#Local_News
Published_ 23 February 2023
နစက ဆန့်ကျင်သူများက လူ ၅ ဦးကို သေနတ်ဖြင့် ပစ်ခတ်သွားမှု ဖေဖော်ဝါရီလ ၂၂ ရက် ညပိုင်းတွင် လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့ကြောင်း လှည်းကူးမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သိရသည်။
"မနေ့ညက ဖြစ်ခဲ့တာ၊ ဟုတ်တယ်။ အွန်လိုင်းရှော့ပင်းလုပ်တဲ့ မိသားစုက အပစ်ခံရတာ။ ဆိုင်ကယ်နှစ်စီးနဲ့ လူလေးယောက်က ပစ်သွားတာပါ၊ အခုတော့ သက်ဆိုင်ရာက ပစ်ခတ်သူတွေကို ဖမ်းမိဖို့လုပ်နေကြတယ်"ဟု အဆိုပါ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။
ပစ်ခတ်ခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်မှဖြစ်ပြီး သုံးနှစ်သား ကလေးငယ်တစ်ဦး၊ ၈၅ နှစ်ရွယ် အမျိုးသားတစ်ဦးတို့ အပါအဝင် မိသားစု ၅ ဦး ဖြစ်ကြောင်း သိရသည်။
#ymg/mt #Local_News #လှည်းကူးမြို့#သေနတ်ဖြင့်ပစ်ခတ် #လူ၅ဦး
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
ဆန်ဈေးကြီးမြှင့်တက်မှု အခြေအနေကြောင့် အခြေခံအလုပ်သမား၊ဝန်ထမ်းမိသားစုများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန် ဧည့်မထဆန် (10Kg) (၅)ပြည်ခန့်တစ်အိတ်ကို ကျပ်တစ်သောင်းဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့် ဝင်ငွေနည်းပါးသော အခြေခံဝန်ထမ်း မိသားစုများအတွက် သက်သာသောဈေးနှုန်းဖြင့် ဆန်ရောင်းချပေးမည့် အစီအစဉ်ဖြစ်ပြီး 10Kg ရှိ ဆန်အိတ်ရေ စုစုပေါင်း (၂၁၆၆၀၀)ခန့်ကို ရောင်းချပေးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်၊၊
ငွေပေးသွင်းဝယ်ယူနိုင်ရန်လည်းကောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာစက်ရုံများသို့ မှာယူသည့် အရေအတွက်အပေါ်မူတည်၍ အရောက်ပို့ပေးခြင်း၊ သို့မဟုတ်သတ်မှတ်နေရာ၌လာရောက်ထုတ်ယူခြင်းများစီစဉ်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ဖုန်း 09400067270 ၊viber 09400067260 သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
#ymg/tthl #Local_News #Rice #အလုပ်သမား
#YMG #Yangon_Media_Group
#Local_News
Published_ 23 February 2023
တက္ကသိုလ်ဝင်စာမေးပွဲအတွက် ညပိုင်းစာကြည့်ချိန် ညနေ(၅)နာရီမှ(၁၀)နာရီအတွင်း အများပြည်သူအုပ်စုအတွင်းမှ ဓာတ်အားသုံးစွဲနေသည့်လုပ်ငန်းရှင်များအနေဖြင့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းများဆောင်ရွက်ခြင်းမပြုရန် အသိပေးပန်ကြားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လိုက်သည်၊၊
အဆိုပါ အသိပေးပန်ကြားချက်သည် အများပြည်သူအုပ်စုအတွင်း ဓာတ်အားသုံးစွဲနေသော စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသို့ အသိပေးပန်ကြား ခြင်းဖြစ်သည်ဟုဆိုသည်၊၊
ထုတ်ပြန်ချက်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ(၈)ရက်မှ (၁၈)ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မတ်လ(၁) ရက်မှ ၂၀ ရက်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်နိုင်ရေးအတွက် ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရေးကိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အများပြည်သူအုပ်စုအတိုင်း ဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအား မတ်လ(၁)ရက်မှ(၂၀)ရက်အထိ ညနေ(၅)နာရီမှ (၁၀)နာရီအထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့် လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးပန်ကြားလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်၊၊
ကန့်သတ်ချိန်အတွင်းဌာနမှ ဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာထားကြောင်းသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published-22 February 2023
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို လာရောက်တဲ့ ရဟန်းသံဃာ၊ သီလရှင်၊ ကလေး၊ ကျောင်းသား၊ ကျောင်းသူတွေကို အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ပြုထားတယ်လို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) က သိရပါတယ်။
#Local_News #ပုဂံရှေးဟောင်းသုတေသနပြတိုက်
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၈) ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားတွေ ထုတ်ယူနိုင်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်၊၊
#Education #Exam #YMG
#Yangon_Media_Group
#Local_News
Published_ 22 February 2023
ရခိုင်ရိုးရာသင်္ကြန်ဟာ အရှေ့တောင်အာရှမှာ အစောဆုံးကျင်းပခဲ့တဲ့သင်္ကြန်ဖြစ်ပြီး မြတ်စွာဘုရားပွင့်တော်မူချိန်လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ကာလကတည်းက စတင်ကျင်းပလာတဲ့ သင်္ကြန်ပွဲတော်ဖြစ်တယ်လို့ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)မှ သိရပါတယ်၊၊
#ရခိုင်ရိုးရာသင်္ကြန် #သက်တမ်း၂၀၀၀#Local_News
#YMG #Yangon_Media_Group
#Local_News
Published_ 22 February 2023
၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ အစပိုင်းကစပြီး ဈေးဆက်တိုက်မြင့်တက်လာတဲ့ ပြည်တွင်းဆန်ဈေးဟာ လက်ရှိအချိန်အထိ ဈေးမြင့်တက်နေတယ်လို့ ပြည်တွင်းဆန်ဈေးကွက်ထဲက စုံစမ်းသိရှိရပါတယ်။
#Rice #Business# ပြည်တွင်းဆန်ဈေးကွက်
#YMG #Yangon_Media_Group
Page 1557 of 2351