#Local_News
Published - 1 Setember 2022
ဆေးနဲ့ ဆေးပစ္စည်းသွင်းသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆေး/ဝါးအသင်းတို့ရဲ့ ခွင့်ပြုချက်ယူရန် မလိုတော့ဘဲ သွင်းကုန်လိုင်စင် တိုက်ရိုက်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 Sept 2022
၂၀၂၂ ခုနှစ်အတွင်းမှာ ယူနီဆက်က မြန်မာနိုင်ငံရှိ လူဦးရေ ငါးသိန်းနီးပါးကို ရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။
ဒီဝန်ဆောင်မှုတွေမှာ သောက်ရေသန့်များ ပေးဝေခြင်း၊ ဘေးကင်းစိတ်ချရပြီး သင့်လျော်တဲ့အိမ်သာများ ဆောက်လုပ်ပေးခြင်း၊ အရေးပါတဲ့ အမျိုးသမီးဓမ္မတာဆိုင်ရာ သန့်ရှင်းရေးသုံး WASH ထောက်ပံ့ပစ္စည်းများ ပေးဝေခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်တယ်လို့ ဆိုပါတယ်။
ယူနီဆက်ရဲ့ အရေးပေါ်ရေဖြန့်ဝေပေးရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ လူဦးရေ ၃ သောင်းကျော်က လစဉ်ရေသန့်ဘူးများ ရရှိနေကြပါတယ်။
ထို့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ လိုအပ်ချက်များရှိနေသူ လူဦးရေ နှစ်သိန်း ငါးသောင်း သုံးထောင်ထံ သောက်ရေသန့်များ ပံ့ပိုးပေးခဲ့ပါတယ်။
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က ကျေးရွာနေပြည်သူ ၆,၀၀၀ ကျော်အတွက် သန့်ရှင်းတဲ့ သောက်ရေသန့်ရရှိစေဖို့ စိတ်ချရတဲ့ ရေပေးဝေရေး စနစ်တွေကို ထူထောင်ပေးထားပြီးဖြစ်တယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#ymg_mnn
#Yangon_Media_Group
#Local_News
Published-1 Setember 2022
နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာချက်ထွက်ပြီး နောက်ပိုင်းတွင် ရွှေဈေးနှင့် ဒေါ်လာဈေး အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာထားခြင်းဖြစ်သည်။
လက်ရှိ ရွှေဈေးနှုန်းမှာ သြဂုတ်လ ၃၁ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ အထက်တွင်ရှိနေပြီး ယနေ့စက်တင်ဘာလ (၁) ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ ဝန်းကျင်သာရှိကြောင်း၊ ဒေါ်လာဈေးနှုန်းသည်လည်း ကျပ် ၃၅၀၀ အောက်သို့ ကျဆင်းသွားခြင်းဖြစ်သည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းသည်လည်း ဓာတ်ဆီတစ်လီတာ ကျပ် ၂၃၀ နှင့် ဒီဇယ်တစ်လီတာ ၁၀၅ ကျပ်အထိ ကျဆင်းလာခဲ့သည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 1 September 2022
ဆေးတက္ကသိုလ်ကို မိမိအစီစဉ်ဖြင့် ငွေကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ ကြား အကုန်ကျခံပြီး တတ်နိုင်မည့်သင်တန်း ယခုပညာသင်နှစ်တွင် ထူးခြားချက်အနေနှင့် ပါဝင်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများထဲမှ ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို တက်လိုသူများအနေနှင့် ပညာသင်နှစ် အစမှအဆုံးထိ ကျောင်းလခ ငွေကျပ် သိန်း ၆၀၀ မှ သိန်း ၇၀၀ အထိ အကုန်အကျခံပြီး တက်နိုင်မည့် အစီအစဉ်ရှိနေပြီး အဆိုပါ အစီစဉ်နှင့် တက်ရောက်မည့် ကျောင်းသူကျောင်းသားများ အနေဖြင့် သင်တန်းပြီးမြောက်သွားလျင် မိမိသဘောဆန္ဒအတိုင်း နိုင်ငံ့ဝန်ထမ်းတာဝန် မထမ်းဆောင်ဘဲနေလိုလျင် ရနိုင်ကြောင်း ပါရှိသည်။
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို ဝင်ခွင့်ရရှိသူတွေဟာ နိုင်ငံတော်အစီအစဉ်ဖြင့် ပညာသင်ကြားခွင့်(သို့မဟုတ်) မိမိအစီအစဉ်ဖြင့် ပညာသင်ကြားခွင့်အား ရွေးချယ်နိုင်မှာဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
#LocalNews
Published_1 September 2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး ဖားအံတောင်ကလေး အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ယင်းတို့မှာ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေး၊ပြည်သူ့အင်အားဌာနဝန်ကြီး ဦးမင်းကိုခိုင် တို့ဖြစ်ပြီး ၅၀၅ (ခ) နှင့် ထောင်ဒဏ်၂ နှစ် ကျခံနေရာမှ သတ်မှတ်လွတ်ရက်စေ့ပြီ ဖြစ်သောကြောင့် လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့ ၃ ဦးအနေဖြင့် ၂၀၂၁ခုနှစ် ၊ ဖေဖေါ်ဝါရီလ ၂၆ ရက် နံနက်တွင် ထိန်းသိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published-1 Setember 2022
ယနေ့(စက်တင်ဘာလ ၁ ရက်) စက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီတစ်လီတာ ကျပ် ၂၃၀ နှင့် ဒီဇယ်မျိုးစုံတစ်လီတာ ၁၀၅ ကျပ်အထိ ဈေးနှုန်းကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
သြဂုတ် ၃၁ ရက်နေ့စက်သုံးဆီဈေးနှုန်းမှာ 92 တစ်လီတာကို ၂၅၇၀ ကျပ်၊ ၉၅ တစ်လီတာကို ၂၆၇၀ ကျပ်၊ ၉၇ တစ်လီတာကို ၃၂၄၅ ကျပ် ၊ ဒီဇယ်နှင့်ပရီမီယံဒီဇယ်တစ်လီတာကို ၃၃၃၀ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် 92 တစ်လီတာကို၂၃၇၅ ကျပ်၊ ၉၅ တစ်လီတာ ၂၄၄၀ ကျပ်၊ ၉၇ တစ်လီတာဈေး ၃၁၄၀ ကျပ်၊ ၊ ဒီဇယ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၃၂၂၅ ကျပ်အထိကျဆင်းခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာမှုကို သက်သာစေရန် ဗဟိုဘဏ်က ဈေးကွက်ထဲ ကန်ဒေါ်လာ သန်း၂၀၀ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၃၁ ရက်ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 1 September 2022
တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာလုပ်သား ၁၃၅ ဦး ယနေ့ စက်တင်ဘာလ ၁ ရက်က ရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သတင်းထုတ်ပြန်ထားသည်။
ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၄၃ ဦးနှင့် Re-entry လုပ်သား ၉၂ ဦးဟာ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရောက်ရှိလာသည့် မြန်မာလုပ်သားများကို အလုပ်သမားသံအရာရှိမှ ကြိုဆိုပြီး အလုပ်သမားများသိရှိလိုက် နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်တာများ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေပြီးဩ ဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့သည်။
#ymg/NN
#Yangon_Media_Group
Page 1780 of 2215