#Local_News
Published - 26 July 2022
မြန်မာ့လူဦးရေ(၅)သန်းကျော်မှာB ပိုး၊ C ပိုး အပါအဝင် အသည်းရောင်ရောဂါတွေရှိနေပြီး ရောဂါရှိမရှိ အခမဲ့စစ်ဆေးပေးသွားဖို့ရှိတယ်လို့ မြန်မာအသည်းဖောင်ဒေးရှင်း ဥက္ကဌဒေါက်တာ ဒေါ်ခင်ပြုံးကြည်က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published - 26 July 2022
ပြည်တွင်းရွှေဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ၂၃သိန်းကျော်ပေါက်ဈေးသည် ဈေးကစားကြသူများ၏ လုပ်ရပ်ကြောင့်သာဖြစ်ပြီး ထွက်ပေါ်နေသည့်သတင်းများမှာလည်း အမှန်မဟုတ်ပဲ ကောလဟာလများသာဖြစ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ထံမှသိရသည်။
ကမ္ဘာ့ရွှေဈေးကျနေသော်လည်း ပြည်တွင်းရွှေဈေးကွက်မှာ ဈေးမကျဘဲ ဈေးအမြင့်ပိုင်းဖြင့် အရောင်းအေးနေကြောင်း ယင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၇၂၇ (အမေရိကန်ဒေါ်လာ)ရှိနေချိန် ပြည်တွင်းရွှေဈေးနှုန်းဟာ သိန်း ၂၀၊ ၆ သောင်းရှိနေသည်။
ဒေါ်လာဈေးနှုန်းမြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းကလည်း ယခုလို ဈေးတတ်လာရခြင်းဖြစ်သည်။
ကိုဗစ်ကာလနောက်ပိုင်း ရန်ကုန်ရွှေ ဈေးကွက်ဟာ လေးပုံတစ်ပုံသာ အရောင်း အဝယ်ရှိနေပြီး လုပ်ငန်းအချိုသာ ပြန်လည်ပတ်မှုရှိနေကြောင်း ယင်းမှသိရသည်။
ရန်ကုန်ရွှေအသင်းအနေနှင့် မီးလင်းရွှေအတုံး အခဲအရောင်းအဝယ်ပြုလုပ်သူများကို လိုင်စင်ပြုလုပ်ထားကြရန် ပြီးခဲ့သည့် မေလ ၁၈ ရက်က အသိပေးပြောကြားထားပြီး လိုင်စင်မရှိသည့် ရွှေဆိုင်များကိုလည်း ရွှေအရောင်း အဝယ်လိုင်စင်ပြုလုပ်ကြရန်ထုတ်ပြန်ကြေညာထားသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_26 July 2022
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံကို ခရီးမသွားသင့်တဲ့ နိုင်ငံ Level 4: Do Not Travel အနီရောင်အဆင့် သတ်မှတ်လိုက်တာကြောင့် ခရီးသွားလုပ်ငန်းမှာ ထိခိုက်သွားမယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။
#Yangon_Media_Group
#LocalNews
Published _ 26 July 2022
အာဆီယံအထူးသံနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်ရမည်ဟူသော သတင်းများအပေါ် နိုင်ငံရေးတွင်မဖြစ်နိုင်တာမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းမီဒီယာများအား ယနေ့ ဇူလိုင်လ ၂၆ ရက်က နေပြည်တော်၌ပြုလုပ်သည့် ၁၈ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။
ကမ္ဘောဒီးယားအခြေစိုက် ဖနွမ်ပင်ပို့စ် သတင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးသံတမန် လည်းဖြစ်ဖြစ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သော ပရက်ဆော့ခွန်တို့ တွေ့ဆုံခွင့်ရရန် အလားအလာကောင်းများ ရှိနေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကတိပြုလိုက်ပြောကြားလိုက်သည့် သတင်းနှင့် ပတ်သက်၍ သတင်းမီဒီယာ၏ မေးမြန်းချက်အပေါ် ယင်းက အထက်ပါ အတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ပထမဆုံးပြောလိုတာက နိုင်ငံရေးမှာ မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စမရှိပါဘူး၊ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ပြောကြားချက်အပေါ်မှာ သီးခြားမှတ်ချက်ပေးစရာတော့ မရှိပါဘူး"ဟု ၎င်းက ဆိုသည်။
အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် လာမည့် စက်တင်ဘာလ ၁၃ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်၌ ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်မီ မြန်မာနိုင်ငံကို သွားရောက်နိုင်ရန်မျှော်လင့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ခွင့်ရှိပါကနိုင်ငံအတွင်းဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများ အဆုံးသတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်မည် ဖြစ်ကြောင်းလည်း အဆိုပါသတင်းဌာနကို ပြောကြားထားကြောင်း သိရသည်။
အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်အနေဖြင့် မြန်မာနိုင်ငံသို့ နှစ်ကြိမ်ရောက်ရှိပြီး ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် မရခဲ့ပေ။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 26 July 2022
Kaung For You စာသင်ကြားမှု အစီအစဉ်မှာ ပါဝင်သည့် ဆရာ၊ ဆရာမများနှင့်ငွေကြေးထောက်ပံ့မှုများမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ကျန်ရှိသည့် အဖွဲ့အစည်းများ၏ စာရင်းအား အသေးစိတ်ရရှိပြီးဖြစ်ကြောင်း နစကမှ ထုတ်ပြန်ထားရှိသည်။
Kaung For You မှာ စာသင်ခဲ့သည့် ဆရာ၊ ဆရာမများ ဥပဒေဘောင်ထဲ ဝင်ရောက်ကြရန် ထုတ်ပြန်ချက်တစ်စောင်ကို နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး Kaung For You ကျောင်းရဲ့ စာသင်ကြားမှု အစီအစဉ်မှာပါဝင်သည့် ဆရာ၊ ဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ စာရင်းအားရရှိထားပြီးဖြစ်ပြီး ပါဝင်နေသည့် ဆရာ၊ ဆရာမများကို ဆက်သွယ်သတင်းပို့ရန် ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယခုလို သတင်းပို့ ဆက်သွယ်လာသူများကို သတ်မှတ်စည်းကမ်းများနှင့်အညီ အေးချမ်းစွာနေထိုင်ရေးအား အာမခံချက်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ထို Kaun For You အွန်လိုင်းအခြေပြုစာသင်ကျောင်းမှာ CDM ပြုလုပ်ထားသည့် ဆရာ၊ ဆရာမများ ပါဝင်ခဲ့တာဖြစ်ပြီး ကျောင်းတည်ထောင်သူနှင့် ကျောင်းအုပ် ဖမ်းဆီးခံရပြီးနောက် ဆရာ၊ ဆရာမအချို့လည်း ဖမ်းဆီးခံရမှုများရှိခဲ့သည်။
အဆိုပါကျောင်းတွင် CDM ဆရာ၊ ဆရာမ ၄၀၀ ခန့် ချိတ်ဆက်ပြီး သင်ကြားနေကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်၊၊
ymg/NN
#Yangon_Media_Group
#Local_News
Published_ 26 July 2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၀ ရက် နံနက် ၁ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရမည်းသင်း-ရွှေမြင်တင်သွားကားလမ်း၊ သင်ပန်းကုန်းလမ်းဆုံတွင် ရွှေမြင်တင်မှ ရမည်းသင်းဘက်သို့ အောင်မျိုးထက် မောင်းနှင်ပြီး ရာဇာစိုး လိုက်ပါလာတဲ့ DYNA မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူ ၇၇ ဒသမ ၅ ကီလို သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးချက်အရ နံနက် ၄ နာရီခွဲတွင် ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ကြီး၊ ရွှေပြည်သာရပ်ရှိ တည်းခိုခန်း၌ ဘိန်းဖြူများ တာဝန်ခံ သယ်ဆောင်သူများဖြစ်ကြသည့် ဇော်ဦး၊ ခွန်ထွန်းလင်းနှင့်အတူ ဖမ်းဆီးရမိ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မောင်ငြိမ်း၊ ကိုလေး(ခ)သန့်ဇော်ထွန်း၊ အိုက်အွမ်၊ သိန်းလင်းမောင် (ခ)ဒိုဇာ၊ ထွန်းထွန်းဦး(ခ)ကြီးဘ၊ ကျော်သူတို ၈ ဦးကို ဘိန်းဖြူ သုည ဒသမ ၀၂ ကီလို၊ HIJET မော်တော်ယာဉ် ၁ စီး၊ SURF မော်တော်ယာဉ် ၁ စီး၊ 4 WHEEL DOUBLE CAB မော်တော်ယာဉ် ၁ စီး တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။
ထို့ကြောင့် စုစုပေါင်း ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၉၃ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၇ ဒသမ ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 26 July 2022
စီးပွားရေးနလန်မထူတော့သည့် သိရီလင်္ကာကဲ့သို့ ဖြစ်လာနိုင်စရာမရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
‘‘ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ မြန်မာနိုင်ငံမှာ အရန်ငွေကြေးအဖြစ် ဒေါ်လာထိုက်သင့်သလောက် စုဆောင်းပြီး ဖြစ်ပါတယ်’’ဟု ၄င်းကထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်၏ လက်ဝယ်အတွင်း နိုင်ငံခြားအရန်ငွေမှာ အမေရိကန်ဒေါ်လာအပြင် တရုတ်ယွမ်လို ငွေကြေးမျိုးကိုလည်း ထည့်သွင်းစုဆောင်းထားကြောင်း ၄င်း၏ပြောပြချက်အရ သိရသည်။
‘‘ငွေကြေးပမာဏကို မပြောနိုင်ပေမယ့် ထိုက်သင့်တဲ့ ငွေကြေးပမာဏ စုဆောင်းပြီး ဖြစ်ပါတယ်။ အခြေခံရှိပြီး ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်’’ဟုဆိုသည်။
နိုင်ငံတော်တွင် သင့်တင့်သည့် နိုင်ငံခြားအရန်ငွေကြေးနှင့်ဘဏ္ဍာငွေများ ရှိပြီးဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်။
ymg/sth
#Yangon_Media_Group
Page 1789 of 2140