#Local_News
Published _ 28 June 2022
ပြည်တွင်း၌ လက်ကျန်သကြားနည်းလာခြင်းကြောင့် သကြားစက်ရုံကြီး အချို့တွင် သကြားရောင်းချမှုကို ထိန်းသိမ်းရောင်းချနေရသည့်အတွက် သကြားဈေး မြင့်တက်နေလျက်ရှိကြောင်း သိရသည်။
လက်ရှိ မိုးအဝင်ကာလတွင် သကြားဈေးကွက်နှစ်စဉ်အေးသည့် ရာသီဖြစ်သော်လည်း ဒေါ်လာဈေး မြင့်တက်နေသည့်အတွက် ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များနှင့် နှိုင်းယှဉ်ပါကအတက်ဈေးတွင်ရှိနေခြင်းဖြစ်ကြောင်း ဈေးကွက်မှတစ်ဆင့် သိရသည်။
ပြီးခဲ့သည့်နှစ်များက သကြားဈေးသည် တစ်ပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် သကြားတစ်ပိဿာလျှင် ၂၁၀၀ ကျပ်မှ ၂၁၅၀ ကျပ်ခန့်ထိ ရှိနေကြောင်း သိရသည်။
ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်အရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျှော့ချစိုက်ပျိုးခဲ့ခြင်းများရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မူ ဈေးကောင်းရနေသည့်အတွက် ကြံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း ယင်းမှသိရသည်။
ယခုနှစ်တွင် သကြားတန်ချိန် သုံးသိန်းခုနစ်သောင်းကျော် ထွက်ရှိမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ သကြားကိုအရည်အဖြစ်တင်ပို့နေကြောင်း၊ ယခုနှစ်မှစ၍ ဗီယက်နမ်သို့ပင်လယ်ရေကြောင်းကတစ်ဆင့် တင်ပို့နေရကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 27 June 2022
ခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုဆင်းခေတ်လက်ရာဗုဒ္ဓဆင်းတုတော်များ၊ ရုပ်တုဆင်း တုတော်များ အပါအဝင်မြန်မာမှုအနုပညာပစ္စည်းသစ်များကို သယ်ဆောင်လိုပါက ရှေးဟောင်းဝတ္ထုပစ္စည်းမဟုတ်ကြောင်း ထောက်ခံချက်လျှောက်ထားဖို့လိုတယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 27 June 2022
မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ တစ်ထောင်နီးပါးခန့်ရှိပြီဖြစ်ပြီး သွေးလွန်တုပ်ကွေးကြောင့် လူနာတစ်ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_27 June 2022
MOU အလုပ်သမားများ ယနေ့ ဇွန်လ ၂၇ ရက်တွင် ထိုင်းနိုင်ငံသို့ ကော့သောင်း - ရနောင်း ရေလမ်းကြောင်းကတစ်ဆင့် အလုပ်သမားအရေအတွက် ၈၄ ဦး ထပ်မံသွားရောက်ကြကြောင်း သိရသည်။
ယင်းတို့မှာ ဘန်ကောက်မြို့မှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်ရန် ခေါ်ယူခြင်းခံထားရသူများဖြစ်ကြောင်း၊ မနက်ဖြန် ဇွန်လ ၂၈ ရက်တွင်လည်း အလုပ်သမား ၁၀၄ ဦး ထပ်မံစေလွှတ်ဖို့ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MOU ဖြင့် ကော့သောင်းမြို့မ ဆိပ်ခံတံတားက ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်ခြမ်းသို့ ပို့ဆောင်မှုမှာ ဇွန်လအတွင်း (၄)ကြိမ် ရှိပြီ ဖြစ်ကြောင်းနှင့် အလုပ်သမား ၃၀၀ ရှိပြီဖြစ်သည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _ 27 June 2022
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် ၇၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အထူးပြပွဲအား ခင်းကျင်းပြသသွားမည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအား ပြုလုပ်လျက်ရှိနေကြောင်း သိရသည်။
ယင်းပြင်ဆင်မှုများကြောင့် ပြတိုက်ကို ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၁၈ ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ကြိုတင်ပြင်ဆင်မှုများပြုလုပ်ပြီးနောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်(နတ်မောက်)တို့ကို ယခင်နှစ်တွေနှင့်နည်းတူ အခမဲ့ ဝင်ရောက်လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း ယင်းမှ အသိပေးကြေညာခဲ့သည်။
ymg/NN
#Yangon_Media_Group
Published 27 June 2022
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်ရာမှာ နစကနှင့်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ “ဝ” အထူးဒေသ(၂)ရဲ့ စစ်ဒေသ(၁၇၁) ဒုတိယနိုင်ငံရေးမှူး ဦးညီကပ်ကပြောပါတယ်။မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမလုပ်ရင် ပြည်သူတွေ ပျက်စီးမယ်၊တိုင်းပြည်ပျက်စီလိမ့်မယ်လို့လည်း သူကပြောပါတယ်။ တာချီလိတ် ဒေသခံမီဒီယာဖြစ်တဲ့ တာချီလိတ်သတင်းမဏ္ဍိုင်က မေးမြန်းရာမှာ “ဝ” တပ်ဖွဲ့ ဒုတိယနိုင်ငံရေးမှူးက အဲသလို ပြောကြားခဲ့တာဖြစ်ပါတယ်။
တာချီလိတ်သတင်းမဏ္ဍိုင်က YMG ကိုပေးပို့တဲ့ ဦးညီကပ်နှင့် အင်တာဗျူးအပြည့်အစုံကိုဖော်ပြပေးလိုက်ပါတယ်။
Source YMG/တာချီလိတ်သတင်းမဏ္ဍိုင်
#LocalNews
Published - 27 June 2022
ပြည်တွင်းကြက်သွန်နီစျေးကွက်မှာ လက်ရှိတွင် စျေးပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
ပြီးခဲ့သည့်ကြက်သွန်နီဈေးနှုန်းမှာ အမြင့်ပိုင်းသို့ ရောက်ရှိနေပြီး ရန်ကုန်ဈေးကွက်အတွင်း၌ တရုတ်ကြက်သွန်များ ပြန်လည်ဝင်ရောက်လာသည့်အတွက် ပြည်တွင်းကြက်သွန်နီဈေး အနည်းငယ် ပြန်လည်ကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်ကြက်သွန်စျေးကွက်မှာ ပြီးခဲ့သည့် မေလနှောင်းပိုင်းတွင် တပိဿာ ကျပ် ၅၀၀ မှ ကျပ် ၈၀၀ ကြားသာရှိခဲ့ပြီး ဇွန်လဆန်းပိုင်းမှစတင်ပြီး တရိပ်ရိပ် မြင့်တက်လာခဲ့ရာ အရည်အသွေးအလိုက် တပိဿာ ကျပ် ၁,၃၀၀ မှ ကျပ် ၂,၀၀၀ ကျော်ထိ ရောက်ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်ဒေသအသီးသီးမှ ကြက်သွန်များ အဝင်ပြန်များလာသည့်အပြင် တရုတ်ကြက်သွန်များသည်လည်း ဝင်ရောက်လာမှုကြောင့် တပိဿာလျှင် အရည်အသွေးပေါ် မူတည်ပြီး ကျပ် ၁,၁၀၀ မှ ကျပ် ၁,၈၀၀ ကြား ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။
ပြည်ပဝယ်လိုအား ပြန်လည်အားကောင်းလာပါက ပြည်တွင်းကြက်သွန်နီဈေး စံချိန်တင် မြင့်တက်နိုင်သော်လည်း ယခုနှစ် ကြက်သွန်တင်ပို့မှုမှာ ပြီးခဲ့သည့် နှစ်တွေထက် သိသိသာသာ လျော့နည်းကျဆင်းနေကြောင်း သိရသည်။
မြန်မာ့ကြက်သွန်ကို တရုတ်အပါအဝင် ထိုင်းနဲ့ ဘင်္ဂလားဒေ့်ရှ်နိုင်ငံတို့မှ အဓိက ဝယ်ယူလေ့ ရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1733 of 2017