ငလျင်ဘေးသင့်ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်ဒေသအချို့မှာမိုးရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းမှာတော့ မိုးသက်လေပြင်းကျရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မှာအသိပေးထားပါတယ်။
#Local_News
Published 03 Apirl 2025
#စစ်ကိုင်းတိုင်းနှင့်ဒေသအချို့ #မိုးသက် လေပြင်းကျရောက်
#YMG/NN #Yangon_Times
ငလျင်ဘေးခံစားနေရသူတွေကို ကျပ်သိန်းတစ်သောင်းဝန်းကျင် အထိ လှူဒါန်းသွားဖို့ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက အသိပေးထားပါတယ်။
#Local_News
Published 03 Apirl 2025
#ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် #ကျပ်သိန်းတစ်သောင်းလှူဒါန်း
#YMG/NN #Yangon_Times
ပြည်ပနိုင်ငံတွေကို ပို့ကုန်တွေတင်ပို့ရာမှာ လျှောက်ထားရတဲ့ ပို့ကုန်လိုင်စင်ကို ယခုဧပြီလကုန်ထိလျှောက်ထားရန်မလိုဘဲပို့ကုန်တွေတင်ပို့ခွင့်ပြုမယ်
လို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
#Local_News
Published 03 Apirl 2025
#ပြည်ပနိုင်ငံတွေကိုပို့ကုန်တွေတင်ပို့ #ဧပြီလကုန်ထိလျှောက်ထားရန်မလိုဘဲပို့ကုန်
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်( MCEF ) က ငလျင်ဘေးသင့် ဒေသများရှိ ပြည်သူတွေအတွက် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးသွားမယ်လို သိရပါတယ်။
#Local_News
Published 03 Apirl 2025
#ငလျင်ဘေးသင့်ပြည်သူများအတွက် #MCEFကူညီပံ့ပိုးပေးသွားမယ်
#YMG/SW #Yangon_Times
#Local_News
Published 03 Apirl 2025
▪️ တောင်ငနှင့်ဖြူးမြို့အနီး၌ယနေ့ မနက်ပိုင်းမှနေ့လယ်ပိုင်းအထိ ငလျင်သုံးကြိမ် အထိလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
▪️ ဧပြီလ ၃ရက်နေ့ မနက် ၁၀နာရီ ၂မိနစ်၄၆စက္ကန့်အချိန်၌ အင်အားပမာဏ
၃ .၀ ရှိပြီး အနက် ၁၀ကီလိုမီတာ တွင် လှုပ်ခတ်ခဲ့ပြီး
ဗဟိုချက်မှာ တောင်ငူမြို့၏ အနောက်တောင်ဘက် (၁) မိုင်ခန့်တွင်တည်ရှိကြောင်းသိရသည်။
▪️ ထို့အပြင် ဧပြီ လ ၃ရက်နေ့ မနက် ၁၀နာရီ ၁၀နာရီ၄၂မိနစ်၁၈စက္ကန့်အချိန်၌ အင်အားပမာဏ ၃ .၂ ရှိပြီး အနက် ၁၀ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ပြီး
ဗဟိုချက်မှာ တောင်ငူမြို့၏ အနောက်မြောက်ဘက် (၁၀) မိုင်ခန့် တွင်တည်ရှိကြောင်းသိရသည်။
▪️ ၎င်းအပြင် ဧပြီ လ ၃ရက်နေ့ နေ့လယ် ၁၂နာရီ ၃၁စက္ကန့်အချိန်၌ အင်အားပမာဏ ၃ .၄ ရှိပြီး အနက် ၁၀ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ပြီး
ဗဟိုချက်မှာ ဖြူးမြို့၏ အရှေ့တောင်ဘက် (၁၆) မိုင်ခန့် တွင်တည်ရှိကြောင်းသိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 03 Apirl 2025
▪️ ယနေ့မနက်ပိုင်းအထိ စာရင်များအရ တစ်နိုင်ငံလုံး၌ ငလျင်ကြောင့်သေဆုံးသူ ၃၀၀၀ ကျော် ၊ ပျောက်ဆုံးသူ၃၄၀ကျော် ၊ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၀၀ကျော်အထိရှိကာ ယနေ့ နေ့လယ်ပိုင်းအထိ တောင်ငူနှင့်ဖြူးမြို့နယ်များ၌ ငလျင်ငယ်များဆက်လက်လှုပ်ခတ်နေကြောင်း သိရသည်။
▪️ ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မြေငလျင်နှင့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် မန္တလေးတိုင်း၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ၊ နေပြည်တော် ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ လူများနှင့် အဆောက်အအုံများ ထိခိုက်ေ-သ ဆုံး ပျက်စီးမှုများရှိနေခြင်းဖြစ်သည်။
▪️ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယနေ့ ဧပြီလ ၃ ရက် မနက် ၈ နာရီအချိန်ထိ နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းများအရ စုစုပေါင်း ၃၀၈၅ ယောက် ၊ ဒဏ်ရာရရှိသူစုစုပေါင်း ၄၇၁၅ ယောက်နှင့် ပျောက်ဆုံးနေသူ ၃၄၁ ယောက် ရှိ ကြောင်း သိရသည်။
▪️ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ အင်အားပြင်းထန်သည့် ငလျင်ကြီးစတင်လှုပ်ခတ်ခဲ့သည့် မတ်လ၂၈ရက်မှ ယနေ့ နေ့လယ်ပိုင်းအချိန်အထိ ငလျင်အကြိမ်ရေပေါင်း ၆၇ကြိမ်အထိ လှုပ်ခတ်ပြီးဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 03 April 2025
▪️ ဩစတြေးလျအနေဖြင့် ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက် International Committee of the Red Cross မှတစ်ဆင့် ကနဦးပံ့ပိုးထားသော ဒေါ်လာ ၂ သန်းအပြင် ထပ်တိုး ဒေါ်လာ ၇ သန်းကိုပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
▪️ သဘာဝဘေးသည် လူ့အသက်ဆုံးရှုံးမှုများစွာ၊ ထိခိုက်ဒဏ်ရာရရှိသူများစွာနှင့် နေအိမ်၊ စီးပွားရေးလုပ်ငန်းနှင့် အရေးပါသောအခြေခံအဆောက်အအုံများကိုထိခိုက်ပျက်စီးမှုများစွာ ဖြစ်ပေါ်စေခဲ့ရာ သြစတြေးလျ၏ထပ်တိုးကူညီမှုတွင်သြစတြေးလျအန်ဂျီအိုများနှင့် ၄င်းတို့၏ဒေသခံမိတ်ဖက်များမှတစ်ဆင့် အစားအစာ၊ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အရေးပေါ်ကျန်းမာရေးနှင့်ပညာရေးတို့အတွက် ဒေါ်လာ ၃.၅ သန်းပေးအပ်ခြင်း၊ Emergency Action Alliance မှတစ်ဆင့် ဒေါ်လာ ၅ သိန်းအထိ ပေးအပ်ခြင်း၊အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများနှင့် ASEAN Coordination Centre for Humanitarian Assistance on Disaster Management ၏လုပ်ငန်းများကိုပံ့ပိုးရန် ဒေါ်လာ ၃ သန်းပေးအပ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။
▪️ ထို့ပြင် မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများကိုကူညီဆောင်ရွက်ရန်အတွက်လည်း တုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ပြီးဖြစ်ကြောင်း၊မြန်မာနိုင်ငံအတွက်ပေးအပ်သည့် သြစတြေးလျ၏လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား နိုင်ငံတစ်ဝန်းရှိ စနစ်တကျစစ်ဆေးအကဲဖြတ်ထားသည့်လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများမှတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာစည်းမျဥ်းများနှင့်အညီ ပေးအပ်ခြင်းဖြစ်ကြောင်း၊ဩစတြေးလျအနေဖြင့်အကျပ်အတည်းအခြေအနေများတွင်အသက်ကယ်လုပ်ငန်းများကိုလုပ်ဆောင်နေသော လူသားချင်းစာနာမှုဆိုင်ရာအဓိကမိတ်ဖက်အဖွဲ့တစ်ခုဖြစ်သည့်World Food Programme Myanmar နှင့်အတူ နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 168 of 2132