Published 19 December 2021

အိန္ဒိယမြို့တစ်မြို့က မျောက်အုပ်တစ်အုပ်ဟာ ပြီးခဲ့တဲ့လက ခွေးအကောင်၂၅၀ခန့်ကို လွှင့်ပစ်ပြီးသတ်ပစ်ခဲ့ကြတယ်လို့ နယူး-၁၈ News 18 သတင်းဌာနရဲ့ သတင်းအရသိရပါတယ်။

မျောက်ပေါက်စကလေးတစ်ကောင်ကို ခွေးတစ်အုပ်က သတ်ပစ်ခဲ့ပြီးနောက် မျောက်တွေက  ပြီးခဲ့တဲ့လမှာ စတင် လက်စား ချေကြတာဖြစ်တယ်လို့  မွမ်ဘိုင်းကနေ မိုင်၃၀၀လောက်ဝေးတဲ့နေရာက လူဦးရေငါးထောင်လောက်သာရှိတဲ့ လာဗူးလ်မြို့  ဒေသခံတွေက  နယူး-၁၈ သတင်းဌာနကိုပြောပါတယ်။

အဲဒီကစပြီး မျောက်တွေဟာ ခွေးတွေကိုတွေ့တာနှင့်ဆတ်ခနဲဆွဲယူပြီး သစ်ပင်ထိပ်ဖျား ဒါမှမဟုတ် အထပ်မြင့်အဆောက်အအုံ အပေါ် တရွတ်တိုက်ဆွဲတင်သွားကြတယ်လို့ ဒေသခံတွေက မီဒီယာကိုပြောပါတယ်။

အဲဒီနောက်သူတို့ဟာအမြင့်ကနေ ခွေးတွေကို ပစ်ချကြပြီး စောက်ထိုးကျသေအောင်လုပ်ပစ်ကြတယ်လို့လည်း သူတို့က ပြောပါတယ်။အခုဆို မြို့ထဲက ခွေးတွေအကုန်နီးပါးသေဆုံးသွားခဲ့ကြပါတယ်လို့လည်း ပြောပါတယ်။

ဒေသ သစ်တောဌာနအရာရှိတွေက အငြိုးကြီးနေတဲ့ မျောက်တွေကို ဖမ်းစီးကြဖို့ ပြောထာ;ပေမယ့် မျောက်တစ်ကောင်မှ ဖမ်းမမိနိုင်သေးဘဲဖြစ်နေပါတယ်။

အဲဒါကြောင့် ရွာသားတွေက မျောက်တွေကိုကြိုးစာဖမ်းဆီးကြတဲ့အခါ ရွာသားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ နယူး-၁၈ သတင်းဌာနကပြောပါတယ်။

အခုဆို မျောက်တွေက ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်လာကြတာကြောင့် လာဗူးလ်မြို့မှာ  ရူတ်ရုတ်သည်းသည်း ဖြစ်နေကြရတယ်လို့ သတင်းဌာနကရေးသားပါတယ်။

ဂစ်မိုဒိုသတင်းဝက်ဆိုက်ရဲ့အဆိုအရ ပရိုင်းမိတ်လို့ခေါ်တဲ့အဆင့်မြင့်နို့တိုက်သတ္တဝါတွေဟာ လက်စားချေတတ်တဲ့ အကျင့်တွေ ရှိကြတယ် လို့သိရပါတယ်။

“ လှောင်အိမ်ထဲက ပရိုင်းမိတ်တွေကို လေ့လာကြည့်တဲ့အခါ တစ်ကောင်ကောင်ဟာ နည်းတစ်မျိုးမျိုးနှင့် အတိုက်ခိုက်ခံကြရ တဲ့အခါ သူတို့ဟာ အဲဒီတိုက်ခိုက်တာထက် ပိုမြင့်မားတဲ့လုပ်ဆောင်မှုတွေနှင့် ပြန်လည် တိုက်ခိုက်ကြတာတွေ လုပ်နိုင်ဖွယ်ရှိ  တာကို တွေ့ကြရတယ်”လို့  ပရိုင်းမိတ်တွေရဲ့ အပြုအမူဂေဟဗေဒကို အထူးဂရုပြုလေ့လာသုတေသနပြုတဲ့ SUNY Buffalo က လက်ထောက်ပါမောက္ခ စတက်ဖနီပွိုင်ဒက်တာက ပြောပါတယ်။

သူတို့ဟာပုံမှန်အားဖြင့် သူတို့ကိုတိုက်ခိုက်ခဲ့တဲ့အကောင်နှင့်ဆက်နွယ်တဲ့ အခြားတစ်ကောင်ကောင်ကို ပြန်တိုက်ခိုက်တာမျိုး ပိုလုပ်လေ့ရှိတယ်လို့လည်း ပွိုင်ဒက်တာက ဂစ်မိုဒိုဝက်ဘ်ဆိုက်ကိုပြောပါတယ်။

Source Business Insider