Published_29 June 2022
The ASEAN special envoy, Cambodia's deputy Prime Minister and minister for foreign affair and international cooperation, Mr. PRAK Sokhonn arrived in Yangon.
U Zaw Phyo Win, Director-General of the Department of Strategic Studies and Training, Ministry of Foreign Affairs , U Zaw Tun Oo ,Deputy Director General of the Department of Protocol , officials, Cambodian Ambassador to Myanmar Mr. CHHOUK Bunna and embassy officials welcomed the delegation at Yangon International Airport.
Published_29 June 2022
အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲသည် ရန်ကုန်မြိုသို့ရောက်ရှိလာကြောင်း သိရပါတယ်။
အဆိုပါကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန ဗဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်း၊ သံတမန်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E.Mr.CHHOUK Bunna နှင့် သံရုံးမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြပါတယ်။
H.E.Mr.PRAK Sokhonn နှင့် ကိုယ်စားလှယ်အဖွဲ၏ ခရီးစဉ်အတွင်း ၂၀၂၂-ခုနှစ်၊ မေ ၆ ရက်က ကျင်းပခဲ့သော အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအဝေးရလဒ်များနှင့် အာဆီယံဘုံသဘောတူညီမှုငါးရပ် အကောင်အထည်ဖော်ဆောင်ရန်၊ ခရီးစဉ်အတွင်း တွေ့ဆုံမှုများမှတစ်ဆင့် အားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲအတွက် အထောက်အကူဖြစ်စေရန်၊ မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခများတွင် ငြိမ်းချမ်းသောနည်းလမ်းဖြင့် အမျိုးသားရေးပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တစ်ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ymg_mnn
#Local_News
Published_29 June 2022
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မောင်တောမြို့နယ်၊ ဇီးပင်ချောင်းကျေးရွာအနီးမှာ ပြန်ပေးဆွဲခံခဲ့ရတဲ့ တောင်ပြိုလက်ဝဲမြို့ သင်္ဘောလှကျေးရွာမူလွန် ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနဲ့ လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်တို့ နှစ်ဦးဟာ သူတို့ရဲ့ နေအိမ်အသီးသီးကို ဇွန်လ ၂၈ ရက်မှာ ရောက်ရှိသွားကြပါပြီ။ပြန်ပေးသမားတွေက ငွေမပေးရင် သတ်ပစ်မယ်လို့ ပြောတာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဆရာကြီး ဦးဘိုဝင်းကတော့ သူ့အနေနဲ့ သေလူလို ကိုယ့်ကိုကိုယ် သဘောထားလိုက်တော့တယ်လို့ YMG ကို ရင်ဖွင့်ပြောပြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 29 June 2022
မျိုးရိုးဗီဇပြောင်း အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်များကို ကာကွယ်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ကိုဗစ်-၁၉ ကူးစက်မှုကာကွယ်ရန် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများတွင် ထပ်ဆောင်းကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံမှုခံယူရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဇွန် ၂၅ ရက်အထိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစုစုပေါင်း ၂၉၈၄၇၆၅၁ ဦး နှင့် အသက် ၁၈ နှစ် အောက် လူဦးရေစုစုပေါင်း ၅၃၅၉၉၉၁ ဦး တို့ကို ထိုးနှံထားရှိပြီးဖြစ်ကြောင်း စာရင်းများအရ သိရသည်။
ယင်းအပြင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၇၅၄၅၃၂၉ ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၂၄၀၄၈၀၂ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
ပြည်တွင်း၌ လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈) သန်းကျော်အားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာပေါင်း (၆)သိန်းကျော်ရှိပြီး ယင်းတွင်ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၅သိန်း ၉ သောင်းကျော်ရှိနေပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published - 29 June 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းမှာ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ တူးဖော်ရောင်းချနေကြတယ်ဆိုတဲ့ သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။
#Yangon_Media_Group
#Local_News
Published_29 June 2022
ဥမင်လှိုဏ်ခေါင်း ၆၀ ကျော် ပါဝင်မယ့် မူဆယ်-မန္တလေး မီးရထားလမ်းစီမံကိန်းကို ပြန်လည်စတင်မယ်လို့ နစက တာဝန်ရှိသူက ပြောပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 June 2022
မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ယာဉ်စီးခကို QR Code စနစ်ဖြင့် ပေးချေနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း YRTC မှ သိရသည်။
လက်ရှိတွင် YBS ယာဉ်လိုင်းအချို၌ YPS ကတ်စနစ်ငွေပေးချေစနစ်များရှိနေသည့်အပြင် QR Code နှင့် Scan ဖတ်၍ ပေးချေသည့် စနစ်ကိုလည်း ထပ်တိုးထည့်သွင်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
YRTC ကွပ်ကဲသည့် မြို့တွင်းပြေး YBS ယာဉ်လိုင်းအားလုံးတွင် အဆိုပါ စနစ်ဖြင့် လုပ်ဆောင်သွားရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဗဟိုဘဏ်၏ ချမှတ်ထားသည့် စည်းကမ်းများနှင့်ကိုက်ညီရန် လုပ်ဆောင်နေကြောင်း YRTC ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
ယခုအခါ ရန်ကုန်မြို့တွင်း၌ YBS ယာဉ်လိုင်း ၁၁၆ လိုင်းမှ ယာဉ်စီးရေ ၃၀၄၂ ဖြင့် ခရီးသည် ၉၈၅၄၁၅ ဦးကို သယ်ယူပို့ဆောင်ပေးနေသည့်အနက် ကတ်စနစ် (YPS) အသုံးပြုနေသော ယာဉ်လိုင်း ၃၆ လိုင်း၊ ယာဉ်အစီးရေ ၂ ခန့် ရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
Page 1728 of 2017