#WorldHealth

Published  - 15 December 2021

တရုတ်နိုင်ငံက Brii Biosciences ဆေးကုမ္ပဏီကထုတ်တဲ့ antibody ရောစပ်ထားတဲ့ ကိုဗစ်ကုသဆေးဟာ အိုမီခရွန်မျိုးဗီဇကွဲကိုပါ ကုသသွားနိုင်မှာဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက်နေ့က ဆိုပါတယ်။အဲဒီ antibody တွေထဲက တစ်မျိုးတည်းကို သီးသန့်စမ်းသပ်ရာမှာတော့ ရောဂါကုသနိုင်စွမ်း အတော်လေးနည်းပါးတာကို တွေ့ရှိခဲ့ပါတယ်။

ထိုကုသနည်းကို တရုတ်နိုင်ငံမှာ ကိုဗစ်အတွက် ပထမဆုံး antibody ရောစပ်ကုသနည်းအဖြစ် ပြီးခဲ့တဲ့အပတ်က အသိအမှတ်ပြုလိုက်ပြီး စမ်းသပ်နည်းအတိအကျကိုတော့ ဆေးသိပ္ပံပညာဂျာနယ်မှာ ဖော်ပြသွားမှာဖြစ်ပါတယ်။

ဓာတ်ခွဲခန်း ၃ ခုမှရရှိလာတဲ့ စစ်ဆေးချက်ရလာဒ်တွေက အတူတူနီးပါးထွက်ရှိခဲ့ကြောင်း Brii Biosciences မှ အမှုဆောင်အရာရှိချုပ်ဟောင်ကျီက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။အခုအချိန်မှာ ဒီကုသဆေးကို မှာယူထားသူမရှိသေးဘူးဆိုပေမယ့် ကုမ္ပဏီအနေနဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဆေးပမာဏ ၁ သန်းစီ ထုတ်လုပ်သွားနိုင်မှာဖြစ်ပြီး လက်ရှိမှာလည်း ဆေးပမာဏ ၈ သောင်းခန့် အသင့်ရှိနေကြောင်း ဟောင်ကျီကဆိုပါတယ်။

antibody ရောစပ်ကုသဆေးကို အများအပြားမှာယူကြဖို့ ကုမ္ပဏီကမျှော်လင့်နေပါတယ်။
"ကျွန်တော်တို့လို အသေးစားကုမ္ပဏီအနေနဲ့ ကပ်ရောဂါပြဿနာကို ဖြေရှင်းရင်း ငွေကြေးစီးဆင်းမှုကိုလည်း ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းအရေးကြီးပါတယ်"လို့ ဆိုပါတယ်။

Brii Biosciences ကုမ္ပဏီက ဒီကုသဆေးကို WuXi Biologics နဲ့ ပူးပေါင်းထုတ်လုပ်သွားမှာဖြစ်ပြီး ကုမ္ပဏီတွင်းမှာပဲ ကုသဆေးထုတ်လုပ်နိုင်စွမ်းအင်အားကိုတော့ ထုတ်ဖော်ထားခြင်းမရှိသေးပါဘူး။

Source: The Strait Times