင်းကို မုံရွာမြို့ဆေးရုံကြီး OPD မှတစ်ဆင့် ရင်ခွဲရုံသို့ အသင်း လူနာတင်ယာဉ်တစ်စီးဖြင့် ပို့ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group