ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်မှာရှိတဲ့ ဝင်္ကဘော်ဆင်စခန်းက ဆင်အမွှာသားလေးကျော် ပုလဲခါးဆစ်ရိုးထိခိုက်ခဲ့ပြီး လမ်းမလျှောက်နိုင်တာကြောင့် စနစ်တကျကုသတာတွေပြုလုပ်ပေးနေပြီး လိုအပ်ပါက အသက်နှစ်နှစ်အရွယ်ခန့်မှသာ ခွဲစိတ်မှုပြုလုပ်ပေးနိုင်မယ့် အခြေအနေရှိနေတယ်လို့ ပဲခူးတိုင်းဒေသကြီး မြန်မာ့သစ်လုပ်ငန်းက သိရပါတယ်။
#Local_News
Published 18 June 2025
#ဆင်အမွှာလေးကျော်ပုလဲ #ခါးဆစ်ရိုးခွဲစိတ်
#YMG/NN #Yangon_Times
ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းစီကိန်း(RBF)ကို ငလျင်ဘေးဒဏ်သင့် ဒေသတွေနဲ့ နို့စားနွားမွေးမြူရေးစီမံကိန်း ဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးတို့မှာ ယူနစ်(၅၆)ယူနစ်အထိတိုးချဲ့ဆောင်ရွက်ပေးသွားမယ်လို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 18 June 2025
#RBF #ယူနစ်၅၆ယူနစ်
#YMG/SW #Yangon_Times
မြန်မာ-ကိုရီးယားချစ်ကြည်ရေး ဒလတံတား စီမံကိန်းလုပ်ငန်းတွေ ဇင်ဘာလကုန်မှာပြီးစီးဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 18 June 2025
#ဒလတံတားစီမံကိန်း #မြန်မာ-ကိုရီးယားချစ်ကြည်ရေး
#YMG/NN #Yangon_Times
#Local_News
Published 18 June 2025
▪️ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)တွင်အမေရိကန်ဒေါ်လာ ၃၃ သန်းကို စက်သုံးဆီလုပ်ငန်းရှင်များအတွက်ထုတ်ရောင်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးလာသည်။
▪️ သို့သော်ထုတ်ရောင်းပေးမယ့် ငွေပမာဏအတွက် ရည်ညွှန်းငွေလဲနှုန်းကိုမူ သီးခြားဖော်ပြထားခြင်းမရှိပေ။
▪️ ထို့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ယခု ဇွန်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၆၂ သန်းကို ထုတ်ရောင်းပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 June 2025
▪️ မန္တလေးငလျင်ကြောင့် ပြိုကျခဲ့ရသည့် မန္တလေးမြို့ရှိ Sky Villa အ ဆောက်အဦမှ ရုပ်တစ်လောင်းတစ်လောင်း ထပ်မံ၍ ယနေ့တွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန် ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိရာနေ့လည် ၁၂ နာရီ ၅ မိနစ်အချိန်က B အဆောင် အခန်းအမှတ် G-3 မှ အမျိုးသမီး(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့ ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 18 June 2025
▪️ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)နှင့် အီဂျစ်နိုင်ငံခြားရေးရာကောင်စီအဖွဲ့ (Egyptian Council for Foreign Affairs-ECFA) တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (LOAC)ကို ယခုလ၁၆ရက်က ECFAရုံးခန်းတွင် လက်မှတ်ရေးထိုးခဲ့ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်က MISIS အဖွဲ့ ဥက္ကဋ္ဌကိုယ်စား သွားရောက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သဘောတူညီချက် (LOAC)အား လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ Think Tanks အဖွဲ့နှစ်ဖွဲ့အကြား နိုင်ငံတကာရေးရာနှင့် ဒေသတွင်း အရေးကိစ္စများအား ပူးတွဲလေ့လာသုတေသနပြုလုပ်ခြင်းနှင့် စာတမ်းများ ပြုစုရေးသားခြင်း၊ သုတေသနစာတမ်းများအား ပူးတွဲထုတ်ဝေခြင်း စသည်တို့ကို ပြုလုပ်သွားနိုင်မည်ဖြစ်ပြီး Online မှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ၊ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်၍ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊MISIS အဖွဲ့နှင့် ECFA အဖွဲ့အကြား ပူးတွဲသုတေသနပြုလုပ်ရာတွင် Global South နှင့် United Nations Sustainable Development Goals (SDGs) ဆိုင်ရာ အကြောင်းအရာများအပေါ် အဓိကထား၍ လေ့လာသုတေသနပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ထို့အပြင်Think Tanks အဖွဲ့နှစ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာ-အီဂျစ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာစေရေးအတွက်ကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
▪️ လက်မှတ်ရေးထိုးမှုနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံးဘက်မှ တာဝန်ရှိသူအချို့ နှင့် ECFA ဘက်မှ Director ဖြစ်သူ Ambassador (Rtd) Mr. Ezzat Saad Elsayed နှင့် တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 18 June 2025
▪️ မြန်မာ-ဗီယက်နမ် ဆောက်လုပ်ရေးဆိုင်ရာတွေဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်မည်ဖြစ်ရာ အဆိုပါ ပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယခုလ၁၇ရက် မွန်းလွဲ (၁)နာရီခွဲက မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ နှစ်နိုင်ငံကြား ဆောက်လုပ်ရေးဆိုင်ရာတွေဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဗီယက်နမ်သံရုံးအရာရှိ Mr. Nguyen Van Bay နှင့်အဖွဲ့မှ MCEF မှ တာဝန်ရှိသူများနှင့်လာရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို Business Matching ကို ဇွန်လ ၂၃ ရက်တွင် ရန်ကုန်မြို့ရှိမြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ပြုလုပ်သွားမည်ဖြစ်ပြီးကုမ္ပဏီ (၂၂)ခုမှ လုပ်ငန်းအမျိုးအစားပေါင်း (၂၀)ကျော်ပါဝင်သည့် ဗီယက်နမ်စီးပွါးရေးလုပ်ငန်းရှင်များ အဖွဲ့သည် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အင်ဂျင်နီယာများ၊ ကုန်ပစ္စည်းထုတ်လုပ်တင်သွင်းသူများနှင့် တွေ့ဆုံဆွေးနေံးမည်ဖြစ်ကြောင်း၊ထို့ကြောင့်တက်ရောက်လေ့လာဆွေးနွေးလိုသူများအနေဖြင့် MCEFသို့ ကြိုတင်ဆက်သွယ် စာရင်းပေးနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times
Page 163 of 2222