မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ'လမ်းလျှောက်သင်္ကြန်ပွဲတော်'ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 11 April 2026
#ရန်ကုန်တိရစ္ဆာန်ဥယျာဉ် #လမ်းလျှောက်သင်္ကြန်
#YMG/NN #Yangon_Times
ကမ္ဘာ့ရွှေဈေး ကျဆင်းခြင်းနဲ့အတူမြန်မာ့ရွှေပြင်ပပေါက်ဈေးဟာ တစ်ရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သိန်းခွဲအထိ ပြန်လည်ကျဆင်းခဲ့တယ်လို့ ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
#Local_News
Published 11 April 2026
#ရွှေ #ကမ္ဘာ့ရွှေဈေး
#YMG/SW #Yangon_Times
ဆန်ဈေးနှုန်းများ သင့်တင့်မျှတစေဖို့ ရည်ရွယ်ပြီးဆန်စက်နဲ့ကုန်စည်ဒိုင်တွေမှာ သက်သာတဲ့ဈေးနှုန်းများနဲ့ ဆန်ရောင်းချပေးမှုအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အသိပေးလာပါတယ်။
#Local_News
Published 11 April 2026
#ဆန်စက် #ကုန်စည်ဒိုင်မျ
#YMG/NN #Yangon_Times
#Daily_News
Published 11 April 2026
၁။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ 'လမ်းလျှောက်သင်္ကြန်ပွဲတော်'ကျင်းပမည်
၂။ ရွှေဈေးတစ်ရက်အတွင်း ကျပ်တစ်သိန်းခွဲပြန်ကျ
၃။ ဆန်စက်၊ ကုန်စည်ဒိုင် နှင့်စက်မှုဇုန်များတွင်သက်သာဈေးဖြင့် ဆန်များတိုးမြှင့်ရောင်းချပေးမည်
၄။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရရဲ့ ဖိတ်ကြားချက်အရ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့အထူးကိုယ်စားလှယ်နဲ့နေပြည်တော်၌
တွေ့ဆုံ... အစရှိတဲ့ သတင်းတွေကိုတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#Local_News
Published 11 April 2026
■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၄၉ သန်းကို ယခုလ၉ရက်ကထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။
■ ၎င်းအပြင် စားသုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈.၁၆ သန်းကိုလည်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အသိပေးထားသည်။
■ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုလအတွင်းပထမအကြိမ်အဖြစ်အမေရိကန်ဒေါ်လာ ၄၉ သန်းကို ၃ရက်နေ့ကလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
■ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာတွေ ဆက်တိုက် ရောင်းချပေးေနခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်း အမေရိကန်ဒေါ်လာ ၁၆၇သန်းကို ရောင်းချပေးခဲ့ပြီးဖြစ်ရာ စက်သုံးဆီလုပ်ငန်းရှင်များအတွက် မတ်လအတွင်းပထမအကြိမ်အဖြစ် ၅ရက်နေ့က အမေရိကန်ဒေါ်လာ ၃၂ သန်းကိုလည်းကောင်း၊ဒုတိယအကြိမ်အဖြစ် ၁၁ရက်နေ့က အမေရိကန်ဒေါ်လာ သန်း ၃၀ တတိယအကြိမ်အဖြစ် ၁၉ရက်နေ့ကအမေရိကန်ဒေါ်လာ ၃၄သန်းနှင့် စတုတ္ထအကြိမ်အဖြစ် ၂၃ရက်နေ့က အမေရိကန်ဒေါ်လာ ၄၅သန်းကိုလည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၂၅ရက်နေ့က အမေရိကန်ဒေါ်လာ ၂၆သန်းကိုလည်းကောင်အသီးသီးရောင်းချပေးထားကြောင်း သိရသည်။
#YMG/SW #Yangon_Times
#Local_News
Published 11 April 2026
■ မဟာသင်္ကြန်ကာလတွင် ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ မလုပ်ကြရန်၊မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများမပြုလုပ်ကြရန်၊အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများမပြုလုပ်ကြရန်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
■ အဆိုပါ ထုတ်ပြန်ချက်၌ ယဉ်ကျေးမှုနှင့် ဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ကြရန်၊ ဘာသာတရား၏ အဆုံးအမနှင့်မလျော်ညီသည့် ရုန့်ရင်း ကြမ်းတမ်းစွာ ပြောဆိုမှုများ ရှောင်ကြဉ်ကြရန်၊ သူတစ်ပါးအား ဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေ မည့်ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောင့်ယှက်မှုများ ရှောင်ကြဉ်ကြရန်လိုအပ်ကြောင်း သိရသည်။
■ ထို့ပြင် သူတစ်ပါးသို့မဟုတ်အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာပျက်ပြား ထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီဆိုခြင်း၊ လှုပ်ရှားဆောင်ရွက် ခြင်း စသည့်အပြုအမူများ ရှောင်ကြဉ်ကြရန်၊ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောင့်အယှက် ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စား ဆင်ယင်မှုမျိုးဝတ်ဆင်ခြင်းမှ ဆင်ခြင်ရှောင်ကြဉ်ကြရန်နှင့် အခြားနိုင်ငံသားများက မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာ များ၊ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်းလိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ရှောင်ကြဉ်ကြရန် ဝန်ကြီးဌာနက အသိပေးထားသည်။
#YMG/NN #Yangon_Times
#Local_News
Published 11 April 2026
■ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်းသိရသည်။
■ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များကိုထမ်းဆောင်၍ ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပါဝင်တက်ရောက် ဂုဏ်ပြုကြိုဆိုကြသည်။
■ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနားစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့်လည်းကောင်း ဝမ်းမြောက်စွာသောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားကာ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times
Page 173 of 2528