#WorldHealth

Published-  19 December 2021

အိန္ဒိယနိုင်ငံမှ ဆီရမ်အင်စတီကျုနဲ့ နိုဗာဗက်စ်ရဲ့ ကိုဗစ်ကာကွယ်ဆေးကို WHO က အသိအမှတ်ပြုကာကွယ်ဆေးစာရင်းထဲ ဒီဇင်ဘာ ၁၇ ရက်နေ့က ထည့်သွင်းသတ်မှတ်လိုက်ပြီး ထိုကုမ္ပဏီအနေနဲ့ သူတို့ရဲ့ကာကွယ်ဆေးတွေကို တစ်ကမ္ဘာလုံး ကိုဗစ်ကာကွယ်ဆေးရရှိရေး ထောက်ပံ့ပေးမယ့်အဖွဲ့အစည်း (COVAX) ထံ တင်ပို့နိုင်တော့မှာဖြစ်ပါတယ်။

ကိုဗိုဗက်စ်ကာကွယ်ဆေးဟာလည်း ထုတ်လုပ်ရာမှာ နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ပေမယ့် နိုဗာဗက်စ်လိုပဲ အသိအမှတ်ပြုစာရင်းထဲ သတ်မှတ်ခံရပြီဖြစ်ပါတယ်။နိုဗာဗက်စ်ရဲ့ရှယ်ယာတွေကတော့ ၆.၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။
နိုဗာဗက်စ်က ကိုယ်ပိုင်ထုတ်လုပ်တဲ့ နျူဗာဆိုဗစ်ကာကွယ်ဆေးဟာလည်း ဥရောပဆေးဝါးအေဂျင်စီမှ သုံးသပ်လေ့လာလျက်ရှိပြီး အသိအမှတ်ပြုခံရပါက WHO ကလည်း အသိအမှတ်ပြုပြီးဖြစ်ကြောင်း ဆိုပါတယ်။

"အခုလို အသိအမှတ်ပြု ကိုဗစ်ကာကွယ်ဆေး သတ်မှတ်ခြင်းက ဆင်းရဲတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးတွေရရှိဖို့ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်းက လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရှိသေးတဲ့နိုင်ငံပေါင်း ၄၁ နိုင်ငံရှိပြီး ကာကွယ်ဆေးထိုးနှံမှု ၄၀ ရာခိုင်နှုန်းမပြည့်သေးတဲ့နိုင်ငံပေါင်း ၉၈ နိုင်ငံရှိနေပါတယ်" လို့ WHO ဆေးဝါးပိုင်းဆိုင်ရာ လက်ထောက်ဒါရိုက်တာ ဒေါက်တာမယ်ရီအိန်ဂျလာဆီမောက ဆိုပါတယ်။

နိုဗာဗက်စ်နဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးမှာ အင်အားအကြီးမားဆုံးကုမ္ပဏီဖြစ်တဲ့ ဆီရမ်အင်စတီကျုတို့ဟာ COVAX အဖွဲအစည်းထံ ကာကွယ်ဆေးပေါင်း ၁.၁ ဘီလီယံပေးပို့ဖို့ ကတိပြုထားပါတယ်။

ပရိုတိန်းအခြေခံပြီး ထုတ်လုပ်ထားတဲ့ နိုဗာဗက်စ် ကိုဗစ်ကာကွယ်ဆေးဟာ ကိုရိုနာမျိုးဗီဇကွဲအမျိုးမျိုးကို ၉၀ ရာခိုင်နှုန်းကျော်အထိ ကာကွယ်နိုင်ကြောင်း ဇွန်လက အမေရိကန်က စမ်းသပ်ပြုလုပ်ချက်တွေမှာ တွေ့ရှိရပါတယ်။

"ဒီကာကွယ်ဆေးက ကိုဗစ်မျိုးဗီဇကွဲအမျိုးမျိုးကို ကာကွယ်ရာမှာအသုံးပြုနိုင်ပြီး ကူးစက်မှုမြင့်မားနိုင်တဲ့နိုင်ငံတွေကို ကာကွယ်ဆေးတွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်" လို့ ကိုဗစ်ကာကွယ်ဆေးပူးပေါင်းအဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဆက်သ်ဘာ့ကလေက ပြောသွားပါတယ်။
Source: CNA