#Local_News
Published_ 24 February 2023

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး တည်ထောင်မှု (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ မော်စကိုအစိုးရနှင့် Grandpa Durov’s Corner Animal Theatre တို့ပူးပေါင်း၍ ဖေဖော်ဝါရီ (၂၂) ရက်တွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။

 

အဆိုပါအခမ်းအနားတွင် မြန်မာ့ဆင်လိမ္မာ ဖျော်ဖြေပွဲနှင့် အဆိုပါဆင်ငယ်လေးများ အား ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့ပုံ၊ ထိန်းသိမ်း၊ စောင့်ရှောက်၊ လေ့ကျင့်ပေးပုံများ စသည့် မှတ်တမ်းဓာတ်ပုံပြပွဲကို မော်စကိုမြို့ရှိ Grandpa Durov’s Corner Animal Theatre တွင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

 

အခမ်းအနားတွင် မော်စကိုအစိုးရအဖွဲ့ ဝန်ကြီးနှင့် မော်စကို နိုင်ငံခြားစီးပွားရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲ H.E. Mr. Sergey Cheremin ၊ မြန်မာသံအမတ်ကြီး ဦးလွင်ဦး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၊ တတိယအာရှဌာနမှ ညွှန်ကြားရေးမှူးချုပ် Mr. Nikolay Nozdrev နှင့် Grandpa Durov’s Corner Theatre မှ အနုပညာဆိုင်ရာ ဒါရိုက်တာ Mrs. Natalia Durova တို့မှ နှုတ်ခွန်းဆက် အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။

 

ဖျော်ဖြေရေးအစီအစဉ်များကျင်းပရာတွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး တည်ထောင်မှု နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံမှ ရုရှားနိုင်ငံသို့ ပေးအပ်ခဲ့ သည့် အသက် (၁၀)နှစ်ခန့်အရွယ် မြန်မာ့ဆင်လိမ္မာလေးများနှင့် အခြား တိရစ္ဆာန်ငယ်လေး များမှ အက၊ အလှ၊ သဘာဝ တို့ဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် မြန်မာသံအမတ်ကြီးနှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်း လက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

#ygm_mnn #Local_News #မြန်မာ-ရုရှား #(၇၅)နှစ်ပြည့်
#YMG #Yangon_Media_Group