#DailyNews
Published - 30 August 2022
၁။ ရခိုင်ပြည်နယ်ရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကျပ် ၁၀ ဘီလီယံ ထုတ်ချေးရန်စီစဉ်နေ
၂။ ငွေကြေးမတည်ငြိမ်မှုကြောင့် ခရီးသွားလုပ်ငန်းထိခိုက်နိုင်ဟု UMTA ဥက္ကဌပြော
၃။ နေပြည်တော်တွင် အိမ်ခြံမြေဝယ်ယူလိုသူ နှစ်ဆကျော်မြင့်နေဟုဆို
၄။ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရန် ဂျာမနီကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_30 August 2022
လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူမှု မပြုလုပ်ဘဲ ကြာမြင့်ပြီ ဖြစ်တဲ့ ဆူးလေစေတီတော်ကို လာမယ့်ပွင့်လင်းရာသီမှာ ရွှေသင်္ကန်းကပ်လှူတော့မှာဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 30 August 2022
ရန်ကုန်တိုင်းဒေသကြီးမှာ လျှပ်စစ်သုံးယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံ၊ အလုပ်ရုံများ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ပါက စက်မှုဇုန်များနှင့် ပတ်သက်သည့် ကိစ္စရပ်တစ်ချို့အား အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လျှပ်စစ်ကားထုတ်လုပ်သည့် စက်ရုံတွေရင်းနှီးမြှုပ်နှံမည်ဆိုလျှင် စည်ပင်လိုင်စင် အမြန်ရရှိစေရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေလျှော့ပေးသွားမှာဖြစ်သလို စက်မှုဇုန်ကော်မတီများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး စက်မှုဇုန်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနှင့် အဆိုပါလျှပ်စစ်ယာဉ်များအတွက် Charging Station ဟုခေါ်တွင်သည့် ဘက်ထရီအားသွင်းသည့် နေရာ ၃၆ နေရာကိုလည်း တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်သုံး မော်တော်ယာဉ် တင်သကော်မ ထုတ်လုပ်တာနှင့် ပတ်သက်သည့် မူဝါဒများ ချမှတ်နိုင်ရန် လုပ်ဆောင်နေပြီး အမျိုးသားလျှပ်စစ်သုံးယာဉ်ဖြင့်ဆက်စပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်ညှိနှိင်း ကြီးကြပ်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်ဆောင်ရွက်နေကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 30 August 2022
ငွေလဲနှုန်းအပြောင်းအလဲကြောင့် သြဂုတ်လအတွင်း နှမ်းတစ်အိတ်လျှင် ကျပ်ရှစ်သောင်း နီးပါးအထိ စျေးနှုန်းမြင့်တက်လာသည်ဟု ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
သြဂုတ်လ ၂ ရက်က နှမ်းနက်(စမုံ) တစ်အိတ်လျှင် ကျပ် ၁၉၅၀၀၀ မှ ၂၃၅၀၀၀၊ နှမ်းဖြူ(ဂျပန်) တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၀၊ နှမ်းဖြူ(ရိုးရိုး) တစ်အိတ်လျှင် ကျပ် ၁၉၀၀၀၀ မှ ၂၀၀၀၀၀၊ နှမ်းညို တစ်အိတ်လျှင် ကျပ် ၁၈၇၀၀၀ မှ ၁၉၀၀၀၀ ရှိခဲ့ပြီး သြဂုတ် ၂၉ ရက်တွင် နှမ်းနက် (စမုံ) တစ်အိတ်လျှင် ကျပ် ၂၆၀၀၀၀ မှ ၃၁၀၀၀၀ ၊ နှမ်းဖြူ တစ်အိတ်လျှင် ကျပ် ၂၆၀၀၀၀ မှ ၂၉၀၀၀၀ ၊ နှမ်းဖြူ(ဂျပန်) တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၀ ၊ နှမ်းညို တစ်အိတ်လျှင် ကျပ် ၂၂၀၀၀၀ မှ ၂၃၀၀၀၀ အထိ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
နှမ်းစျေးကတော့ ကောင်းတယ်။ မန္တလေး တချို့ဘက်တွေမှာ နှမ်းစိုက်ချိန် မိုးဦးကျနောက်ကျတယ်။ အဲ့ဒါကြောင့် နေရာတော်တော်များများက နှမ်းမစိုက်ကြဘူး။ စိုက်ကြတဲ့သူတွေလည်း ရှိပါတယ်။ စိုက်ကြတဲ့သူတွေကလည်း နောက်နှစ်အတွက် ပျိုးရဖို့လောက်ပဲ စိုက်ကြတယ် ဟု တောင်သူတစ်ဦးထံမှ သိရသည်။
နှမ်းကို မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၌ အများဆုံး စိုက်ပျိုးကြပြီး ယခုရာသီသည် နှမ်းရိတ်သိမ်းချိန်ဖြစ်သည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_30 August 2022
ကျန်းမာရေးထိခိုက်စေနိုင်သဖြင့် အစားအသောက် (၃၉)မျိုးကို စားသုံးရန်မသင့်သော အစားအသောက်များအဖြစ် သတ်မှတ်ပြီး မစားသုံးကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAအနေဖြင့် အသိပေးထုတ်ပြန်လိုက်ကြောင်း သိရသည်၊၊
ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနFDAအနေဖြင့်ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှအစားအသောက်များကို ဝယ်ယူစစ်ဆေးရာ အစားအသောက်(၃၉)မျိုးသည် စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သဖြင့် မစားသုံးရန်အသိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်၊၊
ယခုထုတ်ပြန်လိုက်သည့် အစားအသောက်(၃၉)မျိုးသည် ဇန်နဝါရီလမှဇူလိုင်လအထိ ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက်များဖြစ်ပြီး သစ်သီးယိုများ၊ ဂျယ်လီများ၊ လက်ဖက်၊ အချိုရည် ပဲကြီးလှော်၊ ပုန်းရည်ကြီး၊ ငပိ၊ သာကူချောင်း၊ အသားလုံးများ ပါဝင်ကြောင်းသိရသည်၊၊
အဆိုပါ အစားအသောက်များထဲတွင် ခွင့်မပြုတာရှည်ခံပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ၊ ခွင့်မပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများ ပါဝင်သောကြောင့် ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ပြီး ကင်ဆာရောဂါများ ဖြစ်ပွားနိုင်သဖြင့် ဘေးကင်းကြောင်း နောက်ထပ်ကြေညာချက်ထုတ်ပြန်ချက် မထုတ်မခြင်းစားသုံးခြင်းမပြုရန် ဖော်ပြထားသည်၊၊
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများ အနေဖြင့် FDA ၏ သတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်ပြီး မလိုက်နာပါကအမျိုးသားအစား အသောက်ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်၊၊




#ymg/tthl
#Yangon_Media_Group
#Local_News
Published_30 August 2022
"နှစ်ကိုယ်တူချစ်သမျှ၊ ချစ်အာရုံ"စသည့် နာမည်ကြီးတေးများ ရေးစပ်သူမြို့မ ကိုပေါ ဈာပနက ယနေ့ သြဂုတ်လ ၃၀ ရက်က အေးရိပ်ငြိမ် သုဿာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆရာကြီးသည် သြဂုတ်လ ၂၈ ရက် ညပိုင်းတွင် မန္တလေးမြို့၊ ပုလင်းဝင်းရပ်ရှိ သူ၏နေအိမ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး အသက် ၉၆ နှစ်အရွယ် ရှိပြီ ဖြစ်ကြောင်း၊ အမည်ရင်းမှာ ဦးကျော်စိုးဖြစ်ကြောင်း သိရသည်။
အသက်၂၄ နှစ်အရွယ်တွင် မန္တလေးမြို့ မြို့မတူရိယာအသင်း၌ ဆက်ဆိုဖုန်း မှုတ်သူအဖြစ် ဂီတလောကသို စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး တေးသီချင်းများ စတင်ရေးခဲ့သူဖြစ်ပြီး ၁၉၆၁ ခုနှစ်အတွက် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆု အကယ်ဒမီကို “ကိုယ်ပိုင်မေတ္တာ” ဇာတ်ကား၌ ဦးလူကလေးနှင့်အတူ ပူးတွဲရရှိခဲ့သူ ဖြစ်ကာ သင်္ကြန်မိုး ဇာတ်ကားတွင် ဂီတမှူးအဖြစ်ဆောင်ရွက်ခဲ့သည့်အပြင် ၁၉၉၁ နှစ်က ရုံတင်ခဲ့သော ဒဏ္ဍာရီဇာတ်ကားတွင် အသုံးပြုသည့် “အောင်စေမင်္ဂလာ” သီချင်းကိုလည်းကောင်း ရေးစပ်ပေးခဲ့သူ ဖြစ်ကြောင်း သိရသည်။



#ymg/mt
#Yangon_Media_Group
#Local_News
Published - 30 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာဓါတ်ဆီ ၁ လီတာ ၇၅ ကျပ်၊ ဒီဇယ် ၁ လီတာ ၆၀ ကျပ် အသီးသီး မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ယနေ့( သြဂုတ် 30) ရက် စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာကို ၂၅၇၀ ကျပ်၊ 95 တစ်လီတာကို ၂၆၃၅ ကျပ်၊ 97 တစ်လီတာကို ၃၂၅၅ ကျပ်၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၅ ကျပ်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့(သြဂုတ် ၂၉) စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာကို ၂၄၉၅ ကျပ်၊ 95 တစ်လီတာကို ၂၅၆၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၃၁၉၅ ကျပ်နှင့်ပရီမီယံဒီဇယ်တစ်လီတာကို ၃၂၇၅ ကျပ်ဖြစ်ကြောင်း သိရသည်။
"ဆီဈေးတွေက ဆက်တိုက်တတ်နေတော့ ကားလည်းဆွဲရတာ အဆင်မပြေဘူး။ ဆီဈေးတတ်လို့ ကားခကို တိုးတောင်းရင်လည်း ခရီးသည်တွေက အဆင်မပြေတော့ဘူး။ ကိုယ်ပိုင်ကားလည်းမဟုတ်ဘူး။ သူများကားကို ယူမောင်းနေရတော့ အုံနာခတောင် မနည်းရှာနေရတယ်"လို့ အငှားယာဉ်မောင်း ကိုအောင်ကျော်ကျော်ဦးက ပြောသည်။
ရန်ကုန် ၊ မန္တလေး အပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ သိရသည်။
#Ymg/STH
#Yangon_Media_Group
Page 1784 of 2215