Published 18 May 2023
အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီများကို ဒေသတွင်းနိုင်ငံများထဲတွင် ပထမဦးဆုံးအဖြစ်ပေးအပ်ခဲ့ပြီး ဆက်လက်ကူညီဦးမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေးရှန်ကာက ယနေ့ မေလ ၁၈ ရက်နေ့မှာ တွစ်တာတွင် ရေးသားခဲ့ပါတယ်။
“ ဆိုင်ကလုံး မိုခါ ရဲ့ အကျိုးဆက်ခံစားနေကြရတဲ့ မြန်မာပြည်သူတွေအတွက် အိန္ဒိယနိုင်ငံဟာ မိတ်ဆွေအနေနှင့် ကရုဏာစစ်ဆင်ရေး Operation Karuna အဖြစ် ကူညီမှုတွေ ပြုလုပ်ဆောင်ရွက်နေပါပြီ။ ပြန်လည်ထူထောင်ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ အိန္ဒိယရေတပ်စစ်သင်္ဘော (၃)စီးဟာ ဒီကနေ့ ရန်ကုန်ကိုရောက်ရှိလာပါပြီ။ စတုတ္ထမြောက်သင်္ဘောဟာ မနက်ဖန်ဆိုက်ကပ်ပါလိမ့်မယ်။ သင်္ဘောတွေဟာ အရေးပေါ် အစားအသောက်တွေ၊တဲတွေ၊မရှိမဖြစ်ဆေးဝါးတွေ၊ရေပန့်တွေ၊ အပေါ့သုံးမီးစက်တွေ၊အဝတ်အထည်တွေ၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေစသဖြင့် သယ်ဆောင်လာပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးက တွစ်တာမှာရေးခဲ့ပြီး ပုံတွေပါတင်ခဲ့ပါတယ်။
Source: twitter
#YangonMediaGroup
#မိုခါဆိုင်ကလုန်း
#မြန်မာ_မိုခါမုန်တိုင်း



#Local_News
Published_ 18 May 2023
ရခိုင်ပြည်နယ် သဘာဝဘေး အကူအညီပေးနိုင်ရေးအတွက် ၊ YESC မှ လျှပ်စစ်ဝန်ထမ်း ၁၀၄ ဦး ပါဝင်တဲ့ အဖွဲ ရန်ကုန်မြိုမှ တပ်မတော် ရေယာဉ် ကမ်းထိုးစစ်သင်္ဘော မုတ္တမ နဲ့အတူ လိုက်ပါသွားခဲ့တယ်လို YESC က ထုတ်ပြန်ပါတယ်။
#Local_News #EPC #မုန်တိုင်း #ရခိုင်မှာမီးစက်ဖြင့်လျှပ်စစ်မီးပေး
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
တိုင်းရင်းသားရိုးရာဂီတ ဖန်တီးမှုတွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်အောင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ ဖိတ်ခေါ်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်၊၊
#Local_News #တိုင်းရင်းသားဂီတဖန်တီးမှုမျာ #နိုင်ငံတကာအထိထိုးဖောက်
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
မေလ(၁၉)ရက်မှစပြီးအခုရက်ပိုင်းအတွင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်မှုကြောင့်စစ်ကိုင်း၊မကွေး၊ပဲခူး၊ ချင်းတိုတွင်မိုးသက်လေပြင်းတိုက်ခတ်နိုင်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #မိုးတိမ်တောင်များ #စစ်ကိုင်း၊မကွေး၊ပဲခူး၊ချင်းဒေသ #မိုးသက်လေပြင်း
#YMG #Yangon_Media_Group
#Local_News
Published_ 18 May 2023
မုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုရန်ကုန်မြို့ရှိ လူမှုကူညီရေးအဖွဲတွေထံ ပေးပို့လှူဒါန်းထားနိုင်တယ်လို့ ရန်ကုန်မြိုရှိ လူမှုကူညီရေးအဖွဲ့တွေထံမှ သိရပါတယ်၊၊
#Local_News #ရခိုင်ဒေသ #မုန်တိုင်းဘေးသင့်ပြည်သူများ #လိုအပ်သောပစ္စည်းများ #ရန်ကုန်မြို့ #လူမှုကူညီရေးအဖွဲ့
#YMG #Yangon_Media_Group
#Daily_News
Published_ 18 May 2023
၁။ ရခိုင်ဒေသရှိ မုန်တိုင်းဘေးသင့် ပြည်သူများအတွက် လိုအပ်သောပစ္စည်းများကို ရန်ကုန်မြို့ရှိလူမှုကူညီရေးအဖွဲ့ အချို့ထံပေးပို့ လှူဒါန်းထားနိုင်
၂။ မိုးတိမ်တောင်များကြောင့် စစ်ကိုင်း၊မကွေး၊ပဲခူး၊ချင်းဒေသတို့တွင် မိုးသက်လေပြင်း တိုက်ခတ်နိုင်
၃။ တိုင်းရင်းသား ဂီတဖန်တီးမှုများ နိုင်ငံတကာအထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေဟုဆို
၄။ ကီဘာယာဝတ်စုံကို ဒေသတွင်းယဉ်ကျေးမှုအဖြစ် အသိအမှတ်ပြုရန် အရှေ့တောင်အာရှနိုင်ငံအချို့ ကြိုးပမ်းလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 18 May 2023
သီပေါမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၉၄) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (ကွမ်းလုံမြို့၏ အနောက်တောင်ဘက် (၉) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၅၉)ဒီဂရီ၊ အနက် (၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းမိုးဇလကထုတ်ပြန်ထားပါတယ်။
#Local_News #ကွမ်းလုံမြို့ #ငလျင်လှုပ်ခတ်
#YMG #Yangon_Media_Group
Page 1524 of 2475