#WorldHealth

Published -  21 December 2021

အိုမီခရွန်မျိုးဗီဇကွဲကို နိုင်ငံပေါင်း ၈၉ နိုင်ငံမှာ တွေ့ရှိထားပြီး ၃ ရက်အတွင်း ကူးစက်မှုပေါင်း ၂ ဆလောက်များပြားလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က စနေနေ့က ပြောကြားလိုက်ပါတယ်။အိုမီခရွန်က ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်တဲ့နိုင်ငံတွေမှာ လျင်မြန်စွာပျံ့နှံ့နေတာဖြစ်ပါတယ်။

ဒါဟာ ဗိုင်းရပ်စ်က ကိုယ်ခံအားကာကွယ်မှုကို ရှောင်ရှားနိုင်တာကြောင့်လား၊ မူလကူးစက်နှုန်းကပဲ မြန်နေတာကြောင့်လား၊ ဒါမှမဟုတ် ၂ မျိုးစလုံးကြောင့်လားဆိုတာကို သေသေချာချာ မသိရသေးဘူးလို့ WHO က ထပ်မံတင်ပြထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကို စတင်တွေ့ရှိပြီးနောက် နိုဝင်ဘာ ၂၆ ရက်နေ့မှာ စိုးရိမ်ရဖွယ်ရှိတဲ့မျိုးဗီဇကွဲဖြစ်ကြောင်း WHO က ကြေညာလိုက်ပါတယ်။
ဒါပေမဲ့ ရောဂါအခြေအနေ ဆိုးရွားနိုင်မှုနဲ့ အဆိုပါမျိုးဗီဇကွဲအကြောင်း ဂဃနဏ မသိရှိကြသေးပါဘူး။

"အိုမီခရွန်ရဲ့ ရောဂါဆိုးရွားမှုကို အများကြီးမသိရသေးပါဘူး။ ရောဂါဆိုးရွားမှု အတိုင်းအတာကိုသိရဖို့၊ နဂိုကိုယ်ခံအားနဲ့ ကာကွယ်ဆေးထိုးခြင်းကလည်း ရောဂါဆိုးရွားမှုကို ဘယ်လောက်ကာကွယ်ပေးနိုင်မှာလဲ ဆိုတာကိုသိဖို့ အချက်အလက်တွေ ဒီထက်လိုအပ်ပါတယ်" လို့ WHO က ဆိုပါတယ်။

"ကာကွယ်ဆေးအာနိသင်က အိုမီခရွန်ကို ဘယ်လောက်အထိကာကွယ်နိုင်မလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေ အချင်းချင်း မတိုင်ပင်ရသေးပါဘူး။ ရရှိထားတဲ့ အချက်အလက်တွေကလည်း မလုံလောက်သေးပါဘူး"
ရောဂါကူးစက်မှုတွေ များလာတာကြောင့် ဆေးရုံတွေမှာ လူနာတွေပြည့်လျှံလာနိုင်တယ်လို့ WHO က သတိပေးလိုက်ပါတယ်။

"ယူကေနဲ့ တောင်အာဖရိကမှာ ကူးစက်မှုတွေများလာပြီး ဆေးရုံတက်ကုသမှုနှုန်းတွေ မြင့်တက်လာပါပြီ။ ကျန်းမာရေးစောင့်ရှောက်မှုနေရာတွေမှာ လူတွေပြည့်လျှံလာနိုင်ပါတယ်"လို့ သတိပေးလိုက်ပါတယ်။
Source: The Jerusalem Post.