Published 20 December 2021

ဂျပန်လူမျိုးဘီလီယံကြွယ်သူဋ္ဌေးတစ်ဦးဖြစ်တဲ့ ယူဆာကာမေဇာဝါဟာ အာကာသခရီးသွားတစ်ဦးအဖြစ် နိုင်ငံတကာအာကာသစခန်းမှာ ၁၂ရက်ကြာနေထိုင်ပြီးနောက် ကမ္ဘာမြေပြင်ကို ဒီဇင်ဘာ ၂၀ရက် တနင်္လာနေ့မှာ ပြန်လည် ရောက်ရှိလာပါတယ်။

အွန်လိုင်းဖက်ရှင်သူဋ္ဌေးကြီးဖြစ်တဲ့ ယူဆာကာမေဇာဝါနှင့် သူ့လက်ထောက် ယိုဇိုဟီရာနိုတို့ဟာ ကာဇက်စတန်မြက်ခင်းပြင် ကို တနင်္လာနေ့ ဂရင်းနစ်စံတော်ချိန် သုံးနာရီ ၁၃မိနစ်မှာ ရုရှားအာကာသယာဉ်မှူး အဲလက်ဇင်းဒါး မီဆာကင်နှင့်အတူ ပြန်လည် သက်ဆင်းခဲ့ပါတယ်။

 

Source AFP