#Local_News
Published_ 24 February 2023

 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအားပြန်လည်ကျင်းပနိုင်၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ပြန်လည်လွဲအပ်ရေး အကောင်ထည်ဖော်နိုင်ဖို့အတွက် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်ကြောင်း နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

 

ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည်နိုင်ငံရေးအရ အမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့အခွင့်ရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုရာတွင် နိုင်ငံရေးစင်မြင့်လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမှာဖြစ်ကြောင်း၊ ထို့ကြောင့်နိုင်ငံရေးပါတီများအတွက် လုံလောက်သည့် အချိန်တစ်ခုပေးရန် လိုအပ်သေးကြောင်း နစကဥက္ကဌကပြောကြားလိုက်သည်။

 

ရွေးကောက်ပွဲကျင်းပရင်းတွင် ခြိမ်းခြောက်မှုမရှိပဲ ဖိအားကင်းစွာ မဲပေးနိုင်မှသာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်လာနိုင်မှာဖြစ်ကြောင်း ပြောဆိုထားသည်။

 

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပရာတွင် တချို့သော်မဲဆန္ဒနယ်များမှာ ခြိမ်းခြောက်မဲပေးမှုများရှိခဲ့တယ်လို့ လည်းဆိုသည်။တိုင်းပြည်တည်ငြိမ်မှုရရှိအောင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အခြေခံသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နစကအနေနှင့်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များနှင့်ဆွေးနွေးရာတွင် ၎င်းတို့၏ လိုလားချက်များ သဘောထားများကို နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ချိန်ထိုးပြီး တပ်မတော်အနေနှင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဌ ကပြောဆိုလိုက်သည်။

 

#ymg/ynzw #Local_News #ရွေးကောက်ပွဲ #အနိုင်ရပါတီ #ဥပဒေနှင့်အညီ #YMG #Yangon_Media_Group