တောင်တရုတ်ပင်လယ်ပြင် မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း အရှိန်ကြောင့် ဒေသအနှံ့အပြားမှာမိုးရွာမှာဖြစ်သလို နေရာကွက်ပြီးတော့လည်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီကနေ့မနက်ပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 12 June 2025
#အပူပိုင်းမုန်တိုင်းအရှိန် #နေရာကွက်၍မိုးကြီးနိုင်
#YMG/NN #Yangon_Times
ရွှေဘိုနဲ့ ဧရာဝတီပေါ်ဆန်းဆန်တွေကို ဆန်စပါးကုန်စည်ဒိုင်တွေမှာ သက်သာတဲ့နှုန်းထားနဲ့ တစ်ပတ်ကို နှစ်ရက်ကြာရောင်းချပေးသွားမယ်လို့
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းက သိရပါတယ်။
#Local_News
Published 12 June 2025
#ရွှေဘိုနှင့်ဧရာဝတီပေါ်ဆန်းဆန် #ဆန်စပါးကုန်သည်များအသင်း
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းများအတွက် နိုင်ငံခြားငွေကြေးများကို ယမန်နေ့က ထုတ်ရောင်းလိုက်ကြောင်း သိရသည်။
▪️ ထိုသို့ရောင်းချရာတွင် CMP ကုမ္ပဏီများမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၉၆ သန်းကို စက်သုံးဆီတွင်သွင်းသည့် ကုမ္ပဏီများသို့ ထုတ်ရောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ငွေလဲနှုန်း ၅၄၈ဒသမ၂၄ ကျပ်ဖြင့် တရုတ်ယွမ် ၂၉၄,၂၀၆ ၊ ငွေလဲနှုန်း ၁၃၂ဒသမ၇၅ ကျပ်ဖြင့် ထိုင်းဘတ် ၁ သန်းကိုလည်း ရောင်းပေးခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ မန္တလေးငလျင်ကြီးကြောင့်ပြိုကျခဲ့ရသည့် မန္တလေးမြို့ Sky Villa အဆောက်အဦမှ ရုပ်အေ-လာင်း ငါးလောင်းကို ယနေ့တူးဖော်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဇွန်၁၂ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရုပ်အလောင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ (A)အဆောင်နှင့် (B)အဆောင်တို့အား ယာဉ်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလောင်းထုတ်ယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထိုသို့ဆောင်ရွက်နေစဉ် မနက် ၁၁ နာရီ၄၅မိနစ် အချိန်တွင် B အဆောင် အခန်းအမှတ် H-4 မှ အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၃)ဦးတို့၏ ရုပ်အလောင်းများအား ထုတ်ယူနိုင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 12 June 2025
▪️ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်တိုင်းရင်းသားတက္ကသိုလ်၊ နိုင်ငံခြားဘာသာနှင့် တောင်နှင့်အရှေ့တောင်အာရှကောလိပ်တို့တွင် ယခုလ၁၀ ရက်က မြန်မာ့ရိုးရာယဉ်ကျေးမှုအကဖြစ်သည့် နှစ်ပါးသွားအကနှင့် ရုပ်သေးနှစ်ပါးသွားအကများဖြင့် မိတ်ဆက်ခြင်းနှင့် ရုပ်သေးပညာနှင့်ပတ်သက်သည့် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ အခမ်းအနားကိုမြန်မာကောင်စစ်ဝန်ချုပ်ရုံးကူမင်းမြို့နှင့် မြန်မာနိုင်ငံသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ်၊ ဦးသွင်ထက်လင်း၊ ယူနန်တိုင်းရင်းသားတက္ကသိုလ် ဒုတိယပါမောက္ခချုပ် မစ္စတာရှောင်ဝေချင့်နှင့် ပါမောက္ခ၊ ဌာနမှူး ဆရာဆရာမများ၊ မဟာဝိဇ္ဇာတန်း၊ ဝိဇ္ဇာဘွဲ့ကြိုတန်းနှင့် ဒီပလိုမာတန်းအသီးသီးမှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
▪️ မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်က မြန်မာရုပ်သေးသမိုင်းဖြစ်စဉ်၊ မြန်မာတို့၏ရိုးရာယဉ်ကျေးမှုနှင့် စာပေတို့နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၏ သဘင်ပညာဌာနများမှ နည်းပြများဖြစ်ကြသော ဦးညီညီဇော်နှင့် ဒေါ်နန်းချယ်ရီအောင်တို့မှ မြန်မာ့နှစ်ပါးသွားအက၊ မြန်မာ့ရိုးရာရုပ်သေးနှစ်ပါးသွားအကများကို လက်တွေ့ကပြခဲ့ကြကာ မြန်မာ့ရုပ်သေးပညာ အကြောင်းနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများနှင့် အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများက မြန်မာ့ရုပ်သေးကြိုးဆွဲပညာကို လက်တွေ့လေ့လာခဲ့ကြကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 12 June 2025
▪️ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် အခက်အခဲကြုံတွေ့ခဲ့ရသည့် ငလျင်သင့် ပြည်သူများအတွက် KBZ Center Mandalay တွင် အထူးချေးငွေဌာနများဖွင့်လှစ်၍ အမြန်ဆုံးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ယင်းသို့ အထူးချေငွေဌာနများ ဖွစ်လှစ်ရခြင်းသည် ငလျင်ဘေးသင့်ပြည်သူများ အိမ်ယာအမြန်ဆုံးတည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်လည်ပတ်နိုင်ရန်ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။
▪️ ချေးငွေအမျိုးအစားများအဖြစ် KBZ Bank ၏ သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူးချေးငွေဌာန (SME အလျင်အမြန်) နှင့် Corporate Loan ထုတ်ချေးမှုတို့ပါဝင်ကြောင်း သိရသည်။
▪️ အဆိုပါ KBZ Center Mandalay စင်တာအတွင်း စိတ်ကျန်းမာရေး အပါအဝင် လူနာ (၇၀၀) ခန့် နေ့စဉ် အခမဲ့ ကုသနိုင်သည့် ဆေးကုသခန်းများ၊ Call Center မှတဆင့် အကူအညီတောင်းခံနိုင်မည့် ထောက်ပံ့လှူဒါန်းရေးစင်တာ၊ အခမဲ့ စားသုံးနိုင်မည့် နေ့လယ်စာ၊ ညစာထမင်းစားဆောင်၊ သောက်ရေသန့်နှင့် သုံးရေအခမဲ့ ဖြန့်ဖြူးပေးခြင်း၊ အခမဲ့ အသုံးပြုနိုင်မည့် ရေချိုးခန်း၊ အိမ်သာနှင့် အဝတ်လျှော်စက်များ စီစဉ်ထားရှိခြင်းနှင့် အခမဲ့ အသုံးပြုနိုင်မည့် LPG Gas မီးဖိုဆောင်များ ပါဝင်သည်။
#Local_News
Published 12 June 2025
▪️ ရန်ကုန်မြို့အခြေစိုက် ရုရှားနိုင်ငံသံရုံးက ကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ဇွန် ၁၁ရက်ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
▪️ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizovi စစ်သံမှူးနှင့် တာဝန်ရှိသူတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့်ဇနီး၊ ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား ကြိုဆိုနှုတ်ဆက်ကြပါတယ်။
▪️ ထို့နောက် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။
▪️ ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်၊ သိပ္ပံပညာဆိုင်ရာအောင်မြင်မှု များ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာရေးရာဆိုင်ရာအခန်းများအား ဗီဒီယိုဖြင့် ဖွင့်လှစ်ပြသပြီး နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့ တို့က ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြပါတယ်။
▪️ ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပါတယ်။
▪️ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင်များဖြစ်ကြသည့် ဒေါက်တာ ဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်၎င်းတို့၏ဇနီး များ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။
Page 171 of 2223