#Local_News
Published _ 29 October 2022
ဒါရိုက်တာမိုက်တီး၊ တေးသံရှင်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့ အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူကပြောသည်။
ယင်းတို့ သုံးဦးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(က) ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် အောက်တိုဘာလ(၂၈) ရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကာ နေအိမ်သို့ ပြန်လည်ရောက်ရှိကြခြင်း ဖြစ်သည်။ "ဟုတ်ပါတယ်၊ သူတို့ ပြန်လွတ်လာတယ်ဆိုတာ မှန်ပါတယ်"ဟု နစက သတင်းထုတ်ပြန်ရေးတာဝန်ရှိသူက ပြောသည်။
တေးသံရှင်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့နှစ်ဦးမှာ ၂ဝ၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခံခဲ့ရပြီး ၈လအကြာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅(က) ဖြင့် ထောင်ဒဏ် ၃နှစ်စီ ချမှတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။
ဒါရိုက်တာ မိုက်တီးရင်ဆိုင်နေရာသော ပုဒ်မ ၅၀၅- က နှင့်ပတ်သက်၍ လက်ရှိတွင် စစ်ဆေးနေသောအဆင့်တွင် ရှိနေသေးသော်လည်း အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း၊ ယင်းကို တာမွေမြို့နယ်ရဲစခန်းက ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ဒါရိုက်တာမိုက်တီးကို ၂၀၁၈ ခုနှစ်အတွင်းက မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ၁၆ (ဂ)ဖြင့် ဖမ်းဆီးအရေးယူခဲ့ရပြီးနောက် အူမကြီးကင်ဆာဝေဒနာခံစားနေရသည့်အတွက် အာမခံဖြင့်ပြန်လည်လွှတ်ပေးခဲ့သေးကြောင်းလည်း သိရသည်။


#ymg/mt
#Yangon_Media_Group
#Local_News
Published _ 29 October 2022
ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား တစ်ခုထက်ပို၍ ကိုင်ဆောင်ထားရှိပါက နိုဝင်ဘာလလ ၁၅ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ လာရောက်အပ်နှံရမည်ဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများတွင် ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများကို ပယ်ဖျက်စာရင်းသွင်းမည်ဟု ကြေညာချက်၌ ဖော်ပြထားရှိသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုးကိုင်ဆောင်သူ ၅၂ သန်းကျော်ကို စာရင်းသွင်းပြီးဖြစ်သောကြောင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြား အသိအမှတ်ပြုကတ်များ ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ကွဲလွဲခြင်း ၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို သွားရောက်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်မည်ဟုလည်း သိရသည်။
အဆိုပါ အသိပေးကြေညာချက်အား နိုဝင်ဘာလ ၁ ရက်အထိ သတ်မှတ်ထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ် ၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ် ၊ ခြံမြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်းများစသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် နိုဝင်ဘာလ ၁၅ ရက်အထိ တိုးမြှင့် သတ်မှတ်လိုက်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 29 october 2022
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း ရေနစ်ပျောက်ဆုံးသွားသည့် အသက် ၄၀နှစ်ရှိဟု ယူဆရသည့် အမျိုးသား၏ ရုပ်အလောင်းအား ယနေ့ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ပြန်လည်တွေ့ရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။
နံနက် ၉ နာရီခန့်က ရှာဖွေရေးလုပ်နေသည့် လူမှုကူညီရေးအသင်းများနှင့်ရပ်ကွက်နေသူများက ရေကန်အတွင်းရှာဖွေနေရာမှ ယခုလို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းတွေပေါင်းပြီး မနက်မိုးလင်းထဲက ရှာဖွေရေးလုပ်ခဲ့ပါတယ်။ ရှာနေရင်း မနက် ၈ခွဲကျော်လောက်မှာ အလောင်းကိုပြန်တွေ့ခဲ့တာပါ မနေ့ကလည်း ဖြစ်စဉ်သိတဲ့အချိန်က စပြီး ရှာဖွေရေးတွေလုပ်ခဲ့ပါတယ်" ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံမှ YMG ကို ပြောခဲ့သည်။
သေဆုံးသူ၏ ရုပ်အလောင်းအား ပေးဆပ်သူလူမှုကူညီရေးအသင်းကားဖြင့် သင်္ဃန်းကျွန်းစံပြဆေး ရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သူကဆိုသည်။
ယင်းအမျိုးသားသည် အောက်တိုဘာလ ၂၈ ရက် နံနက်ပိုင်းက ၁/အနော်မာရပ်ကွက်ရှိ သောက်သုံးရေကန်အတွင်း၌ ရေနစ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ထိုရေကန်တွင် အောက်တိုဘာလ ၂၀ ရက်ကလည်း အမျိုးသား ၁ဦး ရေနစ်သေဆုံးခဲ့သဖြင့် ရှာဖွေကာ သင်္ဃန်းကျွန်းစံပြဆေးရုံရင်ခွဲ ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published _ 28 october 2022
ရွှေဆိုင်လိုင်စင်သက်တမ်းတိုးတာနဲ့ ရွှေတုံးရွှေခဲ လိုင်စင်လျှောက်ထားရာမှာ လုပ်ငန်းအမျိုးအစား ခွဲခြားဖော်ပြရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_28 October2022
ဒါးပိန်ပန်းပု ကျေးရွာကို ခရီးသွားနေရာအသစ်သတ်မှတ်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့က သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_28 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်ကနေ အောက်တိုဘာ ၁၄ ရက်အထိ ခြောက်လကျော်ကာလအတွင်းမှာ ပြည်ပကို စက်မှုကုန်ချောတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇ ဘီလီယံရရှိထားတယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ဖော်ပြထားတဲ့စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _28 October 2022
ပြည်တွင်း၊ ပြည်ပခရီးသွားတွေအများဆုံးသွားတဲ့ ပုဂံ၊ ကျိုက်ထီးရိုးနဲ့ကမ်းခြေဒေသတွေမှာ မသန်စွမ်းခရီးသွားတွေအတွက် သွားလာရလွယ်ကူအောင်ဆောင် ရွက်ပေးထားစေချင်တယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌဒေါက်တာကိုကိုဦးက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1783 of 2341