#Local_News
Published _ 29 June 2022
အခွန်ရှောင်ရန်ရည်ရွယ်လုပ်ဆောင်နေသည့် ပို့ကုန်၊ သွင်းကုန်များနှင့် တားမြစ်ကုန်ပစ္စည်းများ တရားမဝင်ကုန်သွယ်နေမှုအပေါ် ထိရောက်စွာ အရေးယူသွားမည်ဟု နစက ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ဇွန်လ ၂၈ ရက်က ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
"အခွန်ရှောင်လွှဲလိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပို့တင်သွင်းခြင်းတွေအပြင် တားမြစ်ကုန် ပစ္စည်းနဲ့ ကန့်သတ်ကုန်ပစ္စည်းတွေ၊ တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက်တားဆီး အရေးယူရမယ်"ဟု ယင်းက ပြောသည်။
ဖမ်းဆီးအရေးယူရာတွင်လည်း တစ်ဦးချင်း လုံခြုံရေးအပြင် အဖွဲ့အစည်း၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ အဆောက်အဦပိုင်းဆိုင်ရာနှင့် စက်ပစ္စည်းယန္တရားများ၏ လုံခြုံရေးကိုလည်း ဂရုပြုဆောင်ရွက်ကြရန်၊ သတ်မှတ်ထားသည့် တရားမဝင်ကုန်ပစ္စည်းများ၊ ကန့်သတ်ကုန်ပစ္စည်းများကို စနစ်တကျရှာဖွေစစ်ဆေးကြရမည့်အပြင် စိုက်ပျိုးရေးကဏ္ဍတွင် မရှိမဖြစ်လိုအပ်သည့် သွင်းအားစုဆိုင်ရာကိစ္စရပ်အချို့တွင် ခွင့်ပြုချက်များနှင့် အမျိုးအစားဆင်တူ ကုန်အမှတ်တံဆိပ်များ ရောနှောပါဝင်လာမှုမရှိစေရေးများကိုလည်း တိကျစွာစစ်ဆေးဖမ်းဆီး အရေးယူသွားကြရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ခန့်မှန်း ကျပ် (၂၁ ဒသမ ၇၇၁) ဘီလီယံတန်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းမှာယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ခန့်မှန်း ကျပ်(၁၃ ဒသမ ၃၁၈) ဘီလီယံတန်ဖိုး ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#PiontOfView
Published - 28 June 2022
IT ကျွမ်းကျင်သူ ကိုအောင်ဇော်ဇော်ဝင်းက Facebook ရဲ့ပြောင်းလဲလာတယ့် မူဝါဒအသစ်တွေနဲ့ပက်သက်ပြီး
"Normal user သုံးတယ့်သူတွေအနေနဲ့ AESO ဆိုတာကိုမသိဘူး Booth လုပ်ရမယ်ဆိုတာကိုမသိဘူး။ မသိတဲ့အတွက်ကြောင့် သူတိုရဲ့အကောင့်တွေက ခဏလေးနဲ့လော့ကျတာတွေ၊ ဘန်းခံရတာတွေ၊ ဘာပုံတင်တင် မကောင်းတယ့်ပုံတင်ရင်လည်း ဘန်းခံရမှာပဲ။ အဲဒါကြောင့် Normal user တွေအတွက် sight effect အများကြီးထိပါတယ်" ဆိုတဲ့အကြောင်းအရာများကို ဆွေးနွေးပြောပြလာခဲ့ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 28 June 2022
ဇွန်(၂၅)ရက် ညပိုင်းတွင် လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း(အောက်)ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြဆရာ ဦးနေဝင်းထွန်း၏ မိသားစုဝင်များအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက သွားရောက် အားပေးစကားပြောကြားကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် နေပြည်တော်ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေတဲ့ မူလတန်းပြဆရာ ဦးလှိုင်မင်းထွန်းအား သွားရောက်၍ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြပါတယ်။
ပျဉ်းမနားမြို့နယ် အရှေ့ခြမ်းတောင်ပေါ် ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို အလေးထားပြီး ဆောင်ရွက်ရန်နှင့် ဌာနဆိုင်ရာများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရန် ပြောကြားခဲ့ပါတယ်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က ပျဉ်းမနားမြို့နယ် အရှေ့ခြမ်း တောင်ပေါ်ဒေသလုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published_ 28 June 2022
ဧပြီ၊မေနှင့်ဇွန် ၃ လအတွင်း တောင်ကိုရီးယားနိုင်ငံသို့ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သား ၁၅၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ဖို့ ပြည်ပလုပ်သား ဝင်ရောက်တာကို ၂၀၂၀ ပြည်နှစ်၊ ဇွန် ၁ ရက်ကစပြီး ပြည်ဝင်ခွင့်ပိတ်ထားရာမှ ပြီးခဲ့တဲ့ ဧပြီလဆန်းမှာ ပြန်လည်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြည်ဝင်ခွင့် ပြန်ဖွင့်ခဲ့တာကြောင့် ဧပြီ ၄ ရက်ကစပြီး မြန်မာရွှေ့ပြောင်း လုပ်သားတွေဟာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေတာဖြစ်ပါတယ်။
ဇွန် ၂၈ ရက်အထိ ရောက်ရှိလာကြတဲ့ မြန်မာလုပ်သားပေါင်း ၁၄၇၇ ဦးရှိပြီး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင် ကြမှာဖြစ်ကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published - 28 June 2022
အရင်ကကိုဗစ်ဖြစ်ပွားမှုတွေကြောင့် သင်္ဘောသားအလုပ်အကိုင်ရရှိမှုတွေနည်းပါးခဲ့ပြီး အခုချိန်မှာလစဥ်သင်္ဘောတက်သူ ပမာဏက(၃၀၀၀)လောက်ပြန်ရှိလာတဲ့အတွက် အလုပ်အကိုင်ရရှိမှုတွေတိုးလာတယ်လို့ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားများဌာနခွဲက ညွှန်ကြားရေးမှူးဦးချမ်းမြေ့က ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
တာချီလိတ်၊ ဇွန် ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှလွှဲပြောင်းပေးလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ စုစုပေါင်း( ၁၈၃ )ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၁ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြပါတယ်။
#Yangon_Media_Group
#Loacl_News
Published_28 June 2022
တောင်ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားဟောင်း (Re-entry) ၁၅၀ ကို ဇွန်လ ၂၇ ရက်က ထပ်မံစေလွှတ်ခဲ့ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
"ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက် အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ တစ်ခုတည်းကပဲ စေလွှတ်နေတာပါ။ အလုပ်သမားအသစ်တွေရော အဟောင်းတွေရော ကိုရီးယားက ခေါ်နေတာ ဖြစ်ပါတယ်။ အလုပ်သမားတွေ အခွင့်အရေးပိုရလာကြပါပြီ"ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ တာဝန်ရှိသူက ပြောသည်။
ကိုရီးယားနိုင်ငံတွင် လက်ရှိ မြန်မာအလုပ်သမားလေးသောင်းကျော်ရှိပြီး ယခုအခါ မြန်မာအလုပ်သမားအရေအတွက် သုံးထောင်ကျော်လည်း ထပ်မံရောက်ရှိနေကြကြောင်းလည်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားလုပ်သားအလုပ်သမားများအား လာမည့် ၂၀၂၃ ခုနှစ်တွင် လုပ်ခလစာတိုးမြှင့်ရန်လည်းရှိနေကြောင်း ကိုရီးယားနိုင်ငံ အစိုးရကြေညာထားကြောင်းလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီများက သိရသည်။
လက်ရှိတွင် တောင်ကိုရီးယားရောက်နိုင်ငံခြားသားအလုပ်သမားတွေရဲ့တစ်နာရီလုပ်ခမှာ ဝမ် ၉၁၆၀ ဖြစ်သောကြောင့် အလုပ်သမားများက ဝမ် ၁၀၈၉၀ ထက်မနည်းတိုးမြှင့်ပေးရန်လည်းတောင်းဆိုထားကြကြောင်း၊ ယင်းကြောင့် ၂၀၂၃ ခုနှစ်တွင် လုပ်အားခ တစ်နာရီလျှင် ဝမ် တစ်သောင်းကျော် ရရှိနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။
ymg/mt
#Yangon_Media_Group
Page 1730 of 2017