#Local_News
Published_28 July 2022
ရန်ကုန် - မန္တလေး အမြန်လမ်းပေါ် အမြန်နှုန်းတိုင်းတာစက် ထပ်တိုးသွားမည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က သိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျောက်တွင် အမြန်နှုန်းတိုင်းတာသည့် စက် ၁၁ ခု ရှိပြီး ယင်းတွင် အမြန်နှုန်း တိုင်းတာသည့် စက်များတပ်ဆင်၍ လုပ်ဆောင်နေသော်လည်း လိုအပ်ချက်အရ စက် ၇ လုံး ထပ်မံတပ်ဆင်မည် ဖြစ်ကြောင်း သိရသည်။
"ယာဉ်တိုက်မှု ဖြစ်စဉ်ကို လျှော့ချနိုင်စေဖို့နဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေမဖြစ်ဖို စီစဉ်တာပါ။ သတ်မှတ် ကီလိုအတိုင်းပဲ မောင်းနှင်တာကတော့ ဘေးကင်းမှု အရှိဆုံးပါ"ဟု တာဝန်ရှိ ရဲအရာထမ်းက ဆိုသည်။
လက်ရှိတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျောက် သုညမိုင်မှ ၃၅၂ မိုင် ၆ ဖာလုံအတွင်း ရဲစခန်း ၁၆ ခု ရှိကြောင်း၊ သတ်မှတ်ကီလိုထက် ကျော်လွန်မောင်းနှင့်သည့် ယာဉ်များကို စောင့်ကြည့်ဖမ်းဆီးမှုများပြုလုပ်နေကြောင်း၊ အိမ်စီးယာဉ်များကို တစ်နာရီလျှင် ကီလို ၁၀၀ ၊ ခရီးသည်တင် အဝေးပြေးယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၉၀ နှင့် လုပ်ငန်းသုံး ကုန်တင်ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၆၀နှုန်း သတ်မှတ်ထားကြောင်း သိရသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ တစ်ရက်မှ ဇူလိုင်လ ဒုတိယပတ်ထိ သတ်မှတ်ကီလိုကျော်လွန်မောင်းနှင်းခဲ့သည့် ယာဉ်စီးရေ ၅၀၆၄ စီးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published 28 July 2022
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ၇၉ လမ်းနှင့် ၄၂ လမ်းကြား ဂုံးကျော်တံတားအောက်ရှိ ရထားလမ်းတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ချမ်းမြသာစည်မြောက်ရပ်ကွက်နေ ဦးသန့်ဇင်(၆၁)နှစ်သည် ဆိုင်ကယ်ဖြင့် မောင်းနှင်လာကာ ရထားလမ်းအား အရှေ့မှအနောက်သို ဖြတ်ကူးစဉ် ရန်ကုန်ဘက်မှ မန္တလေးဘူတာသို့ဝင်လာသည့် အမှတ်(၃)ရန်ကုန်-မန္တလေး ခရီးသည်တင် အဆန်ရထားဖြင့်တိုက်မိခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ တိုက်မိခဲ့သဖြင့် ဦးသန့်ဇင်တွင် ယာပါးပေါက်ပြဲဒဏ်ရာ၊ ဝဲပါးဖူးရောင်ဒဏ်ရာ နှာခေါင်းသွေးထွက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မဏိစလ လူမူ့ကူညီရေးအသင်းကားဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 27 July 2022
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့်"သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဘေးကင်းအရည်အသွေးမြင့် စိုက်ပျိုးမှုနည်းပညာ" စီမံကိန်းကို မြန်မာနိုင်ငံ၌ ဖော်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်လိုက်သည်၊၊
လန်ချန်း-မဲခေါင်စီမံကိန်းသည် စိုက်ပျိုးသူ (၂၇၀၀)ဦးအတွက် အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေးများ လေ့ကျင့်ရေးလုပ်ဆောင်ပြီး GAP သက်ဆိုင်ရာ စာရွက်စာတမ်းများပေးခြင်းဖြင့် တောင်သူများသည် GAP ဗဟုသုတနှင့် နည်းပညာအကြောင်း ကျွမ်းကျင်ပိုင်နိုင်စေကာ မြန်မာနိုင်ငံ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း တင်ပို့မှုအရည်အသွေးကို ထိရောက်စွာမြှင့်တင်ပြီး တောင်သူများဝင်ငွေတိုးများလာစေခဲ့သည်ဟု ဖော်ပြပါရှိသည်၊၊
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ဆန်နှင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံ ထုတ်လုပ်သောနိုင်ငံကြီးဖြစ်သည်။ သို့သော် အချို့သောတောင်သူများက စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) အား နားမလည်သဖြင့် ထုတ်လုပ်သည့်စိုက်ပျိုးရေးထွက်ကုန်များသည် ပြည်ပသို့တင်ပို့ရန် ခက်ခဲခြင်း သို့မဟုတ် နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းမြင့်မြင့်ရရှိရန် ခက်ခဲခဲ့ပြီး ယခုစီမံကိန်းသည် စိုက်ပျိုးသူများကိုကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published_ 28 July 2022
မြန်မာနိုင်ငံတွင် ပထမဆုံး သတ်မှတ်တည်ထောင်မည့် ပုပ္ပါးတောင် အမျိုးသားဘူမိ ဥယျာဉ်ကို ဘူမိနယ်မြေ ၁၄ ခုဖြင့် ကနဦးတည်ထောင်ရန် လျာထားကြောင်း အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ (၂/၂၀၂၂) အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်ရီက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရနိုင်ရေးအတွက် အလား အလာကောင်းများ ပိုင်ဆိုင်သည့်နေရာ အများအပြားရှိသည့်အနက် ပုပ္ပါးတောင်ဒေသသည် ထူးခြားသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ်ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြားသော ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ် ၂ ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်း မေးရိုးများရှိကြောင်း၊ ကမ္ဘာ့အဆင့် ဘူမိဥယျာဉ်အဖြစ် အဆိုမပြုမီ အမျိုးသားအဆင့် ဘူမိဥယျာဉ်အဖြစ် ဦးစွာသတ်မှတ်နိုင်ရေး ဆောင်ရွက်ရမှာဖြစ်တယ်လို ဆိုပါတယ်။
ကွဲပြားခြားနားပြီး မတူညီသောစီမံခန့်ခွဲမှု အများအပြားပါဝင်သည့် သဘောသဘာဝ ရှိသောကြောင့် ဝန်ကြီးဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ဆက်စပ်သည့်ဌာန၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရန်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ထို့နောက် ကော်မတီအတွင်းရေးမှူးက ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် တည်ထောင်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းဥက္ကဋ္ဌက အလားအလာရှိ ဘူမိနယ်မြေ၊ ဘူမိဥယျာဉ်များနှင့် ပက်သက်၍ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ယင်းနောက် ကော်မတီအဖွဲ့ဝင်များက ပုပ္ပါးတောင် အမျိုးသားဘူမိဥယျာဉ် သတ်မှတ်တည်ထောင်နိုင်ရေးနှင့် ပတ်သက်၍ ကဏ္ဍအလိုက် တင်ပြဆွေးနွေးကြပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ကြပါတယ်။
ယူနက်စကိုရဲ့ ဖွံ့ဖြိုးရေးနှင့်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ဆောင်ရွက်နေတဲ့ အစီအစဉ်ဖြစ်တဲ့ ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်ကို ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး လက်ရှိနိုင်ငံပေါင်း ၄၆ နိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ် ၁၇၇ ခု သတ်မှတ်ထားပြီးဖြစ်ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published _ 27 July 2022
ဈေးကွက်ထဲ ကြက်သွန်နီနဲ့ ငြုတ်သီးလက်ကျန်နည်းပါးလာတာကြောင့် ဈေးနှုန်းတွေဟာ အတက်ဖက်ကို ဦးတည်နေတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 27 July 2022
ပုဂ္ဂလိကကျောင်းများ ရက်အကန့်အသတ်မရှိ ပိတ်တယ်ဆိုတာမဟုတ်မှန်ဘဲ သတင်းမှားသာဖြစ်တယ်လို့ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌဦးနေအုပ်က YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 27 July 2022
လူမှုကွန်ရက်စာမျက်နှာတွင် စာသင်ကျောင်းများပိတ်မည်ဆိုသည့်သတင်း ပျံ့နှံနေပြီး ယင်းသတင်းသည် ကောလဟာလသာဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
"အဲဒီသတင်း ကြားလည်းမကြားမဘူး။ fb ပေါ်မှာပျံ့နေတယ်ဆိုကတည်းက ၁၀၀ ရာခိုင်နှုန်း ကောလဟာဖြစ်ပါတယ်"ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ အ.ထ.က(၁)ဒဂုံ အပါအဝင် ပုဂ္ဂလိကစာသင်ကျောင်းတချို့ ရက်အကန့်အသတ်မရှိ ပိတ်လိုက်သည်ဆိုသည့်သတင်းမှာ ဇူလိုင် ၂၆ ရက်က လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံနေခြင်းဖြစ်သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများအားလုံးကို မေ ၂၆ ရက်မှစ၍ ဇွန် ၁ ရက်အထိ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၂ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1786 of 2140