#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘ၀"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံး တစ်ကိုယ်တော်သီချင်းခွေထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_2 October 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ၅ လကျော်ကာလအတွင်းမှာ ပြည်ပကိုပဲတန်ချိန် ၀ ဒသမ ၈သန်းနီးပါးတင်ပိုခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၁၄ ဒသမ ၃ သန်း ရရှိခဲ့တယ်လို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
#Yangon_Media_Group
#TV Yangon Times Matters အစီအစဉ်
Published - 2 Oct 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က မုံရွာသောင်းမြင့်သိန်းနှင့်အတူ
-"အဖေရဲ့ ကဗျာအမွေကိုရခဲ့ပြီး ကဗျာရေးဖို့ အဖေကိုယ်တိုင်ကအားပေးခဲ့လို့ ၅ တန်းကတည်းက ကဗျာစရေးခဲ့တဲ့အကြောင်း
"စာပေဂီတငါ့ဘဝ"လို့ခံယူထားပြီး အသက် ၆၅ နှစ်အရွယ်မှာ ပထမဆုံးတစ်ကိုယ်တော်သီချင်းခွေ ထွက်ရှိခဲ့ကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published_ 2 October 2022
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
စက်တင်ဘာ ၃၀ ရက် ညပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဗိုလ်တထောင်မြို့နယ်၊ (၃) ရပ်ကွက်၊ ကမ်းနားလမ်းတွင် ပြည့်စုံအောင်(ခ)စိန်ကြီး မောင်းနှင်ပြီး မျိုးဦးနိုင်(ခ)မျိုးကြီး လိုက်ပါလာသည့် TOYOTA Corolla အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ပါတယ်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ခရီးဆောင်အိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၃၀၀၀)နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ထို့နောက် စစ်ဆေးရာတွင် ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပြည့်စုံအောင်(ခ)စိန်ကြီး(၃၂)နှစ်နှင့် မျိုးဦးနိုင်(ခ)မျိုးကြီး(၃၂)နှစ်တို့အား ဗိုလ်တထောင်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published 2 Oct 2022
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization- IMO) ရုံးချုပ်အဆောက်အဦ၌ “New Technologies for Greener Shipping” ခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၂၉ ရက် လန်ဒန်ဒေသစံတော်ချိန် (၁၇၀၀) နာရီတွင် ကျင်းပသည့် “World Maritime Day 2022” အခမ်းအနားသို့ မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ် ဦးထွန်းအောင်ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း နိုင်ခြားရေးဝန်ကြီးဌာနကသိရသည်။
အဆိုပါအခမ်းအနားသို့ IMO အတွင်းရေးမှူးချုပ်၊ ဗြိတိန်နိုင်ငံဆိုင်ရာ နိုင်ငံခြား သံအမတ်ကြီးများနှင့် IMO ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းလည်း ယင်းတွင်ဖော်ပြထားသည်။
IMO ကို ၁၉၄၈ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၁၉၅၁ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ကာ လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံပေါင်း (၁၇၅) နိုင်ငံဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 2 October 2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင်ရှိသော မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၈ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံရဲ့ ခန့်မှန်းလူဦးရေမှာ ၅၅ ဒသမ ၃ သန်းရှိခဲ့ရာမှ ယခုနှစ်မှာ ၅ သိန်းခန့်တိုးလာခြင်း ဖြစ်ပါတယ်။
အဆိုပါခန့်မှန်းလူဦးရေမှာ ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူထားတဲ့ လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်ပြီး နှစ်စဉ်ထုတ်ပြန်တာဖြစ်ပါတယ်။အဆိုပါထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ၈ ဒသမ ၉ သန်းဖြင့် လူဦးရေအများဆုံးဖြစ်ပြီး ကယားပြည်နယ်မှာ လူဦးရေ ဝ ဒသမ ၃ သန်းဖြင့် လူဦးရေအနည်းဆုံး ပြည်နယ်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် လူဦးရေ ၆ ဒသမ ၇ သန်းဖြင့် ဒုတိယအများဆုံး ရှိနေပါတယ်၊ ဧရာဝတီတိုင်းဒေသကြီး၌ ၆ ဒသမ ၃ သန်း ရှိနေပါတယ်။
ygm_mnn
#Yangon_Media_Group
#LocalNews
Published_2 October2022
မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် သံရွာအနီးရှိ တောင်တော်ကွင်း ဧက ၂၀၀ အနက် ဧက ၈၀ ပေါ်တွင် Green Power Energy Co.,Ltd က အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၄၃ သန်းခန့် ရင်းနှီးမြှုပ်နှံ၍ ၂၀၂၂ ခုနှစ် ဧပြီလမှစတင်ပြီး ဆောင်ရွက်ခဲ့သည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း ၈၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Green Power Energy Co.,Ltd အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ၃၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သာစည်မြို့နယ် သပြေဝ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်းနှင့် ယခု ၂၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းတို့အပြင် နောက်ထပ် တိုးချဲ့ဆောင်ရွက်ရန်လည်း ရှိနေကြောင်း လျှစ်စစ်စွမ်းအားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု နည်းလမ်းများကိုသိရှိပြီး အသုံးပြုနိုင်ရန် အဆိုပါနေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို သွားရောက်လေ့လာမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ပြည်တွင်းဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေအားလျှပ်စစ်စီမံကိန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကိုဆောင်ရွက်နေသည့်အပြင် နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများနှင့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သေးသည်။
ymg/mt
#Yangon_Media_Group
Page 1521 of 2024